11 July 2010

၂၀၁၀ ကမ္ဘာ့ဖလား အကောင်းဆုံး ဘောလုံးသမား(ရွှေဘောလုံး)ဆုအတွက် ဖီဖာနည်းစနစ်ကော်မတီမှ ပဏာမကစားသမား (၁၀)စာရင်းထုတ်ပြန်

၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲ၏ အကောင်းဆုံး ဘောလုံးသမား(ရွှေဘောလုံး) ဆုအတွက် ဖီဖာနည်းစနစ်ကော်မတီမှ ပဏာမကစားသမား (၁၀)ဦး စာရင်းကို ပြီးခဲ့သည့် သောကြာနေ့က ထုတ်ပြန်လိုက်သည်။ဖီဖာက ထုတ်ပြန်ခဲ့သော (၁၀) ဦးတွင် ဗိုလ်လုပွဲသို့ တက်ရောက်ခဲ့ကြသော စပိန်အသင်းမှ (၃)ဦး၊ ဟော်လန်အသင်းမှ (၂)ဦး၊ ဆီမီးဖိုင်နယ်သို့ တက်ရောက်ခဲ့ကြသော ဂျာမနီအသင်းမှ (၂)ဦး၊ ဥရုဂွေးအသင်းမှ (၁)ဦး၊ ကွာတားဖိုင်နယ်သို့ တက်ရောက်ခဲ့ကြသော ဂါနာအသင်းမှ (၁)ဦး၊ အာဂျင်တီးနားအသင်းမှ (၁)ဦးစီ ပါဝင်ခဲ့ကြသည်။

ဖီဖာနည်းစနစ်ကော်မတီသည် ယင်းပဏာမ (၁၀) ဦးစာရင်းကို ထုတ်ပြန်ခဲ့ပြီးနောက် ၂၀၁၀ ကမ္ဘာ့ဖလား ပြိုင်ပွဲသို့ လာရောက်သတင်းယူနေကြသော ဖီဖာအသိအမှတ်ပြု (Media Accreditation ရရှိထားသည့်) မီဒီယာသမားများထံမှ ဆန္ဒမဲကိုကောက်ခံပြီး ယင်းမဲပေးမှုဖြင့် အကောင်းဆုံး ဘောလုံးသမားအား ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။ မီဒီယာသမားများအနေဖြင့် ဖီဖာ၏ Media Channel တွင် ၀င်ရောက်မဲပေးရမည်ဖြစ်ပြီး ပထမနေရာ (1 Plast) အတွက် (၅)မှတ်၊ ဒုတိယနေရာ (2 Place) အတွက် (၃)မှတ်၊ တတိယ နေရာ (3 Place) အတွက် (၁)မှတ် စနစ်ဖြင့် ရမှတ်များ ပေးသွားမည်ဖြစ်ကာ အမှတ်အများဆုံးရရှိသည့် ဘောလုံးသမားကို ရွှေဘောလုံးဆု၊ ဒုတိယအမှတ် အများဆုံးရရှိသည့် ဘောလုံးသမားကို ငွေဘောလုံးဆု၊ တတိယ အမှတ်အများဆုံးရရှိသည့် ဘောလုံးသမားကို ကြေးဘောလုံး ချီးမြှင့်ပေးအပ်မည်ဖြစ်သည်။ ယင်းကဲ့သို့ မဲပေးခြင်းအား FIFA Media Channel တွင်းရှိ သတ်မှတ်ထားသော နေရာတွင် ပြုလုပ်မည်ဖြစ်ပြီး လာမည့် တန င်္ဂနွေနေ့တွင် ကျင်းပမည့် ဟော်လန်- စပိန် ကမ္ဘာ့ဖလားဗိုလ်လုပွဲ ပွဲပြီးချိန် (Final Whistle မတိုင်မီ) မဲပေးရမည် ဟု worldcup.news-eleven တွင်ဖော်ပြပါရှိပါသည်.။


...............................................................................................................................................................

ကမ္ဘာ့ဖလားဘောလုံးပွဲ ကြည့်ချင်သည့် အဘိုးအို မိသားစုနှင့် ရန်ဖြစ်ရာမှ ရိုက်နှက်ခံရပြီးသေဆုံး

အသက် (၆၁)နှစ် အရွယ်ရှိသူ တောင်အာဖရိက နိုင်ငံသား အဘိုးအိုတစ်ဦးသည် ကမ္ဘာ့ဖလားဘောလုံးပွဲကို ရုပ်သံတွင် ကြည့်ရှုလိုရာမှ မိသားစုနှင့်အချင်းများပြီး သေဆုံးသွားခဲ့ကြောင်း သိရသည်။တောင်အာဖရိကနိုင်ငံမြောက်ပိုင်း Limpopo ပြည်နယ်မှ ရွာတစ်ရွာတွင် မာကိုယာဟု အမည်ရသည့် ၎င်းအဘိုးအိုသည် ဘောလုံးပွဲကို TV ၌ကြည့်ရန် လိုင်းပြောင်းရာမှ မိသားစုနှင့်အချင်းများခဲ့ခြင်း ဖြစ်သည်။ သူ၏ဇနီးဖြစ်သူ၊ သားနှင့် သမီးတို့မှာ TV ၌ ဘာသာရေးဆိုင်ရာ အစီအစဉ်တစ်ခုကို ကြည့်ရှုနေစဉ်တွင် မာကိုယာမှာ ဘောလုံးပွဲလိုင်းပြောင်းရန် ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။ သူ့အား သူ၏ဇနီးဖြစ်သူ (အသက် ၆၈နှစ်အရွယ်)၊ သားနှင့်သမီး (၃၆ နှစ်နှင့် ၂၃ နှစ်အရွယ်)တို့က ၀ိုင်းဝန်းရိုက်နှက်ခြင်းကြောင့် သေဆုံးသွားခဲ့ခြင်းဖြစ် ကြောင်း သိရသည်။ မာကိုယာ ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိချိန်မှ ရဲတပ်ဖွဲ့ထံ ဖုန်းဆက်အကြောင်းကြားခဲ့ခြင်း ဖြစ်ပြီး ရဲတပ်ဖွဲ့ရောက်ရှိလာချိန်တွင် မာကိုယာမှာ အသက်ဆုံးရှုံးနေပြီဖြစ်ကြောင်း သိရသည်။ ယင်းဖြစ်ရပ်အတွက် သူ၏မိသားစု (၃) ဦးအား ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး သမီးဖြစ်သူကိုမူ ရန် (၁၅၀၀)တန် အာမခံနှင့် ပြန်လွှတ်ပေးခဲ့ကြောင်းကို worldcup.news-eleven
တွင်ဖော်ပြပါရှိသည်.။

............................................................................................................................................................

စပိန်-ဂျာမနီ ဆီမီးဖိုင်နယ်ပွဲတွင် ကွင်းအတွင်း ပြေးဝင်လာသည့် ပရိသတ် ရန် (၃၀၀၀) ဒဏ်ရိုက်ခံရ



ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ဒါဘန်မြို့၌ ကျင်းပခဲ့သော စပိန်-ဂျာမနီ ဆီမီးဖိုင်နယ်ပွဲစဉ်တွင် ကွင်းအတွင်း ပြေးဝင်လာသော ပရိသတ်အား ကမ္ဘာ့ဖလားအထူးတရားရုံး (SWC) က ဒဏ်ငွေ (၃၀၀၀) တပ်ရိုက်လိုက်ကြောင်း သိရသည်။သူ့အနေဖြင့် ဒဏ်ငွေမပေးဆောင်လိုပါက ထောင်ဒဏ် (၃) လကျခံရမည်ဖြစ်ကြောင်း သိရသည်။ အသက် (၂၃) နှစ်အရွယ်ရှိပြီဖြစ်သူ ၎င်းအီတလီလူမျိုး ပရိသတ်သည် ပွဲပထမပိုင်းတွင် ဗူဗူဇီလာကို ကိုင်ဆောင်ကာ ကွင်းအတွင်း ပြေးဝင်ခဲ့ခြင်းဖြစ်သည်။ သူသည် ခြေမသန်စွမ်းသူ ပုံစံဟန်ဆောင်ကာ ဘီးတပ်ကုလားထိုင်ဖြင့် ပွဲကြည့်စင်သို့ ၀င်ရောက်လာပြီး ကွင်းနှင့်အနီးဆုံးနေရာတွင် မသန်စွမ်းသူများကို နေရာပေးခြင်းကြောင့် ကွင်းအတွင်း လွယ်လွယ်ကူကူ ၀င်ရောက်နိုင်ခဲ့ခြင်းလည်းဖြစ်သည်။ သူ့အား ပိုင်နက်ကျူးလွန်မှုဖြင့် တာဝန်ရှိသူများက ပြစ်ဒဏ်ကြီးကြီးမားမား ချလိုသော်လည်း သူ့တွင် ဘောလုံးပွဲလက်မှတ် ပိုင်ဆိုင်ထားခြင်းကြောင့် ပိုင်နက်ကျူးလွန်မှုဖြင့် ပြစ်ဒဏ်မချနိုင်ကြောင်း အများပြည်သူအား တားမြစ်ထား သောနေရာသို့ ၀င်ရောက်ခြင်းပြစ်မှုဖြင့်သာ ယခုပြစ်ဒဏ်ကို ချမှတ်နိုင်ကြောင်း တရားရုံးတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်ကိုworldcup.news-eleven.တွင်ဖော်ပါရှိပါသည်.။