သတင်းတိုလေးများစုစည်းတင်ပြလိုက်ပါတယ်။
နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေးနှင့် တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခများ၊ လူ့အခွင့်အရေး ကိစ္စရပ်များဖြေရှင်းရေးတို့ကို အစိုးရသစ်ထံ အဓိကထား တိုက်တွန်းသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံ၏ အခြေခံ လိုအပ်ချက် ဖြစ်သော ပညာရေးနှင့် ကျန်းမာရေး ကိစ္စရပ်များအတွက် အမေရိကန် ပြည်ထောင်စုမှ အကူအညီများ ပေးအပ်မည်ဟု ဟီလာရီကလင်တန်က ဒေါ်အောင်ဆန်းစုကြည်ကို ကတိပြုခဲ့ကြောင်း သိရသည်။
အခု တွေ့ဆုံမှုကို တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အစိုးရက ကြိုဆိုကြောင်း ကြေငြာချက် ထုတ်ပြန်မှု အပေါ် ကျွန်မတို့ကလည်း လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်။ ကျွန်မတို့ရဲ့ မူဝါဒကလည်း နိုင်ငံတိုင်းနဲ့ သင့်သင့်မြတ်မြတ်ဆက်ဆံမဲ့ မူဝါဒ ဖြစ်ပါတယ်။ ခု တွေ့ဆုံမှုဟာလည်း စစ်မှန်တဲ့ တွေ့ဆုံမှုဖြစ်တယ်လို့ ကျွန်မ ယုံကြည်တယ်။
ဒေါ်အောင်ဆန်းစုကြည်။
ကျွန်မ ခရီးစဉ်ရဲ့ ရည်ရွယ်ချက် အတိုင်းပါပဲ။ မြန်မာနိုင်ငံရဲ့ အစိုးရနဲ့ အတိုက်အခံကိစ္စတွေ လူမှုရေးအဖွဲ့ အစည်း ကိစ္စတွေ၊ တိုင်းရင်းသား ရေးရာကိစ္စတွေ အကြောင်းကို မနေ့က အစိုးရအဖွဲ့နဲ့ တွေ့ဆုံ စဉ်မှာ ပြောခဲ့ ပါတယ်။ အမေရိကန် ပြည်ထောင်စုဟာ မြန်မာနိုင်ငံနဲ့ မိတ်ဘက်နိုင်ငံ ဖြစ်လိုပါတယ်။
ဟီလာရီကလင်တန်။
မစ္စကလင်တန်ရဲ့ တုံ့ပြန်ချက်၊ ပြန်ကြားချက်များဟာ အလွန်ကို တိကျပြီးတော့ အလွန်ကို ပြတ်သားတယ်။ သူပြောဆိုသွားတာတွေဟာ ကတိက၀တ် စကားများပမာ ဖြစ်တဲ့အတွက် ကျွန်တော်တို့ အင်မတန် အားရှိပါတယ်။
ဦးဝင်းတင်။
ဒီဆွေးနွေးပွဲဟာ မြန်မာနိုင်ငံ အစိုးရရဲ့ ပြုပြင်ပြောင်းလဲရေးကို အရှိန်အဟုန် တိုးမြင့်နိုင်မယ်လို့ ကျွန်တော်တို့ ယုံကြည်တယ်။
ဦးဥာဏ်ဝင်း။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်သည် ယနေ့ နေ့လည်တွင် အမေရိကန် သံရုံး၌ ရွှေမြ၀ါဆရာတော်၊ သတင်းစာဆရာ မောင်ဝံသ၊ Myanmar Egress မှ ဒေါက်တာ နေ၀င်းမောင်၊ နာရေးကူညီမှု အသင်းမှ ဒေါ်ရွှေဇီးကွက်၊ ကိုဇာဂနာ၊ ၈၈ မျိုးဆက်ကျောင်းသား ကိုမျိုးရန်နောင်သိန်း၊ မလှလှစိုး၊ မဖြူဖြူသင်း၊ ၈၈ မျိုးဆက်သစ် ကျောင်းသူ မဇင်မာအောင်၊ ဇေယျာသော်တို့နှင့် တွေ့ဆုံခဲ့ပြီး သက်ဆိုင်ရာ ကဏ္ဍအလိုက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းတိုများအား Messenger News Journal ပြန်လည် ဖော်ပြပေးလိုက်ပါသည်။
ဓာတ်ပုံ...AP