ပြည်တွင်း၊ပြည်ပသတင်းသမားများအာလက်ဝှေ့နုတ်ဆက်စဉ်

နေပြည်တော်လေဆိပ်တွင်ဟီလာရီကိုခရီးဦးကြိုဆိုသည့်မြန်မာအစိုးရအဖွဲ့ဝင်များ

နေပြည်တော် ဟိုတယ်ဇုံသစ်ရှိ သင်္ဂဟ ဟိုတယ်ရှေ့တွင်လွှင့်ထူထားသော မြန်မာ-အမေရိကန် နှစ်နိုင်ငံအလံ

ဟီလာရီလိုက်ပါစီနင်းမည့်မော်တော်ယာဉ်တန်း

မြန်မာလုံခြုံရေးအရာရှိများနှင့်အမေရိကန်လုံခြုံရေးအရာရှိ(မ)တို့လုံခြုံရေးကိစ္စဆွေးနွေးနေစဉ်

ဟီလာရီခရီးစဉ်အတွက်လုံခြုံရေးတာဝန်ယူထာသည့်မြန်မာအဖွဲ့ဝင်များ။

မြန်မာအစိုးရအဖွဲ့ဝင်များကိုရင်းရင်းနှီးနှီးနှုက်ဆက်နေသည့်ဟီလာရီ

ဖေါက်ခွဲရေးပစ္စည်းများရှာဖွေရာတွင်အနံ့ခံရှောဖွေပေးသည်ခွေးနှင့်
ဟီလာရီခရီးစဉ်အတွက်လုံခြုံရေးတာဝန်ယူထားသူများ
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် နေပြည်တော် ( အေလာ လေဆိပ် )သို့ ညနေ ငါးနာရီ နှစ်ဆယ့်ရှစ်မိနစ်တွင်ရောက်ရှိကြောင်းသိရသည်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်သည် နေပြည်တော် ဟိုတယ်ဇုံသစ်ရှိ သင်္ဂဟ ဟိုတယ်တွင် တည်းခိုကြောင်း သိရသည်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်သည် နေပြည်တော် ဟိုတယ်ဇုံသစ်ရှိ သင်္ဂဟ ဟိုတယ်တွင် တည်းခိုကြောင်း သိရသည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟီလာရီကလင်တန်၏ဒီဇင်ဘာ တစ်ရက်နေ့ခရီးစဉ်မနက် ၉း၀၀ နာရီတွင် သမ္မတကြီးဦးသိန်းစိန်နှင့်တွေ့ဆုံမည်။
မနက် ၁၀း၀၀ နာရီခန့်တွင် နိုင်ငံခြားရေးဝန်ကြီးဦးဝဏ္ဍမောင်လွင်နှင့်တွေ့ဆုံမည်။(နေ့လည်စာကို ဦးဝဏမောင်လွင်နှင့်အတူစားမည်)။
နေ့လည်စာစားပြီးမွန်းလွဲပိုင်းတွင်ပြည်သူ့လွတ်တော်ဥက္ကဌသူရဦးရွှေမန်းနှင့်တွေ့ဆုံမည်။
ညနေ ၄း၀၀ နာရီတွင်ရန်ကုန်သို့လာမည်။လေဆိပ်မှရွှေတိဂုံဘုရားသိုတန်းသွားမည်။
ဘုရားမှအပြန် Chatrium Hotel ၌ တည်းခိုအနားယူမည်။ဒီဇင်ဘာ ၂ ရက်နေ့ တွင် ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်တွင် သွားရောက်တွေ့ဆုံမည်ဟုသိရသည်။

သတင်း၊ဓာတ်ပုံ...။Messenger News Journal