14 September 2011

ယနေ့ ညနေပိုင်းတွင် သုဝဏ္ဏ အားကစား ကွင်း၌ ယူ-၁၉ ပြိုင်ပွဲ၊ မြန်မာနှင့် လာအို ပွဲစဉ်ကို ဒေါ်အောင်ဆန်းစုကြည် လာရောက် ကြည့်ရှု



ဒေါ်အောင်ဆန်း စုကြည်သည် အဆိုပါ ယူ-၁၉ ပွဲစဉ်များကို လာရောက် ကြည့်ရှုဖွယ် ရှိသည်ဟု ပြိုင်ပွဲမတိုင်မီ ကတည်းက ကြိုတင်ပြောကြား ခဲ့ဖူးသည်။ သို့သော် မြန်မာ အသင်း၏ ပထမ ပွဲစဉ် ၂ ပွဲတွင် လာရောက် နိုင်ခဲ့ခြင်း မရှိဘဲ တတိယမြောက် ပွဲစဉ်အဖြစ် လာအို အသင်းနှင့် ပွဲတွင်မှသာ ရောက်ရှိလာခြင်း ဖြစ်သည်။ ဒေါ်အောင်ဆန်း စုကြည်သည် ပွဲမစမီ (၃း၂၀) နာရီခန့် ကတည်းက ကွင်းတွင်း ရောက်ရှိနေခြင်း ဖြစ်ကာ VIP ပွဲကြည့်စင်မှ ကြည့်ရှု အားပေးနေကြောင်း သိရသည်။


လတ်တလော ပထမပိုင်း မပြီးမီ ရရှိသော သတင်းများ အရ မြန်မာ အသင်းသည် ပွဲချိန် ၂၃ မိနစ်တွင် သီဟဇော် သွင်းယူသော ဂိုးဖြင့် လာအို အသင်းကို ဦးဆောင် နေကြောင်း သိရသည်။ မြန်မာ အသင်းသည် လာအို အသင်းကို အနိုင်ရရှိပါက ဆီမီးဖိုင်နယ် အဆင့် တက်ရောက်နိုင်ရန် အခွင့်အလမ်း ကောင်းသွားမည် ဖြစ်သည်။

သတင်း၊ဓာတ်ပုံ.....Soccer Myanmar