29 December 2010

ပြည်သူတွေကိုအပြောတမျိုးအလုပ်တမျိုး အမျိုးမျိုးလိမ်လည်နေတဲ့ မြို့တော်ဝန်အောင်သိန်းလင်းနဲ့ နအဖ ရဲ့လက်ကိုင်တုတ်လျှပ်တပြက်ဂျာနယ်တို့၏အင်တာဗျူး



ပြည်သူလူထု အတွက် ကတိပြုချက်နှင့်အညီ ဆောင်ရွက်ဆဲ အရှိန်အဟုန် ရနေသည့် ဖွံ့ဖြိုး တိုးတတ်ရေး လုပ်ငန်းစဉ်များကို ဆက်လက် ဆောင်ရွက်နေဟု ပြောကြား ရန်ကုန်၊ ဒီဇင်ဘာ(၂ဝ)ရက် ရန်ကုန်မြို့ တော်ဝန် ဦးအောင်သိန်း လင်းနှင့် လျှပ်တစ်ပြက်မှ တွေ့ဆုံ၍ သိရှိလိုသည့် အကြောင်းအရာများ ကို မေးမြန်းခဲ့သည်မှ ...


Q။ ။မြို့တော်ဝန်ကြီးခင်ဗျာ ရွေးကောက်ပွဲအလွန်ကာလမှာမြို့တော် ဝန်ကြီးရဲ့လှုပ်ရှားမှုတွေ ပိုပြီးများပြားလာသလားလို့ ဟုတ်ပါသလားခင်ဗျာ။

A။ ။ရန်ကုန်မြို့တော် ဖွံ့ဖြိုးတိုး တက်ရေးအတွက်အဓိကလိုအပ်သော ဘိလပ်မြေကိုစက်ရုံထူထောင်၍ ထုတ်လုပ်နိုင်ရန်အတွက် နိုင်ငံတော်အကြီး အကဲလမ်းညွှန်ချက်နှင့်အညီ ဆောင် ရွက်ခဲ့ရာမှာပြီးခဲ့တဲ့ဧပြီလ(၂၉)ရက် တွင်အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ပြီး၊ ဘိလပ်မြေများ စတင် ထွက်ရှိခဲ့သည့်အတွက် ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီနယ်နိမိတ်အတွင်း တွင်လမ်းများ၊ ပလက်ဖောင်းများ၊ ရေမြောင်းများကို တိုးမြှင့် ဆောင်ရွက် လာနိုင်ခဲ့ ပါသည်။ ရွေးကောက်ပွဲ မတိုင်မီကာလကပြည်သူလူထုအတွက် ကတိပြုချက် (၅)ရပ်တွင် ပြည်သူ့ဖွံ့ဖြိုး တိုးတက် ရေးလုပ်ငန်းများကို ဆောင်ရွက်သွားရန် ကတိပြုချက် တစ်ရပ်လည်း ပါရှိပါတယ်။ အဆိုပါ ကတိပြုချက်နှင့် အညီ ဆောင် ရွက်ဆဲ၊ အရှိန်အဟုန် ရနေသည့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်နေခြင်းသာဖြစ်ပါတယ်။

Q။ ။အခုဂယက်ပေါင်းစုံကြားနေရတယ်။ သီရိမင်္ဂလာဈေးကြီးနဲ့ပတ်သက်လို့လည်း ဂျာနယ်တချို့နဲ့ နိုင်ငံပိုင်သတင်းစာတွေမှာ ရေးသားဖော်ပြနေတာတွေ့ရပါတယ်။ ဂျာနယ်တချို့ကတော့ (၂ဝ၁၁)ခုနှစ်၊ ဇန်နဝါရီ(၄)ရက်မှာ သီရိမင်္ဂလာဈေးကြီးဖွင့်မယ်လို့ အသံပေးတာတွေ,တွေ့ရပါတယ်။ သီရိမင်္ဂလာ ဈေးနဲ့ပတ်သက်လို့ ဘယ်နေ့၊ ဘယ်ရက်မှာဖွင့်မယ်ဆိုတာလေး၊ ဘယ်လို အစီအမံ တွေပြုလုပ် ထားတယ် ဆိုတာလေး ကျွန်တော်တို့ သိချင်ပါတယ်ခင်ဗျာ။

A။ ။သီရိမင်္ဂလာဈေးနှင့်ပတ်သက်၍ (၂ဝ၁ဝ)ပြည့်နှစ် ဒီဇင်ဘာလ (၂၄)ရက်နေ့တွင် ဖွင့်လှစ်သွားမှာဖြစ်ပါတယ်။


Q။ ။သီရိမင်္ဂလာဈေးနဲ့ပတ်သက်လို့အရင်တုန်းကဈေးသူ၊ဈေးသားတချို့ပြောဆိုနေတာသိရပါတယ်။ အခုသီရိမင်္ဂလာဈေးသစ်ကြီးမှာ ဆိုင်ခန်းတွေဘယ်လိုနေရာပြန်လည်ချထားပေးမယ်ဆိုတာလည်း သိခွင့်ရရင် သိချင်ပါတယ်။

A။ ။ယခုသီရိမင်္ဂလာဈေးသစ်ကြီးမှာ ယခင်ဈေးဟောင်းကမြေညီထပ်နှင့် ပထမထပ်တွင်ရှိသော ဆိုင်ခန်း အားလုံးကို ဈေးသစ်ကြီးမှာနေရာချထားပေးမှာဖြစ်ပါတယ်။ စုစုပေါင်းရွှေ့ပြောင်းလာမည့် ဆိုင်ခန်းပေါင်းဟာ (၂ဝ၉၃)ခန်းရှိပါတယ်။ လစ်လပ်သွားသော သီရိမင်္ဂလာဈေးဟောင်းမှ မြေညီထပ်နှင့်ပထမထပ်အား ကားပါကင်အဖြစ်ထား ရှိမယ်လို့လျာထားပါတယ်။ ဈေးဆိုင်များအား နေရာချထားရာတွင်လည်း မဲနှိုက်နေရာချထားပေးမှာဖြစ်ပါတယ်။


Q။ ။သီရိမင်္ဂလာဈေးသစ်ကြီးအတွက်ရန်ကုန်မြို့နယ်စည်ပင်သာယာရေးကော်မတီက အခမဲ့ဆောက်လုပ်ပေးထား တယ်ဆိုတာ ဟုတ်ပါသလားခင်ဗျာ။


A။ ။သီရိမင်္ဂလာဈေးသစ်ကြီး ကို ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီပိုင်ငွေဖြင့် အကုန်အကျခံပြီး တော့ဆောက်လုပ်ပေးထားတာဖြစ်ပါတယ်။ ပြောင်းရွှေ့လာတဲ့ ဈေးသူဈေးသားများ အနေဖြင့် ယခင်ဈေးဟောင်းတွင် ပေး ဆောင်ရသောအခွန်အခများအတိုင်းသာ ဆက်လက်ပေးဆောင်ရမှာဖြစ်ပါတယ်။

Q။ ။ အရင်တုန်းက သီရိ မင်္ဂလာဈေးကတော့ အထပ်ပေါင်းများ စွာဆောက်ထားပြီးတော့အခုသီရိမင်္ဂလာ ဈေးကတော့ တစ်ထပ်တည်းဆောက် ထားတာတွေ့ရတယ်။ အရင်တုန်းက ထက် ပိုမိုကျယ်ဝန်းပြီး ယာဉ်ရပ်နားစရာတွေလည်း အများကြီးတွေ့ရပါတယ်။ ပိုမိုကျယ်ဝန်းပြီး အမြန်ဆုံး ဖွံ့ဖြိုး လာမယ့်နေရာလို့ ယူဆပါတယ်။ သီရိမင်္ဂလာဈေးနဲ့ပတ်သက်လို့ လုံခြုံရေးအစီအစဉ် တွေဘယ်လိုများပြုလုပ်ထားတယ်၊ မီးဘေးအန္တရာယ်အတွက် ဘယ်လိုပြင်ဆင်ထားတယ်ဆိုတာ လည်းသိချင်ပါတယ်။

A။ ။ယခုဈေးကြီးမှာ ဈေး ရောင်းချသူများ၊ ဈေးဝယ်သူများ ကျန်း မာရေးနှင့်ညီညွတ်စွာရောင်းဝယ်ဖောက်ကား၍လေဝင်လေထွက် ကောင်းမွန်ပြီး ကျန်းမာရေးနှင့်ညီညွတ်သော လေ ကောင်းလေသန့်ရရှိဖို့၊မီးဘေးအန္တရာယ် ကင်းရှင်းစေဖို့နဲ့မတော်တဆ မီးလောင် ကျွမ်းမှုဖြစ်ပါကလည်း အများပြည်သူ ထိခိုက်သေကြေဒဏ်ရာရရှိမှုမရှိစေရန် ရည်ရွယ်ပြီးတော့တစ်ထပ်တည်းဆောက် လုပ်ထားခြင်းဖြစ်ပါတယ်။ ကုန်တင် ယာဉ်ကြီး အစီး(၄ဝ)ခန့်နှင့် ယာဉ်ငယ် အစီး(၄ဝဝ)ခန့် တစ်ပြိုင်တည်းရပ်နား ထားနိုင်ရန် နေရာပါရှိသည့်အတွက်အတင်အချပြုလုပ်ရာတွင်လည်းကောင်း၊ နေရာကျယ်ကျယ် ပြန့်ပြန့်ရှိသဖြင့် လွတ်လွတ်လပ်လပ်အထိအခိုက်မရှိဘဲ အချိန်တိုအတွင်းဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ ယာဉ်ရပ်နား ရန်နေရာကိုလည်း လမ်းမကြီးနှင့်ခွာ၍သီးခြားဆောင်ရွက်ထားသဖြင့် ယာဉ်ကြောပိတ်ဆို့မှုနှင့် လမ်းအန္တရာယ်ကင်း ဝေးစေမှာဖြစ်ပါတယ်။

Q။ ။ တစ်ဆက်တည်းမှာပဲရန်ကုန်မြို့ပေါ်မှာရှိတဲ့ဈေးတော်တော်များများ မီးလောင်ကျွမ်းခဲ့တာ ဘာကြောင့်လို့မြို့တော်ဝန်ကြီးထင်ပါသလဲခင်ဗျာ။

A။ ။ သစ်သားမပါဘဲ Steel Stucture ဖြင့် ဆောက်လုပ်ထားတဲ့အတွက် မီးဘေးအန္တရာယ်ကင်းဝေးစေမှာဖြစ်သလို အရေးပေါ်မီးငြိမ်းသတ်ရန်ရေနှင့်မီးသတ်အင်အား (၁၇ဝ)ဖြင့် ဆောင်ရွတ်ထားသဖြင့်မီးဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်ပြီးဖြစ်တယ်လို့သုံးသပ်ရပါတယ်။ ဈေးအတော်များများရဲ့ မီးလောင်ကျွမ်းမှုကိုစစ်ဆေးရင် အချို့ မီးလောင်ကျွမ်းမှုဖြစ်စဉ်များမှာ ပေါ့ဆမှုကြောင့်ဖြစ်ကြောင်းတွေ့ရှိရပါတယ်။

Q။ ။ မြို့တော်ဝန်ကြီးခင်ဗျာ၊ ဂျာနယ်အချို့မှာ သင်္ဃန်းကျွန်းဈေးနဲ့ပတ်သက်ပြီး မီးသတ်ဦးစီးဌာနက မီးဘေးလုံခြုံရေးအတွက် ဆက်သွယ်ဆောင်ရွက်မှုတွေမရှိဘူးဆိုပြီးတရားဆွဲမယ်လို့ ပါရှိနေပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး မြို့တော်ဝန်ကြီးရဲ့အမြင်ကိုသိချင်ပါတယ်ခင်ဗျာ။

A။ ။ သင်္ကန်းကျွန်း ဈေးမီးလောင်မှုဖြစ်စဉ် နှင့်ပတ် သက်ပြီးတော့မီးသတ်ဦးစီးဌာနအနေနဲ့အားသွန် ခွန်စိုက် ကြိုး ပမ်းငြိမ်းသတ် မဆောင်ရွက်တာကိုတွေ့ရတယ်။ စတင် လောင်ကျွမ်းတဲ့ အချိန်မှာ ဈေးပိတ်ပြီး တဲ့အချိန်ဖြစ် တဲ့အတွက် မီးဟာမကြီးထွားသင့် ဘဲကြီး ထွားခဲ့ ရတယ်လို့ထင်မြင်ယူဆမိပါတယ်။

Q။ ။မြို့တော်ဝန်ကြီးခင်ဗျာ သီရိမင်္ဂလာဈေး သစ်ကြီး ဖွင့်လှစ်ပြီးရင် ဈေးဟောင်းကြီးကို ဘယ်လို စီမံဆောင် ရွက်မယ် ဆိုတာတွေ သိချင်ပါတယ်ခင်ဗျာ။

A။ ။သီရိမင်္ဂလာဈေးသစ်ကြီး ဖွင့်လှစ်ပြီး လျှင်ဈေးဟောင်းတွင် လစ်လပ် သွားတဲ့ မြေညီထပ်နှင့်ပထမထပ်ကိုယာဉ်ရပ်နားကွင်းအဖြစ် လေလံဖြင့်အငှားချထားမှာဖြစ်ပါတယ်။

Q။ ။နောက်ထပ်အလားတူ မီးဘေးသင့်ခဲ့တဲ့ မင်္ဂလာဈေးနဲ့ပတ်သက်လို့ ဆိုင်ခန်းတချို့ ပြန်လည်ဖွင့်လှစ်ထားတာတွေ့ရပါတယ်။ ကျန်တဲ့အထပ် တွေကိုလည်း အခကြေးငွေမယူပဲမြို့တော် စည်ပင်သာယာရေးကော်မတီက ပြန်ဆောက် ပေးမယ်လို့သိရပါတယ်။ အဲဒီဈေးမှာ မီးဘေးလုံခြုံရေးအစီအမံတွေ ဘယ်လိုဆောင်ရွက်ထားတယ်ဆိုတာ သိချင်ပါတယ်။ အဲဒီဆိုင် ခန်းတွေဆောက်ပြီးသွားရင် သူတို့ကိုဘယ်လိုပုံစံနဲ့နေရာချပေးမယ်ဆိုတာသိချင်ပါတယ်။

A။ ။မီးဘေးသင့်ခဲ့တဲ့ မင်္ဂလာဈေးနဲ့ပတ်သက်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှအကုန်အကျခံ ပြုပြင်တည်ဆောက်နေ ပါတယ်။ တည်ဆောက်ဆဲကာလတွင် ဈေးရောင်းချနိုင်ရန် မူလဆိုင်ခန်း များကို မူလနေရာတွင် ပြန်လည်ရောင်းချလျက်ရှိပါတယ်။ ဈေးကြီး တစ်ဈေးလုံးပြီးစီးသွားပါက မီးစတင်လောင်ကျွမ်းသည့် ဆိုင်ခန်း(၂)ခန်း မှလွဲ၍ ကျန်ဆိုင်ခန်းများကို မူလနေရာအတိုင်း မူလဈေးသည်များကို မူလငှားရမ်းခများအတိုင်းသာပေးသွင်းစေလျက် ရောင်းချ စေမည်ဖြစ်ပါတယ်။ မီးဘေး လုံခြုံရေးနှင့်ပတ်သက်လို့ ဆိုင်ခန်းအ လိုက်မူလကာရန်ခဲ့သည့်သံတံခါးအလိပ် များကိုမကာရန်စေဘဲ သံဇကာများကို သာကာထားစေပါတယ်။ လုံလောက်တဲ့ ရေပေးဝေမှုစနစ်ကိုလည်း စီစဉ်ဆောင် ရွက်ထားပါတယ်။ ယခင်က ဆိုင်ခန်း များမှာသံတံခါးအလိပ်များတပ်ဆင်ထား သည့်အတွက် မီးလောင်သည့်နေရာကို မီးသတ်ပိုက်ရေရောက်အောင် မဖြန်းနိုင် ခဲ့သဖြင့်မီးလောင်ကျွမ်းမှုပိုမိုများရတယ် လို့သုံးသပ် ရပါတယ်.။

ှQ။ ။ မြို့တော်ဝန်ကြီးခင်ဗျာရန်ကုန်မြို့၊ကမ်းနားလမ်းမှာရှိတဲ့ငါးဈေးကြီးကိုလည်းရွှေ့ပြောင်း မယ်လို့ သိထားပါ တယ်ခင်ဗျာ။ ငါးဈေးကြီးနဲ့ ပတ်သက်လို့ သိချင်ပါတယ်ခင်ဗျာ။ ငါးဈေးကြီးကို ဘယ်နေရာမှာ အဆင့်မြင့်ငါးဈေးကြီးအဖြစ် ဘယ်လိုပုံစံနဲ့ဆောက်လုပ်မယ်၊ ဘယ်လိုပုံစံနဲ့ နေရာတွေပြန်ချပေးမယ်ဆိုတာလည်း သိချင်ပါတယ်ခင်ဗျာ။ အချိန်အားဖြင့် ဘယ်လောက်ကြန့်ကြာမယ်။ ပြီးတော့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီကနေ စရိတ်ကျခံပြီး ဆောက်ပေး မယ်ဆိုတာ ရော ဟုတ်ပါသလား၊ ပြောပြပေးစေလိုပါတယ်ခင်ဗျာ။

A။ ။ကမ်းနားလမ်းမှာရှိတဲ့ ငါးဈေးကိုရွှေ့ပြောင်းဖို့ လောလောဆယ်အစီအစဉ်မရှိသေးပါ။

Q။ ။ရန်ကုန်မြို့ကို တစ်နေ့တစ်နေ့ငါးအရေအတွက် ပိဿာချိန်ဘယ်လောက်ဝင်နေတယ်ဆိုတာလည်း သိလိုပါ တယ်။ ရန်ကုန်မြို့မှာ ရောင်းချနေတဲ့ငါးတွေကိုရော ကျန်းမာရေး အရဘယ်လို များစိစစ်ပေးနေပါသလဲခင်ဗျာ။

A။ ။နေ့စဉ် ငါးဈေးသို့ ငါးဝင်ရောက်မှုမှာ ရေချိုငါးပိဿာ(၁၃ဝ,ဝဝဝ)ခန့်၊ ပုဇွန် ပိဿာ(၁၃,ဝဝဝ)ခန့်၊ ရေငန် ငါးပိဿာ(၈,ဝဝဝ)ခန့်၊ စုစုပေါင်း ပိဿာ(၁၅၁,ဝဝဝ)ခန့် ဖြစ်ပါတယ်။ နယ်အသီးသီးကို နေ့စဉ်ပိ¬ဿာ(၃၅,ဝဝဝ)ခန့် ပို့ဆောင်ပါတယ်။

Q။ ။ဟိုတလောဆီက မွေးမြူရေးငါးကန်တွေဆီမှာ ငါးတွေအစုလိုက်၊ အပြုံလိုက် သေကြေကျတယ်ဆိုတဲ့ သတင်းကြား သိရပါတယ်။ ငါးဈေးကို ဝင်လာတဲ့ငါးတွေမှာ ရော အဲဒီလို အဖြစ်အပျက်မျိုးရှိခဲ့ဖူးပါသလား။

A။ ။မွေးမြူရေးငါးကန်များတွင် ငါးတွေအစုလိုက်အပြုံလိုက် သေတာနဲ့ပတ်သက်လို့ ရန်ကုန် တစ်ဝိုက်မှာတော့ ကျွန်တော်တို့ သတင်းမရရှိပါဘူး။ ဒီမှာဝင်လာတဲ့ငါးတွေမှာလည်း ရောဂါကြောင့် သေကြေ ပျက်စီးသည့် ငါး မကြားဘူးပါ။ အခုလို အရေးတယူနဲ့ဖြေကြားပေးတဲ့အတွက် မြို့တော်ဝန်ကြီး ကိုကျေးဇူးတင်ပါတယ်ခင်ဗျာ..။