31 December 2010

မြန်မာပြည်ထဲ က ခရီးသွားပြည်သူတွေ ရဲ့ ဘဝ


ပန်းဆိုးတန်း၊ ဒလ ကူးတို့ရေယာဉ်များ ဖြစ်သော အနော်ရထာ၊ ကျန်စစ်သား၊ တပင်ရွှေထီးနှင့် ထီးလှိုင်ရှင် နှစ်ထပ်ရေယာဉ်ကြီးများသည် နံနက်(၅)နာရီမှ စတင်၍ ည(၉)နာရီထိ တစ်နေ့လျှင် ကူးတို့ ရေယာဉ်နှစ်စီး အလှည့်ကျ ပြေးဆွဲပေးနေသည်။ သင်္ဘောတစ်ခေါက်လျှင် မိနစ်(၂ဝ)ကျ ပန်းဆိုးတန်းနှင့် ဒလဆိပ်ကမ်းတို့မှ အပြိုင်ပြေးဆွဲသည်မှာ လူတိုင်း အသိပင် ဖြစ်လေသည်။ ဧရာဝတီတိုင်းဒေသကြီး၏ ဒုတိယ ထွက်ပေါက်ဖြစ်သော ဒလမှတစ်ဆင့် ဖျာပုံ၊ ဒေးဒရဲ၊ ကျိုက်လတ်၊ ဘိုကလေး၊ ကွမ်းခြံကုန်း၊ ဒေးဒရဲ၊ ကော့မှူး၊ တွံတေး၊ လက်ခုပ်ကုန်း၊ ဇနုတ်၊ ပျော်ဘွယ်ကြီးသွား ခရီးသွားပြည်သူတို့၏ ခရီးသွားလာမှု များပြားတာကြောင့် ရေကြောင်းပို့ဆောင်ရေးဌာနပိုင် ရေယာဉ်ကြီးများက ခရီးသွားလာမှု လွယ်ကူချောမွေ့စေရေးအတွက် လူတစ်ဦးလျှင် တစ်ဆယ်ကျပ်နှုန်းဖြင့် ပို့ဆောင်ပေးနေပေသည်။ ယခုပုံတွင် မြင်တွေ့ရသည်မှာ မိနစ်(၂ဝ)ပြည့်၍ သင်္ဘောများ ကမ်းမှအခွာတွင် ခုန်တက်၍ ခရီးသည် အမျိုးသမီးတစ်ဦး လက်တန်းပေါ်ကျော်ကာ သင်္ဘောပေါ်သို့ ရောက်ဖို့ကြိုးစားနေသည်ကို အသည်းတယားယား မြင်ကွင်းအဖြစ် မှတ်တမ်းတင်လိုက်ရပါသည်။

ရေးသားသူ :အောင်မင်း(ဒလ)