18 October 2010

ရန်ကုန်မြို့ကြီး၏ အချက်အချာနေရာ မင်္ဂလာဈေးအနီး ရယကဥက္ကဌအိမ်ရှေ့တွင် နှစ်လောင်းပြိုင် လူသတ်မှုဖြစ်ပွား



ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြိုနယ်၊ ရေတွင်းကုန်းရပ်ကွက်၊ ၁၂၁ လမ်းရှိ ရယကဥက္ကဌဦးစံသိန်း၏ နေအိမ်ရှေ့တွင် (၁၄.၁၀.၂၀၁၀) ရက်နေ့ည (၈း၃၀) နာရီခန့်က နှစ်လောင်းပြိုင်လူသတ်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ပါသည်။

အဆိုပါ (၁၂၁) လမ်းတွင် နေထိုင်သူ မောင်ဘိုဘိုမှာ (၂၅) လမ်း သပြေကုန်းရပ်ကွက်မှ လူငယ်နှစ်ဦးအား ဓားဖြင့်အချက်ပေါင်းများစွာ ထိုးသတ်ခဲ့ခြင်း ဖြစ်သည်၊

အချင်းဖြစ်ပွားချိန်တွင် (၁၂၁) လမ်းတွင်းရှိ ပြည်သူများး ရုပ်ရုပ်သဲသဲဖြစ်ပြီး ဈေးဆိုင်များလည်း ပိတ်ကုန်ကြသည်၊ အတန်ကြာမှ ရဲများရောက်လာပြီး လျှပ်စစ်မီများ ထပ်မံဖြတ်တောက်ပစ်လိုက်သောကြောင့် (၁၂၁) လမ်းတွင်းရှိ ပြည်သူများ ပိုမိုထိတ်လန့်ခဲ့ကြသည်။

ယခုအခါ အခြေအနေပုံမှန်ပြန်ဖြစ်နေသော်လည်း အထူးသဖြင့် ရယကဥက္ကဌအိမ်ရှေ့တွင် ဖြစ်ပွားမှုအား အချိန်မှီသိရှိ တားဆီးနှိင်ခြင်း မရှိသည့်အပေါ် ၄င်းရယကဥက္ကဌနှင့် ရယကအဖွဲ့အား စိတ်ပျက်လျှက်ရှိကြသည်။ အဆိုပါ အချင်းဖြစ်ပွားသောနေရာနှင့် ရယကရုံးမှာ ကိုက် (၅၀) ခန့် သာ ကွာဝေးသည်။

အထက်ပါ အဖြစ်အပျက်မဖြစ်ပွားမှီကပင် အဆိုပါ ရယကဥက္ကဌဦစံသိန်း၏ ဇနီးဖြစ်သူမှ အစ္စလမ်ဘာသာဝင်များကြား ပြည်ခိုင်ဖြိုးပါတီ (ကြံ့ ဖွတ်) ကို မဲထည့်ရန် လိုက်လံပြောဆိုမှုများအပေါ် ရပ်ကွက်နေ ပြည်သူများမှ မကြေနပ်မှုများလည်း ရှိနေခဲ့ကြသည်။

(သတင်းပေးပို့ ပေးသော ညီသစ် အား ကျေးဇူးတင်ရှိပါသည်)။