24 March 2010

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သတင်းကိုပြည်တွင်းမီဒီယာများ၌ဖော်ပြခွင့်ရ...

အချိန်အတော်ကြာအောင် ပြည်တွင်းမီဒီယာတွေမှာ ဖော်ပြခွင့် မရရှိခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သတင်းတွေကို မတ်လ ၂၃ ရက်နေ့ထုတ် ENVOY JOURNAL (အန့်ဘွိုင်းဂျာနယ်) မျက်နှာဖုံးနဲ့ ရန်ကုန်တိုမ်းဂျာနယ်အတွင်း စာမျက်နှာတွေမှာ ဖော်ပြလာတာတွေ တွေ့ရပါတယ်။ ဖော်ပြတဲ့နေရာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ နအဖ အစိုးရ ရွေးကောက်ဝင်ရေး မဝင်ရေးနဲ့ပတ်သက်ပြီး စုံညီအစည်းအဝေးမှာ ဆုံးဖြတ်မယ်ဆို တဲ့ အကြောင်းကို အဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်း ရဲ့ဓာတ်ပုံနဲ့တကွ ဖော်ပြ လာတာ ဖြစ်ပါတယ်လို့ ပြည်တွင်းက သတင်းဂျာနယ်အယ်ဒီတာ တဦးက ခုလို ပြောပြပါတယ်။ “ဒီနေ့ထွက် အင်ဘွိုင်းမှာ အဖုံးကြီးတောင်အနီကြီးနဲ့ တကယ့်ကို အန် အယ်လ်ဒီ အရောင်ကြီးသိတယ်မဟုတ်လား အနီခံမှာအဖြူနဲ့ရေးထားတာ ၂၉ ရက် နေ့မှာ အဖွဲ့ချုပ်က အဆုံးအဖြတ်လုပ်မယ် ဘာညာ လုပ်မယ်ဆိုတဲ့ကိစ္စ အဲဒါကို သူတို့ ထည့်ထားတယ်။



ဦးဉာဏ်ဝင်းပုံကို စာမျက်နှာသုံးမှာ သုံးထားတယ်၊ ဒါက အခါတိုင်းထက် စာရင် ထူးခြားမှုပေါ့၊ ဘာဖြစ်လို့လည်းဆိုရင် အခါတိုင်းဆိုရင် အဖွဲ့ ချုပ်အကြောင်းကို ရေးလို့မရဘူး၊ ဒါပေမဲ့ ဒီမှာ ပေးထားတယ်၊ ဘယ်လိုကြောင့် လည်းတော့ မသိဘူး။ ENVOY JOURNAL (အန့်ဘွီုင်းဂျာနယ်) ဟာ ရုပ်ရှင်ဒါရိုက်တာ ဇင်ယော် မောင်မောင် ထုတ်ဝေတဲ့ သတင်းဂျာနယ်တစောင်ဖြစ်ပြီး ရန်ကုန်တိုမ်းဂျာနယ်က တော့ ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဆန်းနဲ့ နီးစပ်သူ ကိုကို (စက်မှု တက္ကသိုလ်) ထုတ်ဝေနေတဲ့ ဂျာနယ်တစောင်ပဲဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပတ်ခန့်က အဖွဲ့ရုံးတွေ ပြန်လည်ဖွင့်လှစ်ရတဲ့ သတင်းတွေ ကိုတော့ သတင်းဂျာနယ်အတော်များများမှာ ဖော်ပြဖို့ စာပေစီစစ်ရေးကို တင်ပြခဲ့ ကြပေမယ့်လည်း ဖော်ပြခွင့် မရရှိခဲ့ပါဘူး။




သတင်းရင်းမြစ်..DVB