23 March 2010

ထားရာနေစေရာသွား အဖြစ်မျိုး.. မိမိအဖွဲ့ရဲ့ ခေါင်းဆောင်ကို အဖွဲ့ကထုတ်ပယ်ရမယ့် အဖြစ်မျိုးကို လက်မခံနိုင်ဘူးဟု ရှေ့နေကြီးဦးဥာဏ်ဝင်းပြောဆို...့

စစ်အစိုးရပြုလုပ်မယ့် ၂၀၁၀ရွေးကောက်ပွဲနဲ့ ပတ်သတ်ပြီး လက်မခံနိုင်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေကြီးဦးဥာဏ်ဝင်းက ဒီနေ့ပြောဆိုသွားပါတယ်..။


" ဒီနေ့အန်ကယ်တို့ CEC အစည်းအဝေး ပြုလုပ်ဖြစ်ပါတယ်။ အစည်းအဝေးမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဖွဲ့ချုပ် CEC တွေ့ဆုံခွင့် ပေးဖို့အတွက် ကြေငြာချက် တစ်ရပ်ထုတ်ပြန်ပါတယ်။ ရွေးကောက်ပွဲအတွက် ပါတီမှတ်ပုံတင်သင့် မတင်သင့် ရွေးကောက်ပွဲ ဝင်သင့်မဝင်သင့်နဲ့ အဖွဲ့ချုပ်ရဲ့အနာဂတ် ဆုံးဖြတ်ချက်တွေ ချနိုင်ဖို့ အတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ပေးဖို့ ကြေငြာချက်ထုတ်ပြန်ပါတယ်။ ဒီနေ့အစည်းအဝေးမှာတော့ တတ်နိုင်တဲ့ဖက်က ညီညီညွတ်ညွတ်နဲ့ အဖြေထွက်နိုင်အောင် ကြိုးစားကြဖို့ ဆွေးနွေးဖြစ်ကြပါတယ်။ အချိန်အတော်ကြာအောင် ဆွေးနွေးဖြစ်ခဲ့ကြပါတယ်။" ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေကြီးဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။

ယခုလာမည့် စစ်အစိုးရရဲ့ ၂၀၁၀ရွေးကောက်ပွဲနဲ့ ပတ်သတ်ပြီး သဘောထားကို မေးမြန်းကြည့်ရာမှာတော့.....

ထားရာနေစေရာသွားတဲ့ အဖြစ်မျိုးကိုလက်မခံနိုင်ဘူး.. နောက်ကိုယ့်အဖွဲ့ရဲ့ ခေါင်းဆောင်ကို ပါတီကထုတ်ပစ်ရမယ့် အဖြစ်မျိုးကို လက်မခံနိုင်ဘူး... ရှင်းရှင်းပြောရရင် နွားဖါးကြိုးအထိုးခံရမယ့် အဖြစ်မျိုးကိုလက်မခံနိုင်ဘူး.. ဒါကြောင့် ဒီရွေးကောက်ပွဲကို လက်မခံနိုင်ဘူး...

ဒီလိုပဲပြောချင်ပါတယ်ဟု... အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေကြီးဦးဥာဏ်ဝင်းက ပြောဆိုသွားပါတယ်။

လာမယ့် ၂၉ရက်နေ့ တနင်္လာနေ့မှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရွေးကောက်ပွဲဝင်ဖို့အတွက် မှတ်ပုံတင်သင့်မတင်သင့် CECနဲ့CC ၁၀၀ကျော်က မဲခွဲဆုံးဖြတ်ကြမှာ ဖြစ်ပါတယ်။ အင်မတန်မှ အရေးကြီးတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဆုံးဖြတ်ချက်ကို ပြည်တွင်း၊ ပြည်ပနဲ့နိုင်ငံတကာ အသိုင်းအဝန်းက အထူးအလေးထား စောင့်ကြည့်နေကြပါတယ်....။

သတင်း...ဒီမိုဝေယံ