23 March 2010

စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့....





“အခုဒီဥပဒေတွေဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွက် ကြီး မားတဲ့ စိန်ခေါ်မှုတွေ အများကြီးပါနေပါ တယ်။ ဒီလို စိန်ခေါ်မှုတွေကို ကျမအနေနဲ့ စိတ်မပျက်ပါဘူး။ ဒီလို ကြီးမားတဲ့ စိန်ခေါ်မှု တွေကို ရင်ဆိုင်ဖို့ အင်အားတရပ်ကိုတောင်မှ ပြန်လည်မွေးမြူရာရောက်ပါတယ်။ ပြည် သူလူထုကလည်း အဲသလို သဘောထားပြီး ဒီစိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ အထူးသဖြင့် အဖွဲ့ချုပ်ဒီမိုကရေစီလိုလားသူများနဲ့ တသားတည်း ရင်ဆိုင်ဖို့ လိုအပ်ပါတယ်”


အထက်ဖော်ပြပါ စကားရပ်ဟာ မြန်မာပြည်သူနဲ့ ကမ္ဘာပြည်သူအများစုကပါ လေးစားတန်ဖိုးထားတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြည်သူလူထုကြီးနဲ့ ဒီမိုကရေစီအတွက်တိုက်ပွဲဝင်နေကြသူများကို တပ်လှန့်နှိုးဆော်လိုက်တဲ့ တိုက်ပွဲခေါ်သံပဲ ဖြစ်ပါတယ်။

လူထုခေါင်းဆောင်တစ်ယောက်ဖြစ်သည့်အားလျော်စွာပဲ ဘယ်လိုလုပ်ရမယ်ဆိုတဲ့ တိကျတဲ့ နည်းဗျူဟာကို ပြောမထားပေမယ့် အာဏာရှင်တွေရဲ့ မတရားတဲ့ အမိန့်တွေ အာဏာတွေကို နည်းမျိုးစုံနဲ့ တွန်းလှန်ကြဖို့ဆိုတာ ထင်ရှားပါတယ်။ တစ်ချိန်ကလည်း မတရားတဲ့ အမိန့်အာဏာဟူသမျှ တာဝန်အရ ဖီဆန်ကြလို့ ပြောခဲ့ဖူးတယ်မဟုတ်ပါလား။


ဒါကြောင့်မို့ ကျနော်တို့ မျိုးဆက်သစ်၊ မျိုးဆက်ဟောင်း ရဟန်းရှင်လူ၊ ကျောင်းသား ပြည်သူ၊ တစ်ရပ်လုံးက ယနေ့အချိန်မှာ ညီညီညွတ်ညွတ်နဲ့ န အ ဖ စစ်အာဏာရှင်ယန္တရားနှင့် ၄င်းတို့ပြုလုပ်မယ့် ရွေးကောက်ပွဲကို ဘက်ပေါင်းစုံကနေ နည်းမျိုးစုံနဲ့ တိုက်ဖျက်ကြဖို့အချိန်တန်ပါပြီ။

တစ်နေ့ကောင်းလာလေမလား ကယ်တင်ရှင်များပေါ်လာမလားရယ်လို့ မျှော်လင့်ချက် မျိုးစုံတွေနဲ့ ဒီတစ်ကြိမ်မှာလည်း မှိန်းနေကြအုံးမယ်ဆိုရင်တော့ နောက်ထပ်နှစ်ဆယ်မက နှစ်ပြန်တက်ပြီး ဆင်းရဲ့တွင်းနက်စေမယ့် ဆင်းရဲ့တွင်းထဲ့တွန်းပို့နေတဲ့ နအဖ အာဏာရှင်စစ်ဘီလူးတွေရဲ့ လှည့်ကွက်တွေအတွင်းမှာ တစ်ကျော့ပြန် လည်ပတ်ကြရအုံးမှာကတော့ မလွဲဧကန်ပါ။


ထို့ကြောင့် တိုင်းပြည်နဲ့လူမျိုးအတွက် တာဝန်သိကြတဲ့ တာဝန်ရှိသူအားလုံးကို နအဖရဲ့ မတရားတဲံ့ စနစ်ဆိုးမှန်သမျှကို မိမိတို့ရဲ့ ဂုဏ်သိက္ခာအရရော မိမိတို့ရဲ့တာဝန်အရပါ ညီညွတ်စွာပူးပေါင်းတွန်းလှန်ကြဖို့ တိုက်တွန်း နှိုးဆော်လိုက်ရပါတယ်။

ပေးပို့ပေးသော ကိုဝဏ္ဏ အားကျေးဇူးတင်ပါသည်.။