စစ်အုပ်စုရဲ့  နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ  ဆိုတာနဲ့ ရွေးကောက်ပွဲကော်မရှင်ဥပဒေ  ဆိုတာ ထွက်လာအပြီးမှာ နိုင်ငံရေးလောက  ပွဲဆူသွားပါတယ် ၊ အထူးသဖြင့်  ၁၉၉၀ ရွေးကောက်ပွဲ မှာ  ပြည်သူတွေရဲ့ဆန္ဒမဲတွေ  ၊ ရရှိထားပါတယ်ဆိုတဲ့ NLD ပါတီတွင်း  ဘယ်သူတွေက နိုင်ငံရေးသမားလဲ  ၊ ဘယ်သူတွေကနိုင်ငံရေးစားဖားတွေလဲ  ကွဲပြားလောက်အောင်ကို ရှေ့ဘယ်လိုရပ်တည်ကြမလဲလို့  အငြင်းပွားမှုတွေ ဖြစ်စေခဲ့ရပါတယ်  ၊ NLD ပါတီတွင်းကပြဿနာက ဒီ၂၁  နှစ်မှာမဆန်းပါဘူး ၊ လူကြီးလူငယ်ပြဿနာ  ၊ တိုက်ရဲသူတိုက်ပွဲဝင်ချင်သူတွေနဲ့နောက်တွန့်သူတွေကြားကပြဿနာ  ၊ ပါတီဆိုင်းဘုတ်နဲ့အမတ်နေရာကိုပဲ  ဖက်တွယ်ထားချင်သူတွေနဲ့ ပြည်သူ့မျက်နှာပဲကြည့်ချင်သူတွေ  ရဲ့ပြဿနာ ၊ တလျောက်လုံးရှိလာခဲ့တာပါ  ၊ ထားပါ ။
ပြောချင်တာက NLD ထဲက  ပြဿနာတွေ မဟုတ်ပါဘူး ၊ စုန်းပြူးဆိုတာတော့  အဖွဲ့အစည်းတိုင်းမှာရှိမှာပါပဲ  ၊ ထောင်ထဲရောက်နေတဲ့ တိုက်ရဲ  တဲ့ NLD အဖွဲ့ဝင်တွေရဲ့မျက်နှာ  ၊ ဒေါ်အောင်ဆန်းစုကြည်မျက်နှာနဲ့   ၁၉၉၀ ရွေးကောက်ပွဲမှာ ပြည်သူကဆန္ဒပြုထားတဲ့  ပြည်သူရှေ့ဆောင်ပါတီဖြစ်နေတာတွေကြောင့်  NLD ဘာပဲဖြစ်ဖြစ် အားလုံးက (မဖြစ်မနေ)  ၀ိုင်းရံရမှာပါ ။ မမှားအောင်  ၀ိုင်းတည့်မတ်ပြီး လက်တွဲ  တိုက်ပွဲဝင်ကြရမှာပါ။
      
 
ပြောချင်တာက  အဲဒီလိုပြဿနာတွေဖြစ်အောင်  ဖန်တီးနေတဲ့ နအဖ စစ်အုပ်စုရဲ့  လုပ်ဆောင်ချက်ပါ၊  နအဖ က သူဖြစ်စေချင်သလိုတွေဖြစ်အောင်  ဖျားယောင်းမြှူဆွယ်လိုက်တဲ့  ၊ အာရုံလွှဲတဲ့ တိုက်ပွဲခေါ်  သံပါ ၊ ၁၉၉၀ တုံးက ရွေးကောက်ပွဲဆိုတာ  ပြည်သူ့ဘက်တော်သား ဒီအမိုကရေစီအင်အားစုတွေ  ၊ ကိုင်စွဲတဲ့တိုက်ပွဲလမ်းကြောင်းတစ်ခုပါ  ၊ ခု ၂၀၁၀ ရွေးကောက်ပွဲဆိုတာက  စစ်အုပ်စုက ကိုင်စွဲတဲ့ လမ်းကြောင်းပါ  ၊ စဉ်းစားကြည့်ကြပါ ၊၊
ရွေးကောက်ပွဲ  ဆိုတာ ဒီမိုကရေစီရဲ့ ပြယုတ်ပါ  ၊ ပြည်သူ့ဆန္ဒ ကိုဖေါ်ကြူးခြင်းပါ  ၊ ပြည်သူပေါင်းများစွာကိုသတ်ပြီး  အာဏာကိုလုထားတဲ့ ပြည်သူ့ဆန္ဒကိုဆန့်ကျင်  ခဲ့တဲ့ စစ်အာဏာရှင်တွေက ရွေးကောက်ပွဲလို့  ဘာလို့ပြောလာသလဲ ၊ ၁၉၉၀ တုံးက  တစ်ကြိမ် ရွေး ကောက်ပွဲ လုပ်ပေးပြီး   ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD  ပါတီကိုပြည်သူကရွေးချယ်ခဲ့ပါလျက်  ၊ နှစ် ၂၀ ကျော် အာဏာလွှဲမပေးပဲအကြောင်းအမျိုးမျိုးပြအချိန်တွေဆွဲပြီးကာမှ   ခုတစ်ခါ ရွေးကောက်ပွဲပြန်  လုပ်မယ်လို့ ဘာလို့ပြောလာသလဲ  ၊ ရိုးရိုးရှင်းရှင်းလေးပါ  ။
 
ဗမာပြည်  ပြည်သူတွေ ပေါက်ကွဲတော့မဲ့အခြေအနေဖြစ်လာတိုင်း  ၊ နိုင်ငံရေးအရ ဘေးကြပ်နံကြပ်ကြုံ  လာတိုင်း ၊ ဗမာပြည်နိုင်ငံရေးအပြောင်းအလဲတစ်ခုခု  မဖြစ်မနေလုပ်ပေးရတော့မဲ့အခြေအနေတိုင်း  ၊ မဆလ အမည်ခံလက်ထက်ထဲက စစ်အုပ်စု  လုပ်နေကြ ၊ လမ်းလွှဲနေကြ ပုံစံပါ  ။
 
လူမျိုးရေး  ၊ ဘာသာရေး အထိကရုန်းတွေဖန်တီးတာမျိုး  ၊ ပျော်ပွဲရွှင်ပွဲ ( ပွဲလမ်းသဘင်)တွေဖန်တီး  ပေးလိုက်တာမျိုး ၊ ၀န်ထမ်းတွေလစာတိုးပေးလိုက်တာမျိုး  ၊ စသဖြင့် ပြည်သူတွေလမ်းလွှဲအောင်  အာရုံလွှဲပြောင်းမှုတစ်ခုခု  စစ်အုပ်စုအမြဲလုပ်လေ့ရှိပါတယ်  ၊ ခုလဲ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း  ဥပဒေဆိုတာနဲ့ ရွေးကောက်ပွဲကော်မရှင်ဥပဒေဆိုတဲ့ခေါင်းစဉ်တွေထုတ်ပြန်ပြီး   ၊ ပြည်သူတွေေ၀၀ါး သွားအောင်  လမ်းလွှဲလိုက်တာပါ ။
 
ကမ္ဘာ့နိုင်ငံအသီးသီးကရော   ၊ ဒီမိုကရေစီအင်အားစုအသီးသီးကရော  ၊ ပြည်သူတွေကပါ ဒီဥပဒေတွေ  ဟာ တဘက်သတ်ရေးဆွဲထားတဲ့ဥပဒေတွေဖြစ်တယ်  ၊ မျှတမှုမရှိဘူး ၊ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်  အတွက် တမင်ရည်ရွယ်ပြီးထုတ်ပြန်တာဖြစ်တယ်  ၊ NLD နဲ့ဒေါ်အောင်ဆန်းစုကြည်ကို  ခွဲထုတ်တာ ဖြစ်တယ် ၊ စသဖြင့်  ၀ိုင်းဝေဖန်ကြမယ်ဆိုတာ သူတို့တွက်ပြီးသားပါ  ၊ သိက္ခာမဲ့တဲ့ကြေငြာချက်ဖြစ်  တယ်ဆိုတာ သိသိနဲ့ ထုတ်ပြန်ခဲ့တာ  ဘာကြောင့်လဲ ။
 
နှစ်ချက်ရှိပါတယ်  ၊ တစ်ချက်က NLD ပဲဖြစ်ဖြစ် ၊  ရွှေဂုံတိုင်ကြေငြာစာတမ်းပဲဖြစ်ဖြစ်  ၊ ဘယ်နိုင်ငံ ဘယ်အဖွဲ့အစည်းပဲဖြစ်ဖြစ်  ၊ ဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်  စောက်ဂရုမစိုက်ဘူးလို့ ပြတာပါ  ။နောက်တစ် ချက်က ရွေးကောက်ပွဲဆိုတဲ့ခေါင်းစဉ်နဲ့  ဖြတ်သန်းသင့်တယ် ၊ မဖြတ်သန်းသင့်ဘူး  ၊ မျှတတယ် ၊ မမျှတဘူး ငြင်းခုန်ကြတာတွေလိုချင်လို့ကို  တမင်လုပ်တာပါ ။
 
စစ်အုပ်စုက  လက်တွေ့လုပ်ငန်းစဉ်တွေမှာမပြောနဲ့  စာရွက်ပေါ်မှာတောင် ဘယ်တုန်းကမျှတခဲ့ဘူး  တာရှိလို့လဲ ၊ ဘယ်နေရာမှာမှ  ဘယ်တုန်းကမှ မမှန်ခဲ့မမျှတခဲ့တာသိသိနဲ့  ၊ ဒါမမှန်ဘူးလို့ တချက်ခြင်းလိုက်ထောက်ပြောပြီး  သူတို့ကိုနေရာပေးဆွေးနွေးသလိုဖြစ်တာမျိုး  လိုချင်လို့ကို တမင် ထုတ်ပြန်တာပါ  ။ခုလို NLD တွေ ၊ ဒီမိုကရေစီအင်အားစုတွေ  အချင်းချင်းသဘောထားကွဲပြီး  တကယ်လုပ်ရမဲ့ တိုက်ပွဲအကောင်ထည်ဖေါ်ရေး  အစီစဉ်တွေမဆွေးနွေးဖြစ်အောင်  လုပ်လိုက်တာပါ။
 
တကယ်တမ်းက  ပြည်သူတွေအုံကြွတော့မဲ့အရိပ်အခြေတွေ  သူတို့မြင်နေရလို့ ၊ ရွေးကောက်ပွဲပြန်  လုပ်မယ်ဆိုတဲ့ခေါင်းစဉ်ပြ  ခဏဟန့်ထားလို့ရမလားလို့ ၊  အာရုံလွှဲတာပါ ။ နေ၀င်းခေတ်မှာ  ၂၆ နှစ်၊ စောမောင်ခင်ညွှန့်သန်းရွှေခေတ်မှာ  ၂၂နှစ်နဲ့ ၊ နှစ်ပေါင်း၅၀နီးပါး  မွဲပြာကျနေတဲ့ပြည်သူတွေက  ၊ သူတို့ရဲ့မျိုသိပ်နေရမှုတွေကို  ပွင့်အံဘို့ ၊ မချိတင်ကဲအံခဲခံစားနေရတာတွေကို  ပေါက်ကွဲပလိုက်ဘို့၊ မိုးထားတဲ့သေနတ်ပြောင်းတွေကိုမော်ကြည့်နေကြပြီ  ၊ စက်ရုံအလုပ်ရုံတွေဆီက နေ့စဉ်နဲ့အမျှ  များပြားလာနေတဲ့တောင်းဆိုမှုတွေက  သူတို့ကိုခြောက်လှန့်နေပြီ  ။
 
ရှစ်လေးလုံးလူထုအရေးတော်ပုံကြီးတုန်းကလဲ   တစ်တိုင်းတစ်ပြည်လုံးအုံကြွတောင်းဆိုနေတာကို  ပစ်ခတ်သတ်ဖြတ်အာဏာသိမ်းခဲ့ပြီး  တက်နေတဲ့နိုင်ငံရေးအရှိန်အဟုန်မှာ  ခံချဘို့စိုင်းပြင်းနေတဲ့  လူထုကြီးကို ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲလုပ်ပေးမယ်  ၊ ပါတီတွေထောင်ကြပါ ဆိုပြီး  ၁၉၉၀ ရွေး ကောက်ပွဲနဲ့ အာရုံလွှဲခံခဲ့ရတယ်  ၊ အဲဒီတုန်းကသာ ပြီးရင်စစ်တန်းလျားပြန်မှာပါ  ဆိုတဲ့ လူသတ်ကောင်တွေရဲ့ကတိကိုမယုံပဲ  ရှစ်လေးလုံးရဲ့အရှိန်အဟုန်နဲ့ဆက်တိုက်ပွဲဝင်ဖြစ်ခဲ့ရင်  ၊ ဖိနှိပ်ခံ ဘ၀ ဒီလောက်ကြာခဲ့နိုင်ပါ့မလား  ။
 
အာရုံလွှဲမခံကြပါနဲ့တော့   ။ အလုပ်သမားတော်လှန်ရေးတွေဖြစ်လာနိုင်ခြေမြင်လို့  ၊ တိုင်းရင်းသား တွေနဲ့ တိုက်ပွဲတွေပြန်ဖြစ်တော့မဲ့အခြေအနေတွေမြင်လို့   ၊ အားလုံးကိုအာရုံလွှဲတဲ့  ရွေးကောက်ပွဲ ဥပဒေဆိုတာကို  ကသောင်းကနင်းထုတ်ပြန်ခဲ့တာ  ၊ မမျောပါကြပါနဲ့ ၊ တကယ်လုပ်ရမဲ့အလုပ်တွေ  (ပြည်သူလူထုကြီးနဲ့ထပ်တူ  တိုက်ပွဲဝင်ဘို့ ) အတွက်သာ  ပြင်ဆင်ကြပါ ၊ ပြည်သူတွေကို  တိုက်ပွဲ ၀င်ဘို့ ဦးဆောင်လမ်းပြကြပါ  ၊ NLD ထဲက ပြည်သူ့သူရဲကောင်းတွေနဲ့  စစ်အုပ်စုထိပ်တိုက်တွေ့ တော့မှာကို  ၀ိုင်းရံကြပါ ၊ တစ်ဗိုလ်ကျတစ်ဗိုလ်တက်  တိုက်ပွဲဝင်နိုင်ဘို့ ပြင်ကြပါ  ၊ စစ်အုပ်စုက အသက်ရှစ်ဆယ်ကျော်အဖိုးကြီး  - ဘဘဦးဝင်းတင်တို့ ဦးတင်ဦးတို့ကိုတောင်  ပြန်ဖမ်းနိုင်ပါသေး တယ် ၊  စစ်အုပ်စုက သူတို့အာဏာတည်မြဲရေးအတွက်  ဘာမဆိုလုပ်ဘို့ဝန်မလေးတာ  မမေ့လျော့ ကြပါနဲ့ ၊ တိုက်ပွဲက  ကပ်နေပါပြီ ၊ ဘဘဦးဝင်းတင်ပြောတဲ့  မကြောက်တရားလက်နက် ၊ သွေးစည်း  ညီညွတ်ရေးလက်နက် ၊ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးရည်မှန်းချက်ပန်းတိုင်  တစ်ခုထဲချမှတ် ရှေးရှုရင်ဆိုင်ချီတက်ရေးလက်နက်  တွေကိုင်စွဲထားပြီး NLD နဲ့ထပ်တူ  ၊ ပြည်သူကိုဦးဆောင် တိုင်ပွဲ  ၀င်ကြပါစို့ ။
 
စစ်အာဏာရှင်စနစ်  မုချကျဆုံးရမည် ။
 
ဒီမိုကရေစီအရေးတော်ပုံ   အောင်ရမည် ။
 
ယုံကြည်ချက်ဖြင့်
 
ရဲဘော်ဗိုလ်သူ