27 March 2010

ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲမှာပါဝင်ခွင့်မရှိလျှင် ဂျပန်အစိုးရမှ လူသားချင်းဆိုင်ရာထောက်ပံမှုများလုံးဝရပ်ဆိုင်းဖို့ စဉ်းစားနေကြောင်းထုတ်ပြန်




ဒီနှစ် မြန်မာနိုင်ငံမှာ ကျင်းပပြုလုပ်မဲ့ (၂၀၁၀)ရွေးကောက်ပွဲမှာ နေအိမ်အကျယ်ချုပ်ချခံထားခြင်း
ခံရသောဒေါ်အောင်ဆန်းစုကြည် အား ပါဝင်ခွင့်မရအောင်ပြုလုပ်ထားခြင်းနှင့်ပတ်သတ်၍ ဂျပန်နိုင်ငံ
ခြားရေးဝန်ကြီး Okadaမှ မြန်မာနိုင်ငံအားလူသားချင်းဆိုင်ရာအထောက်အပံ့များ၊ စီးပွားရေးဆိုင်ရာ
ထောက်ပံ့ငွေများရပ်ဆိုင်းဖို့စဉ်းစားနေတယ်လို့ပြောဆိုလိုက်ပါတယ်။

မြန်မာစစ်အစိုးရမှ ဒီလ(၈)ရက်နေ့က ရွေးကောက်ပွဲဆိုင်ရာ ဥပဒေသစ်များကို ထုတ်ပြန်ခဲ့ပြီး
ဒီဥပဒေထဲမှာဒေါ်အောင်ဆန်းစုကြည် ပါဝင်ခွင့်မရနိုင်တာဂျပန်အစိုးရမှထောက်ပြပြောဆိုနေပါတယ်။
ပါဝင်ခွင့်ရအောင် ပြန်လည်စဉ်းစားစေလိုကြောင်းပြောဆိုလိုက်ပါတယ်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီးOkadaမှ(၂၆)ရက်နေ့ကပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာဒေါ်အောင်ဆန်းစု
ကြည်ဟာ (၂၀၁၀)ရွေးကောက်ပွဲမှာဦးဆောင်ပါဝင်နိုင်မှာမဟုတ်ဘူးဆိုတာသိတဲ့အတွက် တော်တော်
လေးဝမ်းနည်းကြောင်းပြောဆိုသွားခဲ့ပါတယ်။

အဲဒီနေ့မှာဘဲဂျပန်နိုင်ငံရှိဂျပန်နိုင်ငံဆိုင်ရာမြန်မာသံအမတ်ဦးလှမင်းအား၎င်းကိစ္စနှင့်ပတ်သတ်
၍ ခေါ်ယူတွေ့ဆုံခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားများပါဝင်ခွင့်မရှိလျှင်
ဂျပန်အစိုးရမှ စီးပွားရေးဆိုင်ရာထောက်ပံ့ငွေများ ရပ်ဆိုင်းဖို့စဉ်းစားနေတယ်လို့ပြော
ဆိုလိုက်ပါတယ်။မြန်မာသံအမတ်ဦးလှမင်းကလည်းဂျပန်နိုင်ငံကထောက်ပံ့မှုဖြတ်တောက်
ဖို့စဉ်းစားနေတဲ့ကိစ္စကိုနအဖစစ်အစိုးရကို အကြောင်းပြန်လိုက်မှာဖြစ်ကြောင်းပြောဆိုတယ်
လို့သိရပါတယ်။

သတင်း ။။ ဒေါင်းမာန်ဟုန်



ပြန်လည်ပေးပို့ ပေးသော ကိုဒေါင်းမာန်ဟုန် အားကျေးဇူးတင်ပါသည်.။