24 March 2010

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) တည်ထောင်ခြင်း( ၁၀ )နှစ်ပြည့် အခမ်းအနားသတင်းဓာတ်ပုံ



နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)
တည်ထောင်ခြင်း( ၁၀ )နှစ်ပြည့် အခမ်းအနား

မတ်လ ၂၃၊ ၂၀၁၀

အခမ်းအနား အစီအစဉ်များ

၁။ အခမ်းအနားဖွင့်လှစ်ကြောင်း ကြေညာခြင်း

၂။ ဂုဏ်ပြုခြင်း အစီအစဉ်

ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ စစ်အာဏာရှင်ဆန့်ကျင်ရေး
တိုက်ပွဲကာလအတွင်း ကျဆုံးသွားသာ ရဲဘော်များအတွက် ဂုဏ်ပြုသောအားဖြင့် “၈
စက္ကန့် ငြိမ်” ကာ ဂုဏ်ပြုခြင်း။

ခြေချင်းခတ် အကျဉ်းသားဟောင်းများ ခန်းမထဲသို့ ၀င်လာပြီး “ပုံစံ”














နှင့် “ပုံစံကြီး” သရုပ်ပြကာ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးဆောင်ပုဒ်အား လွှင့်ထူခြင်း

၃။ အဖွင့်စကားနှင့် အေအေပီပီ၏ ဖြတ်သန်းမှုသမိုင်းအား မိတ်ဆက်ခြင်း

(အေအေပီပီ အတွင်းရေးမှုး ကိုတိတ်နိုင်)

၎။ တက်ရောက်လာသော ဧည့်သည်တော်များမှ အမှတ်တရ စကားပြောကြားခြင်း

(က) မန်းငြိမ်းမောင် အေအေပီပီ၏ အကြံပေးအဖွဲ့ဝင်၊
နိုင်ငံရေးအကျဉ်းသားဟောင်း ကိုကိုးကျွန်းပြန်။ အမျိုးသား
ဒီမိုကရေစီမဟာမိတ်တပ်ပေါင်းစု တွဲဘက်အတွင်းရေးမှူး

(ခ) ဒေါ်စန်းစန်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ အစည်းအရုံး ဒု-ဥက္ကဌ

(ဂ) ဦးမြင့်သိဏ်း ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားကောင်စီ
တွဲဘက်အထွေထွေအတွင်းမှုး (၁)

(ဃ) ကိုအောင်မိုးဇော် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဌ

(င) ကိုနိုင်အောင် မြန်မာနိုင်ငံ ဒီမိုကရက်တစ်အင်အားစု အတွင်းရေးမှုးချုပ်

(စ) ဦးဇ၀န နိုင်ငံရေးအကျဉ်းသားဟောင်း၊ အကျဉ်းထောင်တွင်း ၁၆
နှစ်ကျော်နေခဲ့၊

(ဆ) ဒေါ်ခင်စိုးမြင့် အကျဉ်းထောင်တွင်း ကွယ်လွန်သွားခဲ့သော
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစောဝင်း၏ ဇနီး၊ ထောင်ဒဏ် ၆၅
နှစ်ကျခံနေဆဲဖြစ်သော ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဇော်ဇော် မင်း၊
မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး
တွဲဘက်အတွင်းရေးမှုး ၁ ၊ ဆလိုင်း ယောအောင်၏ မွေးမိခင်၊ ၂၀၀၇
ကျောင်းသားသမဂ္ဂခေါင်းဆောင်တဦးဖြစ်သော ဒီငြိမ်းလင်း၏ အဖွား၊

` (ဇ) ကိုငွေလင်း နိုင်ငံရေးအကျဉ်းသားဟောင်း၊
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တွဲဘက် အထွေထွေ အတွင်းရေးမှုး၊ ၁၉၇၄၊ ၁၉၉၀၊
၁၉၉၆ ခုနှစ်များတွင် ထောင်ဒဏ် ၃ ကြိမ်ကျခံခဲ့ရပြီး အကျဉ်းထောင်များအတွင်း
၁၀ နှစ်ကျော်နေထိုင်ခဲ့ရသော၊

` (ဈ) ကိုမိုးဆွေ အေအေပီပီစတင်ဖွဲ့စည်းစဉ်ကတည်းက အနီးကပ်ကူညီခဲ့သူ တဦးဖြစ်


၅။ အခမ်းအနား တက်ရောက်သူများအား ကျေးဇူးတင်စကားပြောကြားခြင်း

(အေအေပီပီ တွဲဘက်အတွင်းရေးမှုး ကိုဘိုကြည် )

၆။ ဆုတောင်း၊ ကြွေးကြော်ခြင်း

အခမ်းအနား မစတင်မှီ ပေးဝေထားသော နိုင်ငံရေးအကျဉ်းသားများ၏ ဓာတ်ပုံများကို
မြှောက်၍ ၎င်းတို့ လွတ်မြောက်ရေးအတွက် “Free all Political Prisoners” ဟု ၃
ကြိမ် ကြွေးကြော်ကာ ဆုတောင်းခြင်း

၇။ အခမ်းအနား ပြီးဆုံးကြောင်း ကြေညာခြင်း။


ဤအခမ်းအနားကိုထိုင်း-မြန်မာ နယ်စပ်တနေရာတွင်ပြုလုပ်ခဲ့ပြီး၊ နိုင်ငံရေးအကျဉ်းသားဟောင်း
ကိုမိုးမြတ်သူ နှင့်
မဆုမွန်တို့က အခမ်းအနားအစီအစဉ်ကိုတာဝန်ယူဆောင်ရွက်ပေးခဲ့ကြပါသည်.။


အခမ်းအနားပြီးသည့်နောက် အေအေပီပီမှ ထုတ်ဝေမည့်စာအုပ်နှင့် ပတ်သက်၍
သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါသည်။