26 March 2010

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တာဝန်ရှိသူများကိုနိုင်ငံခြားသံတမန်များ တွေ့ဆုံ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တာဝန်ရှိသူတွေကို ပြင်သစ်သံအမတ် အပါအ ဝင် နိုင်ငံခြားသံတမန်တချို့က တွေ့ဆုံပြီး အဖွဲ့ချုပ်လုပ်ငန်းတွေကို မေးမြန်းသွားပါတယ်။ ရန်ကုန် ရွှေဂုံတိုင်လမ်းရှိ အဖွဲ့ချုပ်ရုံးချုပ်ကို မြန်မာနိုင်ငံဆိုင်ရာပြင်သစ်သံအမတ်ကြီး၊ တောင်ကိုရီးယားသံမှူးတို့က ဒီနေ့လာရောက်တွေ့ဆုံသွားတာလို့ အဖွဲ့ချုပ်ပြန်ကြားရေးအဖွဲ့ဝင် ဦးဉာဏ်ဝင်းက ပြောကြားပါတယ်။


“တောင်ကိုရီးယားနိုင်ငံကသံမှူးတဦးနဲ့ တောင်ကိုရီးယား စီအောမြို့ကနေ ဗမာပြည်လာ လည်တဲ့ သံမှူးတဦးတို့ ဒီနေ့ ၂ နာရီလောက်မှာ သူတို့နဲ့တွေ့ပါတယ်၊ ကိစ္စကတော့ အထူး အထွေ သတ်မှတ်ထားတာမရှိပါဘူး၊ နောက်ဆုံး အန်အယ်ဒီရဲ့အခြေအနေတွေ အန်အယ်ဒီရဲ့ ရှေ့လုပ်ငန်းစဉ်တွေကို မေးတဲ့သဘောပါပဲ။



ပြင်သစ်သံအမတ်ကြီးက ကျနော့်ကို ၃ နာရီမှာတွေ့ပါ တယ်၊ မနေ့က ဒေါ်အောင်ဆန်းစုကြည်က မှတ်ပုံတင်ခြင်း၊ ရွေးကောက်ပွဲသဘောထားတွေကို မေးပါတယ်။ ကျနော်တို့ကလည်း အရှိအတိုင်း ကျနော်တို့သိတာကို ပြောပြခဲ့ပါတယ်။” နအဖရဲ့ ရွေးကောက်ပွဲဥပဒေနဲ့ပတ်သက်ပြီး တရားစွဲတဲ့လျှောက်လွှာကို တရားရုံးဝန်ထမ်း တွေက ငြင်းပယ်လိုက်တဲ့အတွက် ဆက်လက်ဆောင်ရွက်ဖို့ စီစဉ်နေတယ်လို့လည်း ဦးဉာဏ်ဝင်းက ပြောပါတယ်။ ဒီတရားစွဲတဲ့ကိစ္စဟာ ပါတီမှတ်ပုံတင်ရေးမတင်ရေးနဲ့ မသက်ဆိုင်ဘဲ သီးခြား ဆက်လက် ဆောင်ရွက်သွားမှာပါလို့လည်း ဆိုပါတယ်။



ရွေးကောက်ပွဲဥပဒေတွေဟာ တရားမျှတမှုမရှိတဲ့အ တွက် အဖွဲ့ချုပ်မှတ်ပုံတင်ရေးကို လက်မခံနိုင်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ဆန္ဒကို မနေ့ကပဲ ထုတ်ဖော်ပြာကြားထားပါတယ် အဖွဲ့ချုပ်အနေနဲ့ ပါတီမှတ်ပုံမတင်၊ ရွေးကောက်ပွဲမဝင်ဘဲ အတိုက်အခံပါတီအဖြစ် ဆက် လက်ရပ်တည်လို့ မဖြစ်နိုင်ဘူးလားဆိုတာနဲ့ပတ်သက်ပြီး ဦးဉာဏ်ဝင်းက အခုလို ပြောကြားပါ တယ်။ “အန်အယ်ဒီအနေနဲ့တော့ ရပ်တည်ခွင့်မရှိဘူး၊ အန်အယ်ဒီအလံမရှိဘူး၊ အန်အယ်ဒီဆိုင်း ဘုတ်မရှိဘူး၊ ဒါပေမယ့် နိုင်ငံရေးအရ ဒီလိုဆုံးဖြတ်ခြင်းအားဖြင့် ပိုမိုပြီးတော့ ပြည်သူထောက်ခံမှု ရမယ်၊ ပိုမိုပြီးတော့ နိုင်ငံရေးလှုပ်ရှားနိုင်တယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်။”



ဒေါ်အောင်ဆန်းစုကြည်နဲ့ မနေ့ကတွေ့ခွင့်ရတုန်းက လက်ရှိနိုင်ငံရေးအခြေအနေအ ကြောင်း ဆွေးနွေးကြပြီး တရားဥပဒေဘောင်အတွင်းက ဆောင်ရွက်ရမယ့် လုပ်ငန်းတာဝန်တချို့ကို ဒေါ်အောင်ဆန်းစုကြည်ကညွှန်ကြားလိုကြောင်း၊ ဒီအကြောင်းကို အခုလောလောဆယ် မပြောပြနိုင်ကြောင်း ဦးဉာဏ်ဝင်းက ပြောကြားပါတယ်.။


သတင်းရင်းမြစ်..DVB