မအူပင် ကွန်ပျူတာတက္ကသိုလ်မှ ကျောင်းသား ၁၃ ယောက်အား
ကျောင်းခေါ်ကြိမ် မပြည့်စုံဆိုသည့် အကြောင်းပြ ချက်ဖြင့်
ကျောင်းအုပ်ကြီးနှင့် မော်ကွန်းထိန်းတို့မှ စာမေးပွဲဖြေဆိုခွင့် မပေးဟု
ထုတ်ပြန်ထားသည်။ ယင်းကိစ္စနှင့် ပတ်သက်ပြီး ကျောင်းသားများမှ သမ္မတထံ
တိုင်းကြားသည့် စာတွင် ဖော်ပြထားသည်။
ယင်းကျောင်းသားများအား
ညွှန်ကြားရေးမှူးအမိန့်စာအရ၊ ကျောင်းပညာရေးအဖွဲ့မှ ခေါ်ယူတွေ့ဆုံခဲ့ပြီး
စာမေးပွဲဖြေဆိုခွင့် ပေးထားပြီးဖြစ်သည်။ ၎င်းတို့ထပ် ကျောင်းခေါ်ကြိမ်နည်းသော
သူများကို စာမေးပွဲဖြေဆိုခွင့် ပြုထားမှုများရှိနေသည်။ ကျောင်းခေါ်ကြိမ်
နည်းသော ကျောင်းသူတဦးထံ မှ ကျောင်းအုပ်ဆရာမ ဒေါ်သဲနုဖြူ၊ မော်ကွန်းထိန်း
ဒေါ်ဝင်းဝင်းမာ တို့မှ ငွေ ၅ သိန်းစီ ယူပြီး စာမေးပွဲဖြေဆိုခွင့်ပေးကာ၊
အခြား ကျောင်းသားများကိုလည်း ဖြေဆိုခွင့်ပေးထားသည်။ ယခု ကျောင်းသား ၁၃
ဦးတွင် မအူပင် ဗကသ ဥက္ကဋ္ဌ ကိုသီဟတင့်လွင် (ဂုဏ်ထူးတန်း) နှင့် အဖွဲ့ဝင်
ကိုလှမျိုးဟန် နှင့် ကိုပြည့်စုံထွန်းတို့ ပါရှိသည်။ ဗကသအဖွဲ့ဝင်များ
ဖြစ်သောကြောင့် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်သည့် ကိစ္စဖြစ်သည်။
တက္ကသိုလ်စာမေးပွဲများကို လာမည့် စက်တင်ဘာ ဒုတိယပတ်တွင် ပြုလုပ်မည် ဖြစ်ရာ၊
စာမေးပွဲ အလွန်နီးကပ်နေပြီး၊ အခြားဆရာ၊ ဆရာမများ၊ မိဘနှင့် ကျောင်းသားများ
သဘောမတူသည့်ကြားမှ သူတို့ ၂ ဦးတည်း သဘောထားဖြင့် လုပ်ဆောင်ခဲ့သည့်
လုပ်ရပ်ဖြစ်ပြီး၊ လာဘ်စားမှု၊ မမျှတမှုများ လုပ်ဆောင်နေခြင်း ဖြစ်သည်။
ကျောင်းသား ၁၃ ဦး စာမေးပွဲ ဖြေခွင့်ရရေးမှာ အလွန်အရေးကြီးနေပြီး၊
ကျောင်းထုတ်ခံရနိုင်သည့် အခြေအနေရှိသည်။ ယင်းကိစ္စအား သမ္မတနှင့် အာဏာပိုင်
အဆင့်ဆင့်မှာ အရေးယူဆောင်ရွက်ရန် တိုင်ကြားထားပြီး၊ ကျနော်တို့
သမဂ္ဂအသီးသီးမှ ဝိုင်းဝန်းတောင်းဆိုကြရန် သတင်းထုတ်ပြန်လိုက်ပါသည်။
သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်