30 August 2012

့မြန်မာအစိုးရက အမည်မည်းစာရင်း (Black list) မှ ဒေါ်အောင်ဆန်းစုကြည်၏ သားနှစ်ဦးဖြစ်သော Aris, Alexander နှင့် Aris Kimတို့ နှစ်ဦးအပါဝင် ၂၀၈၂ဦးပယ်ဖျက်လိုက်

မြန်မာအစိုးရက အမည်မည်းစာရင်း (Black list) မှပယ်ဖျက်လိုက်သော လူပုဂ္ဂိုလ်၂၀၈၂ဦး၏စာရင်းကို နိုင်ငံတော်သမ္မတရုံးဝက်ဘ်ဆိုက်မှထုတ်ပြန်ကြေညာလိုက်သည်။ အဆိုပါစာရင်းတွင် ဒေါ်အောင်ဆန်းစုကြည်၏ သားနှစ်ဦးဖြစ်သော Aris, Alexander နှင့် Aris Kimတို့ နှစ်ဦးပါဝင်သည်။ အမည်မည်းစာရင်းမှ ပယ်ဖျက်လိုက်သူများစာရင်းတွင် ဗိုလ်ဗိုလ်ကျော်ငြိမ်း၊ စက်တင်ဘာလဆန်းတွင် မြန်မာနိုင်ငံသို့ပြန်လာမည့် မိုးသီးဇွန်(ခေါ်)မိုးသီး၊ ကိုကိုအောင်၊ အောင်ဒင် စသောပုဂ္ဂိုလ်များပါဝင်သည်ကိုတွေ့ရသည်။ 

စာရင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင်သွားရောက်ကြည့်ရှုနိုင်ပါသည်။
 www.president-office.gov.mm 
http://www.president-office.gov.mm/briefing-room/daily-news/news1266