01 September 2012

ABSDF ဥက္ကဋ္ဌဟောင်း ဒေါက်တာနိုင်အောင် ရန်ကုန်ပြန်ရောက်

သြဂုတ်လ ၃၁ရက်နေ့ နေ့လည် ၂နာရီ၌ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ဥက္ကဋ္ဌဟောင်း ဒေါက်တာနိုင်အောင် သည် ထိုင်းနိုင်ငံဘန်ကောက်မြို့မှ ရန်ကုန်အပြည်ပြည်ဆိုင် ရာလေဆိပ်သို့ ရောက်ရှိကြောင်း သိရသည်။

ယင်းသို့ ပြည်ပနိုင်ငံမှ ပြန်လည်ရောက်ရှိလာသည့် ဒေါက်တာနိုင်အောင်နှင့် အတူ ပြည်ပအခြေစိုက် နိုင်ငံရေးခေါင်းဆောင်အချို့ဖြစ် သည့် ဒေါက်တာသောင်းထွန်းနှင့် ဦးညိုအုန်းမြင့်တို့ပါဝင်ကြောင်း သိရှိရပြီး ၎င်းတို့အား ပြည်တွင်းမှ နာမည်ကြီး ပုဂ္ဂိုလ် အချို့ဖြစ်သည့် သရုပ်ဆောင် ဦးသူရ(ခ) ဇာဂနာ၊ ဒေါက်တာကျော်ရင်လှိုင်နှင့် ဦးလှမောင်ရွှေတို့မှ လာရောက်ကြိုဆိုကြကြောင်း သိရှိရသည်။ 

 ထို့ပြင်အဆိုပါ ဒေါက်တာနိုင်အောင်နှင့်အဖွဲ့ ရန်ကုန်လေဆိပ်သို့ ရောက်ရှိသည့်အချိန်၌ သတင်းလာရောက်ရယူကြသည့် သတင်းမီဒီယာများ အား ဒေါက်တာနိုင်အောင်နှင့်အဖွဲ့အား လာရောက်ကြိုဆိုသည့်သူများထဲမှ သရုပ်ဆောင် ဇာဂနာမှ ဆဲဆိုမှုပြုလုပ်သွားကြောင်း အဆိုပါနေရာ၌ သတင်း ယူနေသည့် သတင်းမီဒီယာသမားတစ်ဦး၏ ပြောပြချက်အရ သိရသည်။ 

"ကျွန်တော်တို့ သတင်းသမားတွေဆိုတာက သတင်းဦးရရှိဖို့နဲ့ ဓါတ်ပုံကောင်းကောင်းရရှိဖို့က ပထမပါ။ ပွဲတိုင်းပွဲတိုင်းမှာ ကြည့်ရင်လည်း သိနိုင်ပါတယ်။ သူ့စည်းနဲ့သူပဲ။ သတ်မှတ်ပေးတဲ့နေရာ ထက် ကျော်လို့ ပြောတယ်ဆိုရင် ဒါလက်ခံလို့ရ တယ်။ အခုဟာက ဘာမှစည်းမထားပဲနဲ့ ဆဲဆိုသွား တာပါ။ သူ့အနေနဲ့ နိုင်ငံခြားသတင်းတွေကြည့်ဖူးတာပဲ။ ဘယ်နိုင်ငံမှာရှိလဲ။ ဒီနေ့လို ဇာဂနာကပြော တယ်ဆိုတာ သူ့အစား တော်တော်ရှက်ဖို့ကောင်း တယ်။ ပျက်လုံးနဲ့ နိုင်ငံရေးမက်ဆေ့ခ်ျပေးဖို့ ကြိုးစားနေတဲ့လူလည်း နိုင်ငံရေးသမားပါပဲ။ အပါးဝတဲ့ နိုင်ငံရေး သမား ဖြစ်နိုင် ပါစေ ဗျာ"ဟု ပြည်ပအခြေစိုက် ရိုက်တာ သတင်းဌာနမှ ဗီဒီယိုသတင်းထောက် တစ်ဦးက ပြောကြားသည်။ 

ထို့ပြင် စက်တင်ဘာလ ၁ရက်နေ့ မနက် ၈နာရီကျော်ခန့်တွင် မိုးသီးဇွန်မှ ရန်ကုန်သို့ ပြန်လည်ရောက်ရှိမည်ဟုလည်း သတင်းများအရ သိရှိရသည်။

သတင်း.... yangonchronicle