29 August 2012

အမည်မည်းစာရင်းမှ ပယ်ဖျက်ခြင်းခံရသည့် ပြည်ပရောက် မြန်မာနိုင်ငံသားများ မြန်မာနိုင်ငံသို့ ပြန်လာနိုင်ရေးအတွက် ခွင့်ပြုပေးသွားမည်

နိုင်ငံတော်အစိုးရသည် လက်ရှိ အခြေအနေတွင် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ဒီမိုကရေစီစနစ် ကို ဖော်ဆောင်လျက်ရှိပြီး နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကိုလည်း အလေးထား အကောင် အထည်ဖော် ဆောင် ရွက်လျက်ရှိသည်။
ယခင်က နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်နိုင်ခြင်းအလို့ငှာ ကုမ္ပဏီများ၊ နယ်ပယ်
အသီးသီးမှ လူပုဂ္ဂိုလ်များ၊ သတင်း မီဒီယာသမားများအပါအဝင် အချို့အား အကြောင်းအမျိုးမျိုးကြောင့် အမည်မည်း စာရင်း (Black List) သတ်မှတ်ရေးသွင်းပြီး ကန့်သတ်မှုများ ဆောင်ရွက်ထားရှိခဲ့သော်လည်း ယခုအခါ ပြောင်းလဲ လာသော ခေတ် စနစ်နှင့်အညီ ဖြေလျော့ပေးမှုများ ဆောင်ရွက်ပေးလျက်ရှိသည်။
ယခင်သတ်မှတ်ထားသည့် အမည်မည်းစာရင်းဝင် စုစုပေါင်း (၆၁၆၅) ဦးရှိသည့်အနက် ပြောင်းလဲလာသည့် မူဝါဒ
များနှင့် အညီ စိစစ်ဆောင်ရွက်ပြီး စုစုပေါင်း (၂ဝ၈၂) ဦးအား အမည်မည်းစာရင်းမှ ပယ်ဖျက်၍ ဖြေလျော့ ပေးလိုက်ကြောင်း နှင့် အမည်မည်း စာရင်းမှ ပယ်ဖျက်ခြင်းခံရသည့် ပြည်ပရောက် မြန်မာနိုင်ငံသားများ မြန်မာနိုင်ငံသို့ ပြန်လာနိုင်ရေးအတွက်ခွင့်ပြုပေး သွားမည်ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာ တွင် ဖော်ပြပါရှိသည်.။