02 April 2012

၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲနေ့ ယှဉ်ပြိုင်ရာ ၄၄ နေရာလုံး NLD နိုင်ပြီဟုဆို

ဧပြီလ ၁ ရက်နေ့တွင် ကျင်းပပြီးစီးသွားသည့် ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ပြည်နယ်နှင့်တိုင်းအသီးသီးမှ မဲဆန္ဒနယ် ၄၄ နေရာလုံးတွင် အနိုင်ရရှိသွားကြောင်း NLD ရုံးချုပ်မှ သိရသည်။

၄၄ နေရာအနက် ၃၈ နေရာမှာ မဲရေတွက်ပြီးဖြစ်ကာ ကျန် ၆ နေရာတွင် မဲရေတွက်ဆဲဖြစ်သော်လည်း NLD ကိုယ်စားလှယ်လောင်းများက ပြိုင်ဘက်များအား မဲအရေအတွက် အများအပြား အသာဖြင့် ဦးဆောင်ပြီး
သေချာနေသည့်အတွက် ၎င်းတို့ အနိုင်ရရှိပြီးဖြစ်ကြောင်း ရုံးချုပ်သို့ ဖုန်းဖြင့် သတင်းပို့လာသဖြင့် ယခုကဲ့သို့ ယှဉ်ပြိုင်နေရာအားလုံး အနိုင်ရရှိသည်ဟု ဆိုနိုင်ခြင်းဖြစ်သည်။


တနင်္လာနေ့ နံက်နက်တွင် မဲအနိုင်ရရှိမှု အသေးစိတ်စာရင်းကို NLD မှ ထုတ်ပြန်ကြေညာမည် ဖြစ်ကြောင်း သိရသည်။

သတင်း.... (မဇ္ဈိမ)