01 April 2012

မြိတ်ခရိုင် ကျွန်းစုကျေးရွာ အောင်မြေနင်းနေတဲ့ ခွပ်ဒေါင်း ဆန္ဒမဲများ..

ကျွန်းစုမြို့နယ် မဲဆန္ဒနယ် အတွင်းရှိ မြန်မာ တာဆာကီ၊ ရေကန်တောင် ကျေးရွာအုပ်စုတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ၁၂၁ မဲ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၁၄ မဲ၊ ပသျူးချောင်း ကျေးရွာ၊ ကံမော် ကျေးရွာအုပ်စုတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ၇၇ မဲ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၁၃ မဲနှင့် ပယ်မဲ ၅ မဲ အသီးသီး ရလဒ်ထွက်ပေါ်ခဲ့ပြီး မနွဲ့ကျေးရွာ ရေမျက်ကြီး ကျေးရွာအုပ်စုတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ၇၀ ရာခိုင်နှုန်း၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၃၀ရာခိုင်နှုန်းဖြင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အနိုင်ရရှိကြောင်း ကျွန်းစုမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ထုတ်ပြန်ခဲ့သော သတင်းများအရ သိရသည်။