04 April 2012

မင်းအောင်လှိုင်အား ဒုတိယဗိုလ်ချုပ်မှူးကြီး ခန့်အပ်ကြောင်း နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြ

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်အား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးအဖြစ် ခန့်အပ် ကြောင်း မတ်လ ၃ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် သုံးနှုန်းဖော်ပြခဲ့သည်။

နိုင်ငံပိုင်သတင်းစာများဖြစ်သည့် မြန်မာ့အလင်း၊ ကြေးမုံ၊ မြဝတီနှင့် News Light of Myanmar သတင်းစာပါ “ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ အကြိမ်(၂၀)မြောက် အာဆီယံထိပ်သီး ဆွေးနွေးပွဲ တက်ရောက်ရန် ကမ္ဘောဒီးယားနိုင်ငံသို့ ထွက်ခွာ” သတင်း တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အဖြစ် သုံးနှုန်းဖော်ပြခဲ့ခြင်းဖြစ်သည်။

“ဒါဆို ဗိုလ်ချုပ်မှူးကြီးက ဘယ်သူလဲဗျ။ ဗိုလ်ချုပ်မှူးကြီးက ဦးသန်းရွှေပဲလား။ ဘာလို့လဲဆိုတော့ ဗိုလ်ချုပ်မှူးကြီး ရွှေသန်းရွှေ အနားယူတယ် ဆိုတာကို နိုင်ငံပိုင်သတင်းစာတွေမှာ တရားဝင်ဖော်ပြခြင်းမရှိဘူး။ နိုင်ငံရေးက အနားယူသွားတယ်လို့ ဦးရွှေမန်းတို့၊ ဦးဌေးဦးတို့၊ ဦးကျော်ဆန်းတို့က ပြောနေပေမယ့် တပ်မတော်က အနားယူသွားတယ်လို့တော့ ဘယ်သူမှ မပြောကြဘူးဗျ”ပာု မြန်မာ့နိုင်ငံရေးလေ့လာနေသူ တစ်ဦးက ဆိုသည်။
မျှ
“ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာတော့ ဗိုလ်ချုပ်မှူးကြီး ရာထူးဆိုတာတော့ မရှိဘူး။ ဒီတော့ နိုင်ငံပိုင်သတင်းစာတွေရဲ့ မှားယွင်းမှုလို့ပဲ ယူဆပါ တယ်”ပာု မြန်မာ့စီးပွားရေးလေ့လာနေသူတစ်ဦးက ဆိုသည်။

သတင်း.... yangonchronicle