07 April 2012

KNU နှင့် အစိုးရတို့ ပထမဆုံးအကြိမ်ပြည်ထောင်စု အဆင့်ဆွေးနွေးပွဲတွင် ဆုံးဖြတ်ချက် ၁၃ ချက် သဘောတူ


ယမန်နေ့က Sedona ဟိုတယ်တွင် KNU(ကရင်အမျိုးသားအစည်းအရုံး) နှင့် မြန်မာနိုင်ငံအစိုးရတို့ ပထမဆုံးအကြိမ်ပြည်ထောင်စု အဆင့် ဆွေးနွေးပွဲတွင် ဆုံးဖြတ်ချက် ၁၃ ချက်ချ၍ သဘောတူလက်မှတ်ရေးထိုးခဲ့သည်။

အဆိုပါတွေ့ဆုံပွဲတွင် အဓိက အချက် ၆ ချက်ကိုဆွေးနွေးခဲ့ ပြီး အဆိုပါအချက် ၆ ချက်နှင့်ပတ်သတ်၍ အချက် ၁၃ ချက်ကို သဘောတူဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

သဘောတူဆုံခဲ့သည့်အချက် အချို့မှာ တတိုင်းပြည်လုံးအတိုင်းအတာ အပြစ်ရပ်စဲရေး ဖြစ်ပေါ်လာရန်အတွက် အဆင့်ဆင့်တိုးတက် အကောင်အထည်ဖော် လုပ်ဆောင်သွားခြင်း မူလသဘောထားကို သဘောတူလက်ခံပြီး တိုင်းရင်းသားနယ်မြေများအတွင်း စစ်မက်ဖြစ်ပွားမှုများကိုလည်း အမြန်ဆုံးရပ်စဲ ရန်ကြိုးစားလုပ်ဆောင်သွားမည်ဟု သဘောတူလက်ခံသည်။

ထို့အပြင် ပြည်တွင်း ဌာနေမဲ့ ပြည်သူလူထုများနေရပ်ဒေသသို့ ပြန်လည်းအခြေချနေထိုင်ရန်အတွက် လိုအပ် သည့်အစီအစဉ်များကို ချမှတ်လုပ်ဆောင်သွားရန်ဖြစ်ပြီး သက်ဆိုင်ရာမြေယာ ဥပဒေ ရေးဆွဲခြင်း မပြီးသေးသည့် ကာလတွင်မြေယာပြသာနာများကို ဆိုင်ရာပြည်နယ် ၀န်ကြီးချုပ်ဆီ ထံသို့တင်ပြတောင်းဆို ရန် သဘောတူလက်ခံသည်။

ဆုံးဖြတ်ချက် ၁၁ အရ တိုင်းရင်းသားအဖွဲ့အစည်းများ၊ကေအန်ယူမှချမှတ်ထားသည့် မြေယာ ဂရမ်များကို အသိအမှတ်ပြုပြီး ဓလေ့ထုံးတမ်းအရ ပိုင်ဆိုင်သည့်မြေယာ များနှင့် ဌာနေမဲ့ IDPs ဧ။်မြေယာကိစ္စများကိုလည်း ညှိုနှိုင်းဖြေရှင်း သွားမည်ဟုသဘောတူလက်ခံသည်။

ဆုံးဖြတ် ချက် ၁၂ နှင့် ၁၃ အရငြိမ်းချမ်းရေးဖြစ်စဉ်အတွက် စောင့်ကြပ်စစ်ဆေးခြင်း ( monitoring ) ကိုအဆင့် ၃ ဆင့်(နှစ်ဦးနှစ်ဖက်လက်ခံသောပုဂ္ဂိုလ်များဖြင့်ဖွဲ့စည်းစောင့်ကြည့်စစ်ဆေးခြင်း၊အခြေအနေတိုးတက်ကောင်းမွန်
သည့်အခါ နိုင်ငံတကာ စောင့်ကြပ်ကြည့်ရှုခြင်းနှင့် ငြိမ်းချမ်းရေးဖြစ်စဉ် ထားရှိရန် နှင့် ငြိမ်းချမ်းရေးဖြစ်စဉ် ပျက်စီးရန်အလားအလာမရှိသည့်အချိန်တွင် ပွင့်လင်းစွားစောင့်ကြပ်ကြည့်ရှုခြင်း)စောင့်ကြည့်ခြင်းတို့ဖြစ်သည်။

သဘောတူဆုံးဖြတ်ခဲ့သည့် အချက် ၁၃ ချက်အပြင်မှတ်ချက် အနေဖြင့် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အမျိုးသမီးများဦးဆောင်ပါဝင်မှုကိုထည့်သွင်းသွားမည်ဟူ၍ လည်းပါရှိသည်။

ယခုတွေ့ဆုံပွဲတွင်KNU ဘက်မှ အဖွဲ့ခေါင်းဆောင် အတွင်းရေးမှူးနော်စီဖိုးရာစိန် အပါအ၀င်အဖွဲ့ဝင် ၇ဦးနှင့် မြန်မာအစိုးရဘက်မှ ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးဖော်ဆောင် ရေးအဖွဲ့ရထားပို့ဆောင် ရေးဝန်ကြီး
ဌာနပြည်ထောင်စုဝန်ကြီးဦးအောင်မင်းအပါအ၀င်အဖွဲ့ဝင် ၇ ဦးတို့က သဘောတူဆုံးဖြတ်ချက် ၁၃ ချက်ကိုလက်မှတ်ရေးထိုးခဲ့သည်။

ယခုပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲနှင့်ပတ်သတ်၍ မီဒီယာများက အစိုးရဘက်မှငြိမ်းချမ်းရေး ဆွေးနွေးပွဲရဲ့ အရေးပါမှုကို မေးမြန်းရာတွင်ပြန်ထောင်စုဝန်ကြီးဦးအောင်မင်းက

“တကယ်တော့ ဒါကရောဂါကြီးတခုလို(ပြည်တွင်းစစ်ကိုရည်ညွှန်း၍ )ပဲ ယူဆပါတယ် ဒီရောဂါကြီးဖြစ်ခဲ့တာ နှစ်ပေါင်း ၆၃ နှစ်ရှိပါပြီး ဒီရော ဂါကိုလည်းနိုင်ငံတော်အစိုးရ ပေါင်း အစဉ်အဆက်က ဒီရော ဂါကိုပျောက်အောင်ကုခဲ့ပါတယ် ၊ကုခဲ့ပေမဲ့လည်းအနာနဲ့ဆေးမတည့်တဲ့ အခါကျတော့ဒီရော ဂါကမပျောက်ဘူး ၊အခုတော့ဆေးအသစ်ကိုတွေ့ပြီးဖြစ်တဲ့အတွက်အနာနဲ့ဆေးတည့်ပြီးလို့ ခန့်မှန်းလို့ရပါပြီး”ဟုဆိုသည်။

ဆေးအသစ်ဖော်ထုတ်ရာတွင် ယခင်ကဖြစ်ပျက်ခဲ့သည့်ဖြစ်စဉ်များ ကိုပြန်လည်ဆန်းစစ်ပြီး တိုင်းရင်းသားများဧ။်လိုအပ်ချက်များကို ပြန်လည်ကြည့်ရှုပြီးသည့်အခါ ရှေးသန်ခန်းစာများမှအတွေ့အကြုံများ
ကိုဖော်ထုတ်ပြီးမှသာ ဆေးအသစ်ဖော်ထုတ်ခြင်းဖြစ်သည် ဟု ၎င်းကဆက်ပြောသည်။

“ဆေးအသစ်ကလည်း ဘာလဲဆိုတော့ မြန်မာနိုင်ငံ ခေတ်သစ်စနစ်သစ်နဲ့ချီတက်နေပါပြီး အရင်တုန်းကစနစ်ကခွင့်မပြုလို့ဖြစ်တာပါ ။အခုကစနစ် ခွင့်ပြုနေပါပြီးဖြစ်တဲ့ အတွက်အနာနဲ့ဆေးတည့်ပြီးလို့တော့ ခန့်မှန်းလို့ရပါပြီး တည့်မတည့် ကျွန်တော်တို့ရဲ့လုပ်ဆောင်ချက်အပေါ်မူတည်တာပေါ့ “ဟဦးဇော်မင်းက ပြောသည်။

KNU ဘက်မှ သဘောထားနှင့်ပတ်သတ်၍ ပြန်ကြားရေးတာဝန်ခံဒေါ်နော်မေဦးက

“အပြစ်ခတ်ရပ်ဆိုင်းရေးဆိုတာ တိုင်းပြည်မှာ ဖြစ်ပျက်နေတဲ့ ပြည်တွင်းစစ်တွေကို ချုပ်ငြိမ်းသွာဖို့ စလှမ်းတဲ့အချိန် ဖြစ်ပါတယ်။ဒီစစ်မက်တွေချုပ်ငြိမ်းဖို့ ဆိုတာ ကျွန်မတို့ ဖြေရမဲ့မေးခွန်းတွေအများကြီးရှိသေးတယ် ဒီမေးခွန်းတွေကို ဖြေနို်င်ဖို့ဆိုတာ ကျွန်မတို့တနေရာကနေစဖို့လိုတယ် ဒီလိုအပြစ်ခတ်ရပ်ဆိုင်းပြီးတော့ကျွန်မတို့ ပွင့်ပွင့်လင်းလင်းနဲ့ရင်းရင်းနှီးနှီးဒီထက်ပိုပြီး ဆွေးနွေးနိုင်မယ်ဆိုရင် ကျွန်မတို့ ဖြေဖို့ ကျန်နေတဲ့မေးခွန်းတွေဆက်ပြီး ဖြေနိုင်မှာဖြစ်ပါတယ် ဒီခြေလှမ်းဟာ ဒုတိယခြေလှမ်းကိုလှမ်းဖို့ အတွက် ပထမခြေလှမ်းပါ အင်မတန်အရေးကြီးတယ်လို့ကျွန်မမြင်ပါတယ်”ဟု ပြောသည်။

၆၃ နှစ်ကြာ လက်နက်ကိုင် ဆန့်ကျင်ခဲ့သော KNU နှင့်အစိုးရဘက်မှပြည်နယ်အဆင့်ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့တို့က ပြီးခဲ့သည့် ဇန်န၀ါရီလ ၁၂ ရက်နေ့က ကရင်ပြည်နယ် ၊ဘားအံမြို့တွင်တွေ့ဆုံဆွေးနွေးခဲ့ပြီး ပဏမသဘောတူညီချက် ၅ချက်ဖြင့် လက်မှတ်ရေးထိုးခဲ့ပြီး အပစ်ရပ်စဲ ခဲ့သည်။

ရန်ကုန်တွင် ရောက်ရှိနေသော KNU အဖွဲ့ဝင်များသည် ဧပြီလ ၇ရက်တွင်ရန်ကုန်ရှိတိုင်းရင်းသားပါတီများနှင့်တွေ့ဆုံခြင်း၊ ရန်ကုန်ရှိ ကရင်လူမျိုးများ၊သံရုံအဖွဲ့ဝင်များ ၊NGO အဖွဲ့ဝင်များနှင့်တွေ့ဆုံခြင်းများပြုလုပ်မည်ဖြစ်သည်။

ဧပြီလ ၈ ရက်နေ့မှာတော့ ဒေါ်အောင်ဆန်းစုကြည်နှင့်သူမဧ။်နေအိမ်တွင် နံနက်ပိုင်းတွေ့ဆုံမည်ဖြစ်သည်။

သတင်း..... Yangon Press International