04 April 2012

ဩဇာအရှိဆုံး လူပုဂ္ဂိုလ်တစ်ရာတွင် ဒေါ် အောင်ဆန်းစုကြည်နှင့် ဦးသိန်းစိန်ကို ဆန္ဒပြုနိုင်ဟုဆို


ကမ္ဘာကျော် TIMES မဂ္ဂဇင်းက ၂၀၁၂ခုနှစ် အတွက် ဩဇာတိက္ကမ အရှိဆုံး ပုဂ္ဂိုလ် ၁၀ဝ ရွေးချယ်ရန် ဆန္ဒပြုနိုင်သော လူအမည် စာရင်းများကို ထုတ်ပြန် လိုက်ရာတွင် ဒေါ်အောင်ဆန်း စုကြည်နှင့် မြန်မာသမ္မတ ဦးသိန်းစိန်၏ ကမ္ဘာကျော် အမည် စာရင်းကိုလည်း ထည့်သွင်း ဖော်ပြ လိုက်ကြောင်း ယင်းမဂ္ဂဇင်း၏ တရားဝင် ထုတ်ပြန်ချက် အရ သိရှိရသည်။

ဆန္ဒပြုလိုသူများ အနေနှင့် ဧပြီ ၆ ရက်နေ့ နောက်ဆုံးထား ဆန္ဒပြုရမည်ဖြစ်ကြောင်း သတင်း ထုတ်ပြန်ချက်က ဆိုသည်။ ဆန္ဒမဲအများဆုံးအနိုင်ရ သူများကို TIMES မဂ္ဂဇင်း၏ ၂၀၁၂ ခုနှစ် လူ ပုဂ္ဂိုလ် ၁၀ဝ စာရင်းတွင် ထည့်သွင်း ဖော်ပြမည်ဖြစ် ကြောင်း သိရှိရသည်။