12 April 2012

NLD ရွေးကောက်ပွဲအောင်နိုင်ရေး ပါဝင်ကြသူအနုပညာရှင်အချို့အား သင်္ကြန်ဖျော်ဖြေခွင့်ပိတ်ခြင်းမရှိဟု ရန်ကုန်တိုင်းဒေသကြီအစိုးရပြော


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကြားဖြတ်ရွေးကောက်ပွဲအောင်နိုင်ရေး စည်းရုံးလှုံ့ဆော်ရေးအစီအစဉ်များတွင် ပါဝင်ခဲ့ကြသည့် အနုပညာရှင် အချိ့အား သင်္ကြန်ဖျော်ဖြေရေးတွင် ပိတ်ပင်ထားသည်ဟူသော သတင်းများမှာ လုံးဝမဟုတ်မမှန်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရ ၀န်ကြီးချုပ်ဦးမြင့်ဆွေက ငြင်းဆိုလိုက်သည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမတွင် ဧပြီ ၁၁ရက်ညနေ၆နာရီခွဲက တိုင်းဒေသကြီ ၀န်ကြီးချုပ်ဦးမြင့်ဆွေနှင့် ရန်ကုန် အခြေစိုက်မီဒီယာအချို့တွှေု့ဆုံစဉ် ၀န်ကြီးချုပ်က ငြင်းဆိုခဲ့ခြင်းဖြစ်သည်။

`အခု အဆိုတော်အချို့ကိုသကြီန်သီဆိုခွင့်ပိတ်တယ် ဘာညာဆိုပြီးသတင်းထွက်ပေါ်နေတယ်ကြားပါတယ်။ ကျွန်တော်တို့တောင်အတော်အံ့အားသင့်ပါတယ်။ဒီသတင်းဟာ လုံးဝမဟုတ်မမှန် ပါဘူး။ ပြည်ထောင်စု အစိုးရအဖွဲ့ကို ဆက်သွယ်မေးမြန်း ကြည့်တော့လဲ ပြည်ထောင်စုအစိုးရအနေနဲ့ အဲသလိုပိတ်ပင်တာ မျိုးလုံးဝမရှိပါဘူးဆိုတာသိရပါတယ်`ဟု ဦးမြင့်ဆွေကပြောသည်။

“ကြုံရင်လဲ သူတို့နဲ့တွေ့ရင် ဘယ်သူတွေက ဘယ်လိုပိတ်တာလဲ မေးကြည့်ပေးပါဦး“ ဟုဝန်ကြီးချုပ်က ဆက်လက်ပြောဆိုသည်။

ထို့အပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်း သင်္ကြန်ပွဲတော်၌ သင်္ကြန်သံချပ်များ ထိုးခွင့်ပိတ်ထားသည် ဟုပြောဆိုနေကြခြင်းမှာလည်းမဟုတ်မမှန်ကြောင်းဦးမြင့်ဆွေကပြောသည်။

“ ကျွန်တော်တို့က ထိုးမယ့်သံချပ်စာသားတွေကို ကြိုတင်စိစစ်တာပဲလုပ်ပါတယ်။ အဓိက က ငြိမ်းချမ်းရေးဆွေးနွေး ပွဲတွေလုပ်နေတဲ့ အချိန်မှာ တိုင်းရင်းသားစည်းလုံးညီညွတ်မှု၊ချစ်ကြည်မှုကိုပျက်ပြားစေတာတွေမပါစေချင်လို့ပါ” ဟု ၀န်ကြီးချုပ်ကပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းများအတွင်း အင်တာနက် ဖေ့စ်ဘုတ်လှုမှုရေးစာမျက်နှာများတွင် အဆိုတော်အချို့ သကြီန်ကာလသီဆိုခွင့်ပိတ်ပင်ခံရခြင်း၊သင်္ကြန်သံချပ်များထိုးခွင့်ပိတ်ပင်ခံရခြင်းများရှိနေသည်ဟူသော ရေးသား
ချက်အချို့ရှိခဲ့ပြီးနောက် တိုင်းဒေသကြီးအစိုးရအဖွဲက သတင်းမီဒီယာအချို့နှင့် တွေ့ဆုံရှင်းပြခဲ့ခြင်းဖြစ်သည်။

သတင်း..... Yangon Media Group