08 April 2012

ခေတ်သစ်တစ်ခု၏အစဖြစ်လိမ့်မယ်လို့ ကျွန်မတို့ ယုံကြည်နေပါတယ်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် က ၄၄ နေရာ ၀င်ရောက် ယှဉ်ပြိုင်ရာ တွင် ၄၃ နေရာ၌ အနိုင်ရရှိခဲ့သည်။ အသက် ၆၆ နှစ်ရှိပြီဖြစ်သော 'The Lady 'ဟု လူအများကချစ်စနိုးခေါ်ကြသည့် ဒေါ်အောင်ဆန်းစုကြည် သည် မကြုံစဖူး နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကို ဦးဆောင်ကာ ပြုလုပ်နေပြီး အစိုးရကလည်း အလုံးစုံပြုပြင်ပြောင်းလဲမှုတစ်ရပ်အဖြစ် အရေးအကြီးဆုံးသော စီးပွားရေးပြုပြင်ပြောင်းလဲမှုများကို ဆောင် ရွက်နေသည်။

လွန်ခဲ့သော ၂၂ နှစ်အတွင်း အကျယ်ချုပ်ဖြင့် အများဆုံးထားခြင်းခံ ခဲ့ရသော ဒေါ်အောင်ဆန်းစုကြည်သည် ဧပြီလ ၁ ရက်နေ့တွင် ကျင်းပသော ကြားဖြတ် ရွေးကောက်ပွဲ၌ အမတ်တစ်နေရာရရန် သေချာသွားပြီဖြစ်ကြောင်း NLD က ကြေညာပြီးနောက် ထောက်ခံ သူများမှာ ညဘက်အထိ အောင်ပွဲခံခဲ့ပြီး အချို့မှာ ၀မ်းသာမျက်ရည် များပင်ကျကြသည်။

ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေး လောကထဲသို့ ၀င်ရောက်လာခြင်းက နိုင်ငံတွင် နောက်ဆုံးသော ကြီးမားသည့် ပြောင်းလဲမှုတစ်ရပ်ဖြစ်သည်။

"ဒါဟာ ခေတ်သစ်တစ်ခုရဲ့အစဖြစ် လိမ့်မယ်လို့ ကျွန်မတို့ယုံကြည်ပါတယ်။ "ဒီနိုင်ငံအတွင်းက နိုင်ငံရေးလုပ်ငန်း စဉ်မှာ ပါဝင်မယ်လို့ ဆုံးဖြတ်ချက်ချထား တဲ့ ပြည်သူတွေရဲ့အောင်ပွဲတစ်ရပ်ဖြစ်တာမို့ ကျွန်မတို့တွေရဲ့အောင်ပွဲမဟုတ်ပါဘူး" ဟု ဒေါ်အောင်ဆန်း စုကြည်က ရန်ကုန်မြို့ရှိ NLD ပါတီဌာနချုပ်တွင် ပြောကြားသော အောင်ပွဲခံမိန့်ခွန်း တစ်ရပ်၌ ပြောကြားခဲ့သည်။

စစ်တပ်နှင့် ၎င်း၏နိုင်ငံရေးမဟာ မိတ်များ ဆက်လက်စိုးမိုးနေမည့် ပါလီ မန်တွင် သူမ၏နေရာကိုရယူဖို့ ပြင်ဆင် ထားကြောင်း ဒေါ်အောင်ဆန်းစုကြည် က အခြားနိုင်ငံရေးပါတီများကို ပြော ကြားခဲ့သည်။

" ကျွန်မတို့နိုင်ငံမှာ တကယ့်စစ်မှန်တဲ့ ဒီမိုကရေစီတစ်ခုကို တည်ထောင်ဖို့ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်တဲ့ ပါတီတွေအားလုံးက ကျွန်မတို့နဲ့အတူ ပူးပေါင်းဆောင်ရွက်မယ်လို့ မျှော်လင့်ပါ တယ်" ဟု ၎င်းက ပြောကြားခဲ့သည်။

ပြီးခဲ့သောနှစ်က မြန်မာအစိုးရက ၎င်းကိုဝေဖန်သူများကို အံ့အားသင့်သွားစေသည့် အကျဉ်းသား ရာပေါင်းများစွာကိုလွှတ်ပေးခြင်း စသော ပြုပြင် ပြောင်းလဲမှုများကို ပြုလုပ်ခဲ့သော်လည်း တိုင်းရင်းသားများနှင့် သဘောကွဲလွဲမှု နှင့် စွပ်စွဲထားသော လူ့အခွင့်အရေး ချိုးဖောက်မှုများကိုမူ အနောက်နိုင်ငံများ က စိုးရိမ်ပူပန်မှုများရှိနေဆဲဖြစ်သည်။

ကြားဖြတ်ရွေးကောက်ပွဲက သိသာ ထင်ရှားသော ခြေလှမ်းတစ်ရပ်ဖြစ်သော်လည်း အမျိုးသားပြန်လည်စည်းလုံး ညီညွတ်ရေးရရန် အစိုးရက ယခုအချိန် အထိ ဆတက်ထမ်းပိုးလုပ်ဆောင်မှုများ ပြုလုပ်ရန်ရှိနေသေးကြောင်း ကုလ သမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်း က ပြောကြားခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ သတ္တိကို ဘန်က ချီးကျူးဂုဏ်ပြုခဲ့ပြီး 'မြန်မာ နိုင်ငံအတွက် ပိုကောင်းတဲ့ အနာဂတ် တစ်ခုဆီသို့ သွားရာတွင် နောက်ထပ် သိသာထင်ရှားသည့် ခြေလှမ်းတစ်ရပ်' ဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း ကုလ သမဂ္ဂအတွင်းရေးမှူးချုပ်၏ ပြောရေးဆို ခွင့်ရှိသူတစ်ဦးက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် ရွေးကောက် ပွဲတွင် အနိုင်ရခြင်းက ပို၍ ကောင်းမွန် သည့် ပြုပြင်ပြောင်းလဲမှုများကို ဖြစ်စေ လိမ့်မည်ဟု မျှော်လင့်ကြောင်း အမေရိကန်သမ္မတရုံးက ပြောကြားခဲ့ ပြီး ပိတ်ဆို့အရေးယူမှုများကို နောက်ထပ် လျှော့ချပေးမည့် အလားအလာရှိ ကြောင်း ဥရောပသမဂ္ဂက ဧပြီလ ၂ ရက် နေ့က ပြောကြားခဲ့သည်။

"မြန်မာနိုင်ငံမှာ ဆက်လက်ဖြစ်ပေါ် နေတဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ကျွန်ုပ် တို့ ဆက်ပြီးအားပေးထောက်ခံသွားမှာ ပါ။ နောက်ပြီး ဒီလိုပြုပြင်ပြောင်းလဲမှုတွေ ဆက်လက်ဖြစ်ပေါ်နေရင် ပိုမိုရင်းနှီးတဲ့ ပူးပေါင်းဆောင်ရွက်မှုတစ်ခုဖြစ်လာဖို့ မျှော်လင့်ပါတယ်" ဟု ဥရောပသမဂ္ဂ၏ နိုင်ငံခြားရေးမူဝါဒအကြီးအကဲဖြစ်သူ ကက်သရင်းအက်ရှ်တန်က ပြောကြားခဲ့ သည်။

၎င်းသည် ယခုလ နှောင်းပိုင်း၌ မြန်မာနိုင်ငံသို့လာရောက်မည်ဟု မျှော် လင့်ရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အောင်မြင် မှုကို ပြင်သစ်သမ္မတနီကိုလပ်စ်ဆာကိုဇီ က ၀မ်းမြောက်ကြောင်းပြောကြားခဲ့ပြီး ဗြိတိန်နိုင်ငံခြား ရေးဝန်ကြီး ၀ီလျံဟေ့ဂ်က လည်း 'သမိုင်းတွင်မယ့် ရလဒ်တစ်ခု' အဖြစ် ပြောကြားခဲ့သည်။

ဆာကိုဇီက ကြေညာချက်တစ်စောင် တွင် "ကျွန်ုပ် ပြင်သစ်ပြည်သူတွေ ကိုယ် စား ဆန္ဒပြုပါတယ်။ မြန်မာနိုင်ငံရဲ့ဒီမို ကရေစီ အောင်ပွဲနဲ့ ဒေါ်အောင်ဆန်းစု ကြည်ရဲ့ ကိုယ်ပိုင်ကတိက၀တ်ကို လေး စားဂုဏ်ပြုပါတယ်" ဟု ဖော်ပြခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပါလီ မန်အတွင်း၌ ဥပဒေပြုလွှတ်တော် အမတ်နှင့် အတိုက်အခံခေါင်းဆောင် တစ်ဦးအနေဖြင့် ဥပဒေပြုရေးလုပ်ငန်း စဉ်တွင် မကြုံစဖူးပြောရေးဆိုခွင့်တစ်ရပ် ကို ရရှိလာမှာဖြစ်ပြီး ၂၀၁၅ ခုနှစ်တွင် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲ တွင် အင်န်အယ်လ်ဒီက ပါဝင်ယှဉ်ပြိုင် ဖို့ အသင့်ပြင်ထားပြီး ဖြစ်သည်။

"အင်န်အယ်လ်ဒီက နောက်တစ် ကြိမ်ရွေးကောက်ပွဲမှာ အပြတ်အသတ် နိုင်ချင်ပါတယ်။ နောက်ပြီး သူတို့ကိုယ် တိုင်က အစိုးရ တစ်ရပ်ကို ဖွဲ့စည်းတည် ထောင်နိုင်ဖို့ဆန္ဒရှိပါတယ်" ဟု ဩစ တြေးလျ အမျိုးသားတက္ကသိုလ်မှ မြန် မာနိုင်ငံဆိုင်ရာ ကျွမ်းကျင်သူ ပညာရှင် တစ်ဦးဖြစ်သူ ထရီဗာဝီလ်ဆင်က ပြော ကြားခဲ့သည်။

၂၀၁၁ ခုနှစ်တွင် အာဏာကိုလွှဲ ပြောင်းရယူခဲ့သော အစိုးရက ၎င်း၏ နိုင်ငံရေးစနစ် တရားဝင်ဖြစ်မှုကို အထောက်အပံ့ဖြစ်စေရန်နှင့် အနောက် နိုင်ငံများက ပိတ်ဆို့အရေးယူမှုများကို ဖြေလျှော့ပေးရေးအတွက် တိုက်တွန်း ရန် ပါလီမန်အတွင်းတွင် ဒေါ်အောင်ဆန်း စုကြည်ကို လိုအပ်လျက်ရှိသည် ဟု လေ့လာသူများက ဆိုသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပိုမိုရရှိ ရန်နှင့် စီးပွားရေးကို ပြန်လည်ဦးမော့ လာ စေရန် ဆောင်ရွက်မှုတစ်စိတ်တစ်ဒေသ အနေဖြင့် မြန်မာနိုင်ငံသည် ဧပြီလ ၂ ရက် နေ့တွင် ၎င်း၏နိုင်ငံခြားငွေ လဲလှယ်မှု စနစ်ကို ပြောင်းလဲပြင်ဆင်ခဲ့သည်။

နိုင်ငံခြားငွေလဲလှယ်နှုန်းကို ထိန်း ကျောင်းမှုရှိသည့် နှုန်းရှင်ငွေလဲ လှယ် နှုန်းစနစ်သို့ပြောင်း လဲပြီးနောက် မြန်မာ နိုင်ငံတော် ဗဟိုဘဏ်က အခြေခံလဲ လှယ်နှုန်းကို တစ်ဒေါ်လာလျှင် ၈၁၈ ကျပ်နှုန်းသတ်မှတ်ခဲ့သည်။

ယခုသတ် မှတ်လိုက်သော တရားဝင်ငွေလဲလှယ် မှုနှုန်းထားသည် မှောင်ခိုဈေးကွက်တွင် လဲလှယ်နေသော နှုန်းထားနှင့် အကြမ်း အားဖြင့် ညှိယူပြီး သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

ယခင်က နိုင်ငံခြားငွေလဲလှယ် နှုန်းကို အစိုးရက တစ်ဒေါ်လာလျှင် ခြောက်ကျပ် ၀န်းကျင်သတ်မှတ်ထား ခြင်းကို ကျယ်ကျယ်ပြန့်ပြန့် အသုံးမပြုခဲ့ ကြပေ။

၂၀၁၀ အထွေထွေရွေးကောက်ပွဲနှင့် မတူဘဲ အစိုးရက ပြည်ပစောင့်ကြည့် လေ့လာသူများနှင့် သတင်းစာဆရာများ အား ဧပြီလ ၁ ရက်နေ့က ကျင်းပခဲ့သော ကြားဖြတ်ရွေးကောက်ပွဲတွင် ကိုယ်တိုင် ကြည့်ရှုလေ့လာခွင့်ပြုခဲ့သည်။

အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (ASEAN) မှ လက်ရှိဥက္ကဋ္ဌဖြစ်သော ကမ္ဘောဒီးယားနိုင်ငံ မှ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာ သူများက ကြား ဖြတ်ရွေးကောက်ပွဲမှာ 'လွတ်လပ်မျှတ ပြီး ပွင့်လင်းမြင်သာစွာနဲ့ ကျင်းပပြုလုပ် ပြီးစီးသွားကြောင်း' ပြောကြားခဲ့သည်။


(အေအက်ဖ်ပီ)
ဝင်းသော်တာ ဘာသာပြန်သည်။(မြန်မာတိုင်း(မ်)