10 April 2012

စက်မှုမြို့ စီမံခန့် ခွဲရေးကော်မတီ(ရွှေပြည်သာစက်မှုမြို)က သင်္ကြန်မဏ္ဍပ်ထိုးဖို့စက်ရုံတွေဆီကနေ ငွေကြေးထည့်ဝင်ဖို့ အကြောင်းကြားစာပေးပို့





စက်မှုမြို့ စီမံခန့် ခွဲရေးကော်မတီ(ရွှေပြည်သာစက်မှုမြို့)ကသင်္ကြန်မှာမဏ္ဍပ်ထိုးပြီးရေကစားဖို့ ရန်ကုန်မြောက်ပိုင်းခရိုင်
စက်မှု ဇုန်ကြီးကြပ်ရေးကော်မတီရဲ့ ညွှန်ကြားချက်အရ မြောက်ပိုင်းခရိုင်မှာရှိတဲ့ စက်ရုံတွေဆီ ကနေ ငွေကြေးကူညီထည့်ဝင်ဖို့စက်ရုံတွေကိုအကြောင်းကြားစာပေးပို့လာပါတယ်။ ငွေကြေးထည့်ဝင်ဖို့ အကူ အညီတောင်းတာလို့ခေါင်းစဉ်တပ်ထားပေမဲ့စက်ရုံအကြီးစားဆို ၅ သိန်းကနေ ၃သိန်းကြား၊စက်ရုံ အလတ်စားဆို၃သိန်း ကနေ၂သိန်းကြား၊အငယ်စား ဆို၂သိန်းကနေ၁သိန်းကြား ငွေကြေးထည့်ဝင်ရမယ် လို့ အကြောင်းကြားစာထဲမှာဖေါ်ပြထားပါတယ်။

သင်္ကြန်၅ရက်စာအသုံးစရိတ် ၅၆၅ သိန်းပြည့်မီဖို့ စက်ရုံတွေကမဖြစ်မနေ ထည့်ဝင်ရမဲ့ သဘောမျိုးအကြောင်းကြားစာမှာတွေ့ ရပါတယ်။ ဒါကူညီခိုင်းနေတာမဟုတ်ပါဘူး။ဓါးပြတိုက်နေတာပါ။

စက်မှုဇုံဖွံ့ ဖြိုးရေးအတွက်လဲမဟုတ်ပဲသင်္ကြန်မှာသက်ဆိုင်ရာလူကြီးမင်းများနဲ့ ယင်းတို့ နှင့်ပတ်သတ်သူများမြူးတူး
ပျော်ပါးဖို့ ငွေကြေးထည့်ဝင်ရမယ် ဆိုတာ ဘယ်လိုနည်းနဲ့ မှ မဖြစ်သင့်ပါဘူး။

မဖြစ်မနေ လုပ်ရမယ်ဆိုရင်လဲ တခြားသူများလုပ်သလို ရံပုံငွေ ကိုယ့်ဘာသာရှာ၊ လက်မှတ်ရောင်းပြီး ရတဲ့ဝင်ငွေနဲ့ မဖြစ်ဖြစ်အောင် လုပ်သင့်ကြောင်းပါ။

အရင်အကျင့်တွေမပျောက်ပဲတခုခုဆိုတခြားသူများကိုအနိုင်ကျင့်အတင်းအကျပ်လုပ်တဲ့စရိုက်ဟာ ခေတ်နဲ့ မလျော်
ညီတော့ပါလို့ သက်ဆိုင်ရာလူကြီးမင်းများအား ပြောကြားလိုပါတယ်။