10 April 2012

NLD -BG ပညာဒါနကျောင်းတွင် စက်ချုပ်သင်တန်း နှင့်ဆံပင်ညှက်သင်တန်း များကို NLD -BG နာယကြီး ဘဘတင်ဦးကိုယ်တိုင် လာရောက် ဖွင့်လှစ်






9.3.2012 တနင်္လာနေ့ နံနက် 11း00 တွင် တောင်ဒဂုံမြို့ -19 ရပ်ကွက် ၊ မြရည်န`န္ဒာလမ်း၊ NLD-BG ၏ ပထမအကြိမ်း ဆံပင်ညှပ်သင်တန်းနှင့် တတိယအကြိမ် စက်ချုပ်သင်တန်းဖွင့်ပွဲအခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏နာယကကြီး ဦးတင်ဦးနှင့် NLD-BG တာဝန်ခံ ကိုညီညီတို့ စတင်ဖွင့်လစ်ခဲ့ပြီး ဘဘတင်ဦးမှ လူငယ်များအတွက် ပညာရေးကွန်ယပ် ၊ နိုင်ငံရေးကွန်ယပ်၊ လူမှုရေးကွန်ယပ်များအကြောင်းမိနစ်သုံးဆယ်အကြာ ပြောကြားသွားခဲ့သည်။

ထိုအခမ်းအနားသို့ NLD-BG ကွန်ယပ်များဖြစ်ကြသော မြောက်ဥက္ကလာ NLD -BG_ အင်းစိန် NLD -BG ၊ တိုက်ကြီး NLD -BG၊ လူငယ်များ တစ်ရာဝန်ကျင်ခန့် တက်ရောက်အားပေးပြီး ဘဘတင်ဦး၏ မိန့်ခွန်း သြ၀ါဒများကို နာခံခံယူကြသည်။ ထို့နောက် ဘဘတင်ဦးသည် 2012ကြားဖြတ်ရွေးကောက်ပွဲတွင် အောင်နိုင်ရေးသီချင်များကို ဖြစ်မြောက်အောင် ကြိုးစားအားထုတ်ခဲ့ကြသော တေးရေးဆရာ ကိုသားဖေထင် နှင့် တီးဝိုင်းဆ၇ာ ကိုဝင်းကျော် NLD-BG လူငယ်များဖြစ်ကြသော အဆိုတော်များကို လက်ဆွဲနှုတ်ဆက်ပြီး အားပေးဝမ်းမြေက်စကားများပြောကာ ဆင်အကများကို NLD -BG အောင်နိုင်ရေးသီးချင်းများဖြင့် ဖျော်ဖြေပြီး 123း0 တွင် အခန်းအနားကို ရုပ်သိမ်းခဲ့သည်။

ကြွရောက်လာရောက်ကြသော ဧည့်ပရိသတ်များအားလည်း NLD -BG မှ မုန့်လုံးရေးပေါ်၊ မုန့်လက်ဆောင်၊ခေါက်ဆွဲကြော်၊ ထမင်းများဖြင့် ဧည့်ခံပြီး ညနေပိုင်း 3း00 တွင် NLD -BG တွင် ကွန်ပျူတာသင်တန်းကျောင်းသား ကျောင်းသူများ၊ ယဉ်ကျေးလိမ္မာကျောင်းသား ကျောင်းသူများ၊ စက်ချုပ်သင်တန်း ကျောင်းသူများ၊ လမ်းပေါ်ရောက် အမှိုက်ကောက် ကလေးငယ်များ၊ NLD -BG တာဝန်ခံ ဆရာ ဆရာမတို့ NLD -BG ကျောင်းရှေ့တွင် NLD -BG အတာသင်္ကြန် ရေများပတ်ဖျန်းကာ ညနေပိုင်း 6း00 ထိ ပျော်ရွှင်ခဲ့ကြပါသည်။

မေမေ့သား - လင်းဆက်