08 April 2012

အဓိပတိယာဉ်လိုင်း၏မိုက်ရိုင်းမှု

သို့

နိုင်ငံတော်သမ္မတ နှင့် သက်ဆိုင်ရာအုပ်ချုပ်ရေးတာဝန်ရှိသူများသိစေရန်

အကြောင်းအရာ။ ။ဗန္ဓုလခရီးသည် သယ်ယူပို့ဆောင်ရေး ယဉ်လိုင်းဖြစ်သော အဓိပတိ(အဖြူရောင်) ယာဉ်လိုင်းမှ လူအုပ်စုဖွဲ့၍ မင်းမဲ့စရိုက်ဆန်ဆန်လူနေရပ်ကွက်အတွင်းဝင်ရောက်၍ဆဲဆိုခြင်း၊ ရိုက်နှက်ခြင်း တို့ကိုတင်ပြအသိပေးတိုင်ကြားခြင်းကိစ္စ

အထက်ပါအကြောင်းရာကိစ္စနှင့်ပတ်သက်၍ (၄.၄.၂၀၁၂)ရက်နေ့ မွန်းလွဲ (၁း၀၀)နာရီအချိန်ခန့်တွင် ဗန္ဓုလ ခရီးသည်တင်ယာဉ်လိုင်းမှအဓိပတိ(အဖြူရောင်)ယာဉ်အမှတ်(၂ဂ/ ၅၃၅၄) ကားသည် သင်္ဃန်းကျွန်းမြို့နယ်၊ လေးဒေါင့်ကန်လမ်းမကြီး၊ ဘ၀မြင့် ကားမှတ်တိုင်အနီး လမ်းမကြီးပေါ်တွင် ကားပျက်၍ရပ်ထားခဲ့ပါသည်။ ကားပျက်သော်လည်း(၁)လမ်းဘေးသို့ ချ၍ရပ်မထားခြင်း (၂) ညဘက်လျှပ်စစ်မီးပျက်နေသော်လည်း ကားမှာမီးမထွန်းထားခြင်း တို့တွေ့ရှိရပါသည်။

၎င်းနေ့ည(၁၁း၀၀)ခန့်တွင်လေးထောင့်ကန်လမ်းမကြီးအတိုင်းအနောက်မှအရှေ့သို့မောင်းနှင်လာ သောဂျစ်
ကားအမှတ်(၃ဂ/၆၅၈၁) ကားမှာပျက်နေသောအဓိပတိကားကြီးနောက်မှဝင်ရောက်တိုက်မိခဲ့ပါသည်။ အရှိန်ပြင်းသောကြောင့်ကားကြီးပေ(၅၀)ခန့်အကွာအဝေးသို့ရောက်ရှိပြီး ပလက်ဖောင်းပေါ်တွင် စိုက်ထူထားသော အလင်းရောင် ဓါတ်ပုံ ၊ စတူဒီယို ဆိုင်းဘုတ်ကိုပါကားကြီးမှ ၀င်ရောက်တိုက်မိ၍ လဲပြိုခဲ့ပါသည်။ ဂျစ်ကားမောင်းလာသူမှာ ကားထဲတွင်ညက်နေ၍ အနီးပတ်ဝန်းကျင် ရပ်ကွက်သူရပ်ကွက်သားတို့မှ ခက်ခဲစွာဆွဲထုတ်ယူ၍ နီးစပ်ရာစံပြဆေးရုံသို့ပို့ဆောင်ပေးခဲ့ပါသည်။ ည(၁၁း၃၀) နာရီတွင် လျှပ်စစ်မီးပြန်လာ၍ ၎င်းယာဉ်တိုက်မှုဖြစ်စဉ်ကို ရပ်ကွက်သူရပ်ကွက်သားတို့က ၀ိုင်းအုံကြည့်ရှုနေစဉ် အဓိပတိယာဉ်လိုင်းမှ တာဝန်ရှိသူအသက်(၃၅)နှစ် ၀န်းကျင်ခန့်ရောက်ရှိလာပြီး မှတ်တမ်းတင်ဓာတ်ပုံခြင်း၊ လက်ကိုင်ဖုန်းစကားပြောခြင်းတို့ပြုလုပ်နေပြီး ရုတ်တရက် လူပရိသတ်ဘက်လှည့်၍ “ မင်းတို့ကဘာကောင်တွေလဲ၊ မင်းတို့အလုပ်ဘာရှိသလဲ၊ မဆိုင်တဲ့ကောင်ပြန် “ ဟုမောက်မာစွာပြောဆိုခဲ့ပါသည်။ ကျွန်တော်တို့က “ ကျုပ်တို့ဟာရပ်ကွက်သားတွေဖြစ်ကြောင်း၊ ယာဉ်တိုက်မှုမှာကူညီကြသူများဖြစ် သည့်အတွက် မပြန်နိုင်ကြောင်း၊မိမိအိမ့်ရှေ့မှာ မိမိဘာသာလွတ်လပ်စွာနေထိုင်နိုင်ခွင့် ရှိကြောင်း၊ ပြန်ပြောသည့်အခါ ထိုသူက “ ကျုပ်ဟာနိုင်ငံတော်ပြန်တမ်းဝင်အရာရှိတစ်ယောက်ဖြစ်တယ် “ ၊ “ အဲဒါဆိုရင် ခင်ဗျားကပိုလို့နားလည်ရမှာဖြစ်ကြောင်း” ကျွန်တော်ကပြောပြခဲ့ပါတယ်။ ထိုသူက “ ထိုသူက သူမှားသွားကြောင်း ပြန်ပါအုံးမည်” ဟုပြောပြီး ပေကြိုးတိုင်း၍တာဝန်ထမ်းဆောင်နေသော ယာဉ်မှုစစ်အား “ဟေ့ကောင် မင်းလည်းလုပ်စရာမလိုဘူးပြန် “ ဟုပြောပြီး၎င်းစီး လာသောတက္ကစီ အနီရောင်ဖြင့်ပြန်လည်ထွက်ခွာသွားခဲ့ပါသည်။

ကျွန်တို့လည်းလူစုခွဲ၍အိမ်သို့ပြန်ရောက်ပြီးမိနစ် (၂၀) ခန့်အကြာ(၁၂း၃၀) နာရီခန့်တွင်လမ်းမတန်း မှလူအုပ်စုအသံကြီးနှင့် “ငါတို့ဗန္ဓုလယာဉ်လိုင်းကိုစော်ကား တဲ့ကောင်တွေအကုန်ရိုက်” အော်ဟစ် ဆဲဆိုပြီးရပ်ကွက်အတွင်းသို့ဝင်ရောက်ခဲ့ကြပါသည်။

ကျွုန်ပ်လည်းအသံကြား၍ထွက်ကြည့်လိုက်ရာနဖူးတွင်စွပ်ကျယ်အင်္ကျီကိုစည်းကိုယ်လုံးတွင်အင်္ကျီဗလာယူနီ
ဖောင်းနက်ပြာ ဘောင်းဘီကို ဒူးအထိလိပ်လက်ထဲတွင်လုံးပတ် တစ်လက်မ အရှည်တစ်ပေခွဲခန့် သံပိုက်လုံး ကိုယ်စီကိုင်ဆောင်ပြီးမြင်မြင်သမျှလိုက်လံရိုက်နှက်နေကြသဖြင့်ကျွန်ုပ်တို့ရပ်ကွက်သားတို့မှာမိမိတို့အိမ်ထဲပြေး
ဝင်ရောက်ရှောင်ပုန်းခဲ့ကြပါသည်။

ရပ်ကွက်အတွင်းမှ မော်ခန်းဟုခေါ်သောအသက်(၂၇)နှစ်အရွယ်လူငယ်၏ညာပခုံးကိုတစ်ချက်ရိုက်မိခဲ့ပါသည်။ ရပ်ကွက်အတွင်းတွင် မင်းမဲ့စရိုက်ဆန်ဆန်ပြုမူကျင့်ကြံပြီး (၁၅) ခန့်အကြာတွင် ၎င်းတို့စီးလာသောအဓိပတိ(အဖြူရောင်)ကားနှစ်စီးနှင့်လူအင်အား(၇၀)ခန့်မှာပြန်လည်ထွက်ခွာ သွားခဲ့ပါသည်။၎င်းယာဉ်နှစ်စီး၏နံပါတ်များမှာ (၃ဂ/၃၁၆၇) ၊ (၃ဂ/၃၈၈၁) တို့ဖြစ်ကြပါသည်။

လူကြီးမင်းခင်ဗျား ယခုကျွန်တော်အစီရင်ခံအပ်သောကိစ္စရပ်များမှာတရားဥပဒေစိုးမိုးမှုအတွက်၎င်း၊ ရပ်ရွာအေးချမ်းသာယာရေးအတွက်၎င်း၊များစွာသောစိုးရိမ်ကြောင့်ကျဖြစ်ရပါသောကြောင့် လူကြီးမင်းမှတစ်ဆင့်နိုင်ငံတော်သမ္မတထံသို့သိရှိနိုင်ပါရန်လေးစားစွာတင်ပြတောင်းခံအပ်ပါသည်ခင်ဗျား။

အကူအညီတင်ပြတောင်းခံသူ

ဦးစိန်သန်း

၁၂/သဃက(နိုင်)၀၄၈၉၄၆

အမှတ်(၂၅၈/B) ပြည်တော်အေးလမ်း၊

လေးဒေါင့်ကန်ရပ်ကွက်၊သင်္ဃန်းကျွန်းမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး။