10 April 2012

မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် အမေရိကန် အထက်လွှတ်တော်အမတ် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရန်ရှိ



မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် အမေရိကန် အထက်လွှတ်တော် အမတ် ဂျင်ဝက်ဘ်သည် လာမည့် ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းတွင် အမေရိကန် သံရုံး၌ သတင်းစာရှင်းလင်းပွဲ တရပ်ကျင်းပရန် ရှိသည်ဟု သိရှိရသည်။

ဧပြီလ ၁ ရက်နေ့က ကျင်းပခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် နေရာ ၄၃ နေရာ၌ အနိုင်ရပြီးနောက် အမေရိကန် အစိုးရက စီးပွားရေး ပိတ်ဆို့ထားမှုများကို အတိုင်းအတာတခုထိ ရုပ်သိမ်းမည်ဆိုသည့် ထုတ်ပြန်ကြေညာချက် ထွက်ပေါ်လာပြီး ရက်အနည်းငယ်အကြာတွင် ယခုလို အထက်လွှတ်တော် အမတ် ဂျင်ဝက်ဘ် မြန်မာနိုင်ငံသို့ လာရောက်ခြင်း ဖြစ်သည်။

သတင်း.....(YPI)