24 March 2012

ကချင်ပြည်နယ် ဖားကန့်၊ မိုးကောင်း၊ ဗန်းမော်တို့၌ ဧပြီလ ၁ ရက်တွင်ကျင်းပမည့် ကြားဖြတ်ရွေကောက်ပွဲများကို ရက်ရွှေ့ပြောင်းလိုက်ကြောင်းသိရ

ကချင်ပြည်နယ်ရှိ လစ်လပ်မဲ ဆန္ဒနယ် သုံးနေရာဖြစ်သော ဖားကန့်၊ ဗန်းမော်၊ မိုးကောင်းမြို့နယ်တို့တွင် ဧပြီလ ၁ ရက်နေ့၌ ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲကို လုံခြုံရေး အခြေအနေအရ ရက်ရွှေ့ပြောင်း လိုက်သည်ဟု သတင်းရရှိသည်။ မည်သည့်ရက်တွင် ပြန်လည်ကျင်းပမည်ဆိုသည်ကိုမူ မသိရှိရသေးပါ။

ဧပြီလ ၁ ရက်နေ့၌ လစ်လပ်မဲဆန္ဒနယ် ၄၈ နေရာတွင် ကြားဖြတ်ရွေးကောက်ပွဲများ ကျင်းပမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန် ကြေညာထားရာ ယခုကဲ့သို့ ရွှေ့ ဆိုင်းလိုက်သောကြောင့် ၄၅ နေရာ တွင်သာ ကျင်းပတော့မည်ဖြစ်သည်။

သတင်း..... Eleven Media Group