20 March 2012

ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်းတစ်ဦးအား ဒီချုပ်ကန့်ကွက်လွှာတင်

ဧပြီလ ၁ ရက်နေ့၌ ကျင်းပမည့်ကြားဖြတ်ရွေးကောက်ပွဲ တွင် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားပြုအဖြစ် တောင်ငူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်လောင်း ဒေါက်တာဝေဝေသာအား ဘာသာရေးအကြောင်းပြု၍ မဲဆွယ်စည်းရုံးခဲ့သည်ပာုဆိုကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီမှ ပြည် ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ မတ်လ ၁၄ ရက်နေ့တွင် ကန့်ကွက်လွှာတင်သွင်းခဲ့ကြောင်း သိရသည်။

“အခုကြားဖြတ်ရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုးပါတီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အနေနဲ့ တောင်ငူမဲဆန္ဒ
နယ်က ဝင်ရောက်မည့် ဒေါ်ဝေဝေ သာကို ရွေးကောက်ပွဲဆိုင်ရာပြစ်မှုတွေ ကျူးလွန်နေတဲ့အတွက် ကော်မရှင်ကို ကန့်ကွက်လွှာတင်သွင်းထားပါတယ်”ပာု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီမှ ပြောရေး ဆိုခွင့်ရှိသူတစ်ဦးက ပြောကြားသည်။

ယခုကဲ့သို့ ပြည်ခိုင်ဖြိုးပါတီမှ ဒေါက်တာဒေါ်ဝေဝေသာအား NLDပါတီမှ ရွေးကောက်ပွဲကန့်ကွက်လွှာ တင်သွင်းရခြင်းမှာ တောင်ငူမြို့ သမိုင်းဝင် ရွှေဆံတော်ဘုရားကြီး၏ ဓာတ်ပုံနှင့် ရထားပို့ဆောင်ရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့် ဇနီးဒေါ်ဝေဝေသာတို့၏ ဓာတ်ပုံများကို ယှဉ် တွဲဖော်ပြခဲ့သော ၂၀၁၂ ခုနှစ်၊ ပြက္ခဒိန်ထုတ်ဝေခဲ့ရာတွင် ရွေး ကောက်ပွဲဥပဒေများနှင့် ငြိစွန်းနေသည့်အတွက်ကြောင့်ဖြစ်ကြောင်း သိရသည်။

“တောင်ငူမြို့ သမိုင်းဝင်ရွှေဆံတော်ဘုရားကြီး၏ ဓာတ်ပုံနဲ့ အတူ ပြက္ခဒိန် မှာ တောင်ငူပြည်သူ့လွှတ်တော်ကိုယ်စား လှယ်၊ ရထားပို့ဆောင်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့်ဇနီး ဒေါက်တာဒေါ်ဝေဝေသာမိသားစု လှူဒါန်းသည်ဆိုပြီး ရေးသားထားပါတယ်။ ဒီကိစ္စပာာ ပြည်သူ့ လွှတ်တော်ဥပဒေပုဒ်မ ၅၈ (ဂ)အရ ဥပဒေကို ကျူးလွန်ဖောက်ဖျက်နေရာကျပါတယ်”ပာု အထက်ပါပုဂ္ဂိုလ်က ဆက်လက်ဆိုသည်။

ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေအခန်း(၁၄) ပုဒ်မ ၆၆(ဋ)တွင် ဖော်ပြထားသည်မှာ လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦး ရွေးချယ် တင်မြှောက်ရေးအတွက် ဘာသာရေးအထိမ်းအမှတ်များကို ရွေးကောက်ပွဲတွင် အသုံးပြုခြင်း (သို့) လူမျိုးကိုဖြစ်စေ၊ ကိုးကွယ်ရာဘာသာကိုဖြစ်စေ၊ အ ကြောင်းပြုမဲပေးကြရန် (သို့) မဲမပေးဘဲနေကြရန် အစီအစဉ်ပြုလုပ်လျက် လှုံဆော်ခြင်းကိစ္စရပ်များကို မပြုလုပ်ကြရန် ဥပဒေပြဋ္ဌာန်းပေးထားကြောင်း သိရ သည်။

သတင်း.... yangonchronicle