Showing posts with label သတင်းထုတ်ပြန်ချက်. Show all posts
Showing posts with label သတင်းထုတ်ပြန်ချက်. Show all posts

19 March 2012

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအောင်နိုင်ရေးအဖွဲ့ မှ သတင်းထုတ်ပြန်ချက်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
အမှတ်(၉၇/ခ) အနောက်ရွှေဂုံတိုင်လမ်း
ဗဟန်းမြို့နယ်၊ ရန်ကုန်

ရက်စွဲ - ၂၀၁၂ခုနှစ် မတ်လ(၁၉)ရက်

သတင်းထုတ်ပြန်ချက်



၂၀၁၂ခုနှစ် ဧပြီလ(၁)ရက်နေ့တွင် ကျင်းပမည့်ကြားဖြတ်ရွေးကောက်ပွဲ နီးကပ်လာသည်နှင့်အမျှ ရွေးကောက်ပွဲဆိုင်ရာ မတရားသောလုပ်ဆောင်မှုများ ပိုမိုများပြား လာပါသည်။ ယင်းပြဿနာများအနက် အချို့ကိုအောက်ပါအတိုင်း ဖေါ်ပြလိုက်ပါသည်။


မင်းကင်းမြို့နယ်၊ စစ်ကိုင်းဒေသကြီး

(က) စမြင်ကျေးရွာအုပ်စုတွင် ပြည်ခိုင်ဖြိုးပါတီက ၎င်းတို့ပါတီအစည်းအဝေးသို့ တစ်အိမ်တယောက် မတက်မနေရတက်ရောက်ရန် ၁၆.၃.၂၀၁၂ ရက်နေ့တွင် အမိန့်ပေးဖိတ်ကြားမှု ပြုလုပ်နေသည်ဟု သိရှိရသည်။

(ခ) ပြည်ခိုင်ဖြိုးပါတီ၏ မင်းကင်းမဲဆန္ဒနယ် လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါက်တာစန်းဝင်းဆိုသူက
(၁) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဥက္ကဋ္ဌကို ပုတ်ခတ်ပြောဆို ဟောပြောခြင်းသည် နိုင်ငံရေးပါတီ မှတ်ပုံတင်ခြင်း ဥပဒေနှင့် ငြိစွန်းနေပါသည်။

(၂) ပျဉ်းကိုင်းကြီးအုပ်စုတဲကြီးရွာမူလလွန်ကျောင်းကို ငွေကျပ် ၃ သိန်းခွဲလှူဒါန်းခဲ့သည်။ (လှူဒါန်းငွေမှာ မိမိပိုင်ငွေ သို့မဟုတ် အစိုးရငွေဖြစ်သည်ဟုမသဲကွဲပါ။) ရွေးကောက်ပွဲအနိုင်ရပါက နောက်ထပ်ငွေ ၃ သိန်းခွဲပေးလှူမည်ဟုဟောပြောခဲ့ကြောင်း ကြားသိရသည်။ ယင်းလုပ်ရပ်မှာမဲဝယ်ခြင်းဖြစ်၍ ရွေးကောက်ပွဲ ဥပဒေနှင့် ငြိစွန်းနေကြောင်းတွေ့ရှိရပါသည်


လောင်းလုံမြို့နယ်၊ တနင်္သာရီတိုင်းဒေသကြီး

တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံမြို့နယ်မဲဆန္ဒအတွက် ကြိုတင်မဲများကို ကောက်ယူလျက်ရှိသည်ဟု သတင်းဌာနများမှ ကြားသိနေရပါသည်။ ကြိုတင်မဲနှင့်စပ်လျဉ်းပြီး ပြည်ထောင်စုကော်မရှင်က မတ်(၃၀.၃.၂၀၁၂)ရက်မှ (၃၁.၃.၂၀၁၂)ရက်အထိတွင်သာ ကောက်ယူရန်ညွှန်ကြားချက်ကို ဆန့်ကျင်လုပ်ဆောင်မှုဖြစ်ကြောင်း တွေ့ရှိရပါသည်။


ဥတ္တရသီရိမြို့နယ်

ကြားဖြတ်ရွေးကောက် ပွဲ တွင် အနှောက်အယှက်များကိုတွေ့နေခဲ့ရာမှ ၁၈.၃.၂၀၁၂ ရက်နေ့တွင် နေပြည်တော် ဥတ္တရသီရိ မဲဆန္ဒနယ်မြေတွင် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမင်းသူ၏ဟောပြောပွဲတွင် သစ်သားချွန်ဖြင့် ပစ်ခတ်ခံရသဖြင့် ဦးမင်းသူ၏ လုံခြုံရေးအဖွဲ့ဝင် အမျိုးသမီးတဦးဒဏ်ရာရရှိခဲ့သည်ဟု သိရှိရပါသည်။ ယင်းကဲ့သို့ အကြမ်းဖက်မှုကို အဖွဲ့ချုပ်က အစဉ်အမြဲဆန့်ကျင်သည်။ သက်ဆိုင်ရာ ရဲတပ်ဖွဲ့သို့လည်းအရေးယူပေးနိုင်ရန် တိုင်ကြားခဲ့ပါသည်။

အထက်ပါကိစ္စများသည် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲဖြစ်ပေါ်လာစေရေးကို ထိခိုက်စေနိုင်ကြောင်း ထုတ်ပြန် ကျေညာလိုက်သည်။

ဗဟိုအောင်နိုင်ရေးအဖွဲ့
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

23 January 2012

၈၈ မျိုးဆက်ကျောင်းသားများသတင်းစာရှင်းလင်းပွဲတွင်အချက်၉ ချက်ပါရှိသည့် သဘောထားကြေညာချက်ကို ထုတ်ပြန်



၈၈ မျိုးဆက်ကျောင်းသားများ သတင်းစာရှင်းလင်းပွဲယနေ့မွန်းလွဲ ၂ နာရီမှစတင်ကျင်းပပြီး သတင်းစာရှင်းလင်းပွဲတွင်အချက်၉ ချက်ပါရှိသည့် သဘောထားကြေညာချက်ကို ထုတ်ပြန်ခဲ့သည်။

ပေးပို့ပေးသော ဖိုးရှုပ်လေး အားကျေးဇူးတင်ရှိပါသည်.။

05 January 2012

ဇန္န၀ါရီ ၂ ရက် လွတ်ငြိမ်းချမ်းသာခွင့်အမိန့်အား အနှစ်သာရမဲ့သော ပြစ်ဒဏ်လျှော့ပေးခြင်းအဖြစ်သာ အေအေပီပီမှ ရှုမြင်

သတင်းထုတ်ပြန်ချက်
၂၀၁၂ ခုနှစ် ဇန္န၀ါရီလ ၄ ရက်နေ့

၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၂ ရက်နေ့တွင် ကြံ့/ဖွံ့ အစိုးရ သမ္မတ ဦးသိန်းစိန် လက်မှတ်ထိုးပြီး နိုင်ငံတော် လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ကို ကြေညာသွားခဲ့သည်။ ထိုအမိန့်အရ သေဒဏ်ကျခံရသူများ အား ထောင်ဒဏ်တစ်သက် (နှစ်အကန့်အသက်မရှိ)၊ - နှစ် ၃၀ အထက် ကျခံနေရသူများ (နှစ်အကန့်အသတ်မရှိနှင့် ထောင်ဒဏ်တစ်သက်မပါ) အား နှစ် ၃၀၊ - နှစ် ၂၀ မှ နှစ် ၃၀ အထိ ကျခံနေရသူများအား နှစ် ၂၀၊ - နှစ် ၂၀ အောက် ကျခံနေရသူများအား ၄င်းတို့ ကျခံနေရသည့် ထောင်ဒဏ်၏ လေးပုံတစ်ပုံကို လွတ်ငြိမ်းချမ်းသာခွင့်ပြုသည် ဟု ဖေါ်ပြထားပေသည်။

ထိုကြေညာချက်သည် လွတ်ငြိမ်းချမ်းသာခွင့်ဟု မခေါ်ဆိုနိုင်ဘဲ ပြစ်ဒဏ်လျှော့ပေါ့သည့် အမိန့်သာဖြစ်သည်။
သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်တွင် လွတ်ငြိမ်းချမ်းသာခွင့် အမိန့် ၃ ကြိမ် ကြေညာပြီးဖြစ်သည်။ ပထမအကြိမ် ၂၀၁၁ ခုနှစ် မေလတွင် အကျဉ်းသား ၁၄၀၀၀ ကျော် လွှတ်ပေးရာတွင် အေအေပီပီ၏ မှတ်တမ်းအရ နိုင်ငံရေးအကျဉ်းသား ၇၂ ဦးသာပါဝင်ခဲ့ပြီး ဒုတိယအကြိမ် ၂၀၁၁ အောက်တိုဘာလတွင် အကျဉ်းသား ၆၃၀၀ ကျော် လွှတ်ပေးရာတွင် နိုင်ငံရေးအကျဉ်းသား ၂၄၁ ဦးသာ ပါဝင်ခဲ့သည်။ ရာခိုင်နှုန်းအရ ၁.၅ ရာနှုန်းသာ ပါဝင်ခဲ့သည်။ ယခုကြေညာချက်အရဆိုလျှင် ပျမ်းမျှအားဖြင့် နိုင်ငံရေးအကျဉ်းသား ၁၀၀ အောက်သာ လွတ်မြောက်လာနိုင်မည်ဖြစ်ပြီး ထိုသူများထဲတွင်လည်း မကြာမီ ပြစ်ဒဏ်ကုန်ဆုံးကာ လွတ်ရက်စေ့တော့မည့် သူများအများအပြားပါဝင်မည်ဖြစ်သည်။ ယခုကြေညာချက်အရ လွတ်မြောက်သူများထဲတွင် ယနေ့အထိ အေအေပီပီမှ စုဆောင်းထားသော မှတ်တမ်းအရ ၃၄ ဦးသာ လွတ်မြောက်လာခဲ့သည်။ ဦးခွန်ထွန်းဦးအပါအ၀င် တိုင်းရင်းသားခေါင်းဆောင်များ၊ ကိုမင်းကိုနိုင်အပါအ၀င် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များနှင့် နှစ်ရှည်အကျဉ်းကျခံနေရသော ရဟန်း၊ သံဃာကျောင်းသား ပြည်သူများ ပါဝင်မည်မဟုတ်ပေ။

ယခုကြေညာချက်သည် လက်ရှိအစိုးရ ထိပ်တန်းတာဝန်ရှိသူများ ပြောဆိုနေသော ကတိက၀တ်များကို မိမိတို့ကိုယ်တိုင် ပြောင်ပြောင်တင်းတင်း ချိုးဖောက်လိုက်သည့် လုပ်ရပ်ဖြစ်သည့်အပြင် နိုင်ငံတကာ မိတ်ဆွေများသို့ စိန်ခေါ်လိုက်သည့် လုပ်ရပ်ပင်ဖြစ်သည်။

ယနေ့အကျဉ်းကျခံနေရသော နိုင်ငံရေးအကျဉ်းသားများသည် ယခင်အစိုးရလက်ထက် အာဏာပိုင်များမှ နိုင်ငံရေးနှင့် ဆက်စပ်၍ ဖမ်းဆီးထောင်ချထားသူများပင်ဖြစ်သည်။ တရားဥပဒေနှင့်အညီ ချမှတ်ထားသော ပြစ်ဒဏ်များ မဟုတ်ပေ။ တရားဥပဒေကို လေးစားလိုက်နာသော အစိုးရဖြစ်လိုပါက ထိုအမှုများကို ချေဖျက်ပစ်ပြီး ချွင်းချက်မရှိ လွှတ်ပေးခြင်း၊ နိုင်ငံတော် ပြန်လည်ထူထောင်ရာတွင် ထိုလူများကို လွတ်လပ်စွာ ပါဝင်ခွင့်ပြုခြင်း စသည့် အခင်းအကျင်းများကို မဖြစ်မနေ ဖန်တီးပေးရမည်သာဖြစ်သည်။

သို့သော်လည်း ယခုကဲ့သို့ ၈၈ မျိုးဆက်အပါအ၀င် နှစ်ရှည်ထောင်ဒဏ်များချမှတ်ထားသော နိုင်ငံရေး အကျဉ်းသားများကို စနစ်တကျ ချန်လှပ်၍ ထုတ်ပြန်လိုက်သော ထိုကြေညာချက်ကြောင့် လက်ရှိ ဆောင်ရွက်နေသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၊ ပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်များအား တိုင်းရင်းသားပြည်သူများ၊ အတိုက်အခံများနှင့် နိုင်ငံတကာအသိုင်းအ၀ိုင်းမှ သံသယရှိလာမည်ဖြစ်သည်။ အယုံအကြည်ကင်းမဲ့ လာမည်သာဖြစ်သည်။

ထို့ကြောင့် တရားဥပဒေစိုးမိုးရေး၊ ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်များ တိုးတက် ဖြစ်ထွန်းရေးအတွက်၊ ပြည်သူများ ယုံကြည်ကိုးစားသော အစိုးရတရပ်ဖြစ်ပေါ်ရေးအတွက် ပထမအဆင့်အနေဖြင့် နိုင်ငံရေး အကျဉ်းသားများရှိသည်ကို အသိအမှတ်ပြုပြီး အားလုံးကို ချွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးရန်လိုအပ်ကြောင်း ထပ်မံ သတိပေးလိုက်ပါသည်။ သို့မှသာ ကျန်ရှိနေသေးသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၊ ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်များကို တက်လှမ်းနိုင်မည် ဖြစ်သည်။


နိုင်ငံရေးအကျဉ်းသားများကူညီ စောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ)

ဆက်သွယ်ရန်
ကိုတိတ်နိုင် (အတွင်းရေးမှူး) +၆၆ (၀) ၈၁ ၂၈၇ ၈၇၅၁
ကိုဘိုကြည် (တွဲဖက်အတွင်းရေးမှူး) +၆၆ (၀) ၈၁ ၉၆၂ ၈၇၁၃

07 November 2011

အမျိုးသားပြန်လည်သင့်မြတ်ရေးကိုအမှန်တကယ်ဆောင်ရွက်မည်ဆိုလျှင် နိုင်ငံရေးအကျဉ်းသားအားလုံးကိုချွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးခြင်းဖြင့်စတင်ပါ

အမျိုးသားပြန်လည်သင့်မြတ်ရေးကို အမှန်တကယ်ဆောင်ရွက်မည်ဆိုလျှင် နိုင်ငံရေးအကျဉ်းသားအားလုံးကို ချွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးခြင်းဖြင့် စတင်ပါ

သတင်းထုတ်ပြန်ချက်
၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့

မြန်မာအစိုးရအနေဖြင့် ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့က အကျဉ်းသားများအား လွတ်ငြိမ်း ချမ်းသာခွင့်ပေးခဲ့မှုအပေါ်တွင် တိုးတက်မှုဖြစ်စဉ်တစ်ခုဟု သာမန်အားဖြင့်မြင်နိုင်သော်လည်း အဓိကကျသော တိုင်းရင်းသားခေါင်းဆောင်များ၊ ၈၈ မျိုးဆက်ကျောင်းသားများ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ရွေးကောက်ခံ အမတ်များနှင့် နိုင်ငံရေးလှုပ်ရှားတက်ကြွသူများ လွတ်မြောက်လာခြင်းမရှိသည့်အတွက် သံသယဖြစ်စရာ ဖြစ်နေပါသည်။

ထိုကြေညာချက်အရ လွတ်မြောက်လာသူ ၆၃၅၉ ဦး အနက် နိုင်ငံရေးအကျဉ်းသားမှာ မိမိတို့ အေအေ ပီပီ စာရင်းအရ ၂၄၀ ဦးသာ ပါဝင်ခဲ့သည်။ ဦးသိန်းစိန်အစိုးရ၏ ပထမအကြိမ်ပေးသော လွတ်ငြိမ်းချမ်းသာခွင့် တွင်လည်း လွှတ်ပေးသူ ၁၄၆၀၀ အနက် နိုင်ငံရေးအကျဉ်းသားမှာ မိမိတို့၏စာရင်းအရ ၇၂ ဦးသာ ပါဝင်ခဲ့သည်။

ပိုဆိုးသည်မှာ မြန်မာအစိုးရဖက်မှ ယနေ့အထိ နိုင်ငံရေးအကျဉ်းသားမ ရှိပါဟု ငြင်း ဆိုနေခြင်းဖြစ်သည်။ နိုင်ငံတကာအသိုင်းအ၀ိုင်းတွင်မူ မြန်မာအစိုးရ ကိုယ်စားလှယ် အချို့က နိုင်ငံရေးအကျဉ်းသား ၃၀၀ ခန့်လွှတ်ပေး လိုက်သည်ဟု ရှေ့နောက်မညီ ပြောဆိုနေကြပြန်ပါသည်။ ဤအချက်သည် မြန်မာအစိုးရအနေဖြင့် နိုင်ငံရေးအကျဉ်းသားများကို ဓားစာခံများသဖွယ် သဘောထား၍ နိုင်ငံတကာနယ်ပယ်တွင် နိုင်ငံရေးအမြတ်ရရေးအတွက် ကစားပွဲတစ်ခုကဲ့သို့ ပြုလုပ်နေခြင်းမှာ ထင်ရှားနေ ပါသည်။

နိုင်ငံရေးအကျဉ်းသားဆိုသည့် အဓိပ္ပါယ်ဖွင့်ဆိုချက်နှင့် ပတ်သက်၍ မြန်မာအစိုးရနှင့် အေအေပီပီ အပါအ၀င် အတိုက်အခံများအကြား ကွဲလွဲမှုများရှိနေခြင်းသည် နိုင်ငံရေးယုံကြည်ချက်နှင့် ထိုနိုင်ငံရေးယုံကြည်ချက်အရ လုပ်ဆောင်မှု များကြောင့် အကျဉ်းကျနေသူများနှင့် ၎င်းတို့၏ တန်ဖိုးများအပေါ်ထားရှိသည့် သဘောထားများ မတူညီခြင်းကြောင့် ဖြစ်ပါသည်။

အေအေပီပီမှ ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့ နေ့စွဲဖြင့်ထုတ်ပြန်ခဲ့သော “မည်သူတို့အား နိုင်ငံရေး အကျဉ်းသားအဖြစ်သတ်မှတ်သည်” ဆိုသည့် သတင်းထုတ်ပြန်ချက်တွင် “ငြိမ်းချမ်းစွာ ဆန့်ကျင်ဆန္ဒ ပြခြင်းဖြင့် လည်းကောင်း၊ လက်နက်ကိုင်လမ်းစဉ်ဖြင့်လည်းကောင်း၊ နိုင်ငံရေးလှုပ်ရှားမှုများတွင်တက်ကြွစွာပါဝင် လှုပ်ရှားခြင်း (သို့မဟုတ်) အားပေးထောက်ပံ့ကူညီခြင်း (သို့မဟုတ်) ထိုသို့ပါဝင်သည် ထောက်ပံ့ကူညီသည်ဟု စွပ်စွဲခံရခြင်းတို့ကြောင့် မြန်မာနိုင်ငံ ထောင်အသီးသီး၊ ရဲဘက်စခန်းများနှင့် စစ်ကြောရေးစခန်းများတွင် ဖမ်းဆီး ချုပ်နှောင်ခြင်းခံရသော မည်သူကိုမဆို နိုင်ငံရေးအကျဉ်းသားဟု သတ်မှတ်ပါသည်” ဟု အတိအလင်း အဓိပ္ပါယ် ဖွင့်ဆိုထာပြီးဖြစ်သည်။

မိမိတို့ အေအေပီပီမှ သတ်မှတ်ထားသည့် ဤသတ်မှတ်ချက် စံချိန်စံညွှန်းများနှင့် အညီ အေအေပီပီမှ ကောက်ခံရရှိထားသော စာရင်းဇယားများအရ နိုင်ငံရေးအကျဉ်းသားပေါင်း ၁၆၆၈ ဦးသည် အကျဉ်းထောင်များ အတွင်းတွင် ကျန်ရှိနေဆဲဖြစ်သည်။ မိမိတို့အေအေပီပီအပါအ၀င် ပြည်တွင်း ပြည်ပရှိ အဖွဲ့အစည်းများမှ စုဆောင်းထားသော နိုင်ငံရေး အကျဉ်းသား စာရင်းဇယားများမှာ မှန်ကန်မှုမရှိဟု တဖက်သတ်ငြင်းဆိုနေမည့်အစား မှန်ကန်သည်ဆိုသည့် ၎င်းတို့၏စာရင်းကို အမြန်ဆုံး တရားဝင်ထုတ်ပြန်ကြေညာပေးရန် မြန်မာအစိုးရတွင် တာဝန်ရှိပါသည်။

မြန်မာအစိုးရအနေဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို အမှန်တကယ်ဆောင်ရွက်မည်ဆိုလျှင် သို့မဟုတ် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးများကို အမှန်တကယ် ဆောင်ရွက်မည်ဆိုလျှင် ...

• ပထမအဆင့်နေဖြင့် နိုင်ငံရေးယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူအားလုံးကို နိုင်ငံရေးအကျဉ်းသားများ အဖြစ် လက်ခံအသိအမှတ်ပြုပေးရမည်။
• ဒုတိယအဆင့်အနေဖြင့် မည်သူတို့ကို နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ်သည်ဆိုသည်ကို ရှင်း လင်းစွာထုတ်ပြန်ပေးရမည်။
• တတိယအဆင့်အနေဖြင့် နိုင်ငံရေးအကျဉ်းသားစာရင်းအတိအကျကို လူသိရှင်ကြား ထုတ်ပြန်ပေးရ မည်။
• စတုတ္ထအဆင့်အနေဖြင့် နိုင်ငံရေးအကျဉ်းသားအားလုံးကို ချွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးပြီး ပြန် လည်လွတ်မြောက်လာသူ အားလုံးကိုလည်း ၎င်းတို့၏ ယုံကြည်မှုများအရ နိုင်ငံရေးတွင် လွတ်လပ်စွာ ပါဝင်လှုပ်ရှားခွင့်ပြုရမည် ဖြစ်သည်။

ယခုရက်ပိုင်းအတွင်း စာရင်းအမှန်ရနိုင်ရန် နိုင်ငံတကာမှလည်း အကြံပြုချက်များ တောက်လျှောက်ပေး နေသည်ကိုတွေ့ရသည်။ မိမိတို့အေအေပီပီမှလည်း အပြုသဘောဆောင်သော အကြံဉာဏ်များ၊ တိုက်တွန်းမှုများ ပေးလိုပါသည်။

မြန်မာအစိုးရနှင့် တောက်လျှောက် ပူးတွဲလုပ်ကိုင်နေသော အိုင်စီအာစီကဲ့သို့ နိုင်ငံတကာ အဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပရှိ နိုင်ငံရေးအကျဉ်းသားစာရင်း ကောက်ခံနေသော အဖွဲ့အစည်းများ ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်ဦးဆောင်သည့် လွတ်လပ်သည့် စုံစမ်းစစ်ဆေးရေးကော်မရှင် စသည်တို့နှင့်ပူးတွဲ၍ အဖြေရှာမည်ဆိုလျှင် ရလဒ်ကောင်းများထွက်ပေါ်လာနိုင်သလို ပြည်တွင်းပြည်ပ၏ အသိအမှတ်ပြုမှု၊ ယုံကြည်မှုများကို တိုးပွားလာစေ မည်ဖြစ်ပါသည်။

ထိုသို့ လုပ်ဆောင်မည်ဆိုပါက မိမိတို့အေအေပီပီအနေဖြင့်လည်း လိုအပ်သည့်အထောက်အထားများ ကို ကြိုးစားရှာဖွေ ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။



နိုင်ငံရေးအကျဉ်းသားများကူညီ စောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ)

ဆက်သွယ်ရန်
ကိုတိတ်နိုင် (အတွင်းရေးမှူး) +၆၆ (၀) ၈၁ ၂၈၇ ၈၇၅၁
ကိုဇော်ထွန်း (အလုပ်အမှုဆောင်) +၆၆ (၀) ၈၉ ၉၅၂ ၇၃၄၀
--

14 October 2011

ရိုးသားစစ်မှန်မှုမရှိသော အကျဉ်းသားလွှတ်ပေးမှု

Prisoner Release Lacks Sincerity Burmese

13 August 2011

ယနေ့ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် နှင့် ဦးအောင်ကြည်တို့တွေ့ဆုံဆွေးနွေးမှုအားသတင်းထုတ်ပြန်ချက်

Untitled 1(1)

23 May 2011

အင်းစိန်ထောင်တွင် နိုင်ငံရေးအကျဉ်းသားများ ဆန္ဒပြနေ

အင်းစိန်ထောင်တွင် နိုင်ငံရေးအကျဉ်းသားများ ဆန္ဒပြနေ

သတင်းထုတ်ပြန်ချက်
ရက်စွဲ။ ။ ၂၁ မေလ၊ ၂၀၁၁ ခုနှစ်

အင်းစိန်ထောင်တွင် နိုင်ငံရေးအကျဉ်းသား၂၂ ဦးသည် အကျဉ်းသားများရပိုင်ခွင့်များ ရရှိရေးအတွက် ယနေ့ မေလ ၂၁ ရက်နေ့မှစ၍ ဆန္ဒပြနေကြောင်းသိရှိရသည်။

ပထမအဆင့် အနေဖြင့် မေလ ၂၁ ရက်နေ့ မနက်မှ စ၍ အခန်းထဲမှ အခန်းပြင်မထွက်ပဲ ဆန္ဒပြ
မည်ဖြစ်ပြီး မေလ ၂၂ ရက်နေ့ နေ့လည်မှစ၍ အစာငတ်ခံ ဆန္ဒပြသွားမည် ဟု သိရှိရသည်။

ထိုသို့ဆန္ဒပြရသည့်အကြောင်းအရင်းများမှာ အောက်ပါအခြေအနေများကြောင့် ဆန္ဒပြရခြင်း ဖြစ် ကြောင်းသိရှိရသည်။

- ထောင်မှကျွေးမွေးသော ဟင်းများသည် အရသာကင်းမဲ့စွာ အရွက်များကို ရေလုံပြုတ် ထာသော(တာလဘော) ဟင်းဖြစ်သည်။ ငပိရည်ချိုမှာ အနံ့ဆိုးပြီး အညံ့ဆုံးငပိကို ရွေးချယ်အသုံးပြုပြီး ရေများများနှင့် ကျဲတောက်စွာ ချက်ထား ပါသည်။ ထို့ကြောင့် ယား နာများ။ သွေးတိုးရောဂါများ၊ ဖြစ်ပွားလျက်ရှိပါသည်။ အကျဉ်းသားတဦးကို တပါတ် လျှင် (၂) ကြိမ် ကျွေးမွေးသော အသားဟင်းလျာများမှာ အလေးချိန် မပြည့်ခြင်း။ အရသာ ကင်းမဲ့ခြင်း။ မနူးခြင်းများဖြင့် စားသုံးရပါသည်။ ၂၀၀၇ ခုနှစ် စက်တင်ဘာ ထုတ် Living Colour မဂ္ဂဇင်းတွင် အကျဉ်းဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှုး ဦးလှ ကြည်မှ အကျဉ်းသားများအား အပတ်စဉ် အသီးအရွက်ကြော်ကျွေးသည်ဟု ပြောကြားခဲ့ပါသည်။ အမှန်တကယ်တွင် ယနေ့အချိန်ထိ တခါမျှ အသီးအရွက်ကြော် မကျွေးခဲ့ပါ။ ၂၀၀၇ ခုနှစ် အထိ တပါတ်လျှင် သုံးကြိမ် နံနက်စာ ထမင်းကြော် ကျွေးခဲ့သော်လည်း နောက်ပိုင်း၌ မကျွေးတော့ပါ။

- အကျဉ်းသားများအား ထုတ်ပေးသော ပုံစံဝတ်စုံမှာ ပါးလွှာခြင်း၊ အနံ့ဆိုးခြင်း၊ ကွင်းကျဉ်းခြင်း တို့ကြောင့် မိမိတို့ အရှက်ကို လုံခြုံမှုမရှိပဲ လူ့ဂုဏ်သိက္ခာကို ညှိုးနွမ်းစေပါသည်။

- ကြမ်းပိုးကိုက်ခြင်း၊ အိပ်ချိန်လုံလောက်စွာမရခြင်း။ ၀ဲ၊ ယားနာ စသောကူးစက်ရောဂါများ ဖြစ်ပွားလျက်ရှိပါသည်။ ကြွက်၊ ခြင်၊ ယင်ကြောင့် ၀မ်းပျက်ရောဂါများ ဖြစ်ပွားလျက်ရှိပါသည်။ ခြင်အန္တရာယ်ကြောင့် ငှက်ဖျား၊ သွေးလွန်တုတ်ကွေးရောဂါများ ဖြစ်ပွားလျှက်ရှိပါသည်။ အကျဉ်းသားများကို ဆေးထိုးအပ် ကိုင်ခိုင်းထားပါသည်။

- အကျဉ်းကျခံနေရစဉ် စာပေလေ့လာခြင်း၊ ဘာသာစကားလေ့လာခြင်း တို့ကို အထောက် အကူပြုစေရန် စာရေးကိရိယာများနှင့် ခွင့်ပြု စာအုပ်များကို လွတ်လပ်စွာဖတ်ရှုခွင့်မရပါ။

- နအဖ အစိုးရဟောင်းမှ အကျဉ်းသားများအား အဆင့်အတန်း ခွဲခြားထားပါသည်။ ခံစားခွင့်နှင့် ရပိုင်ခွင့်များ ခွဲခြားသတ်မှတ်ထားပါသည်။ သီးသန့်၊ သာမန်အကျဉ်းသားများသည် လျော့ရက်ခံစားခွင့် မရရှိခဲ့ပေ။

- နိုင်ငံခြားသားများ ထောင်ဝင်စာတွေ့ဆုံရာတွင် မည်သည့် အကာအရံ အတားအဆီးမျှ မရှိပဲ မိသားစုနှင့်အတူ လွတ်လပ်စွာ တွေ့ဆုံစကားပြောခွင့် ပေးထားပါသည်။ သီးသန့်၊ သာမန်သီးသန့် အကျဉ်းသားများ ထောင်ဝင်စာတွေ့ဆုံရာတွင် မှန်၊ သံဇကာများ ကာရံထားပါသည်။ CCTV နှင့် ၀န်ထမ်းများ လိုက်လံရေးသား မှတ်တမ်းတင်ခြင်းကြောင့် မိမိတို့၏ ကိုယ်ရေးကိုယ်တာ ကိစ္စများ မိသားစု အရေးများ လွတ်လပ်စွာ ပြောဆိုလို့ မရပါ။

အထက်ပါအခြေအနေများကြောင့် အောက်ပါတောင်းဆိုချက်များ တောင်းဆို ဆန္ဒပြ နေကြောင်း သိရှိရပါသည်။

ထိုတောင်းဆိုချက်များမှာ..

၁။ ထောင်မှနေ့စဉ်ကျွေးမွေးသော အစားအစာများကို အကျဉ်းဦးစီးဌာနမှ သတ်မှတ်ထားသော စံနှုန်းများနှင့်အညီ ပြည့်ပြည့်၀၀ ကောင်းမွန်စွာ ချက်ပြုတ် ကျွေးမွေးရန် နှင့် အသီးအရွက်ကြော် အပတ်စဉ်ကျွေးမွေးရန်။

၂။ လူ့ဂုဏ်သိက္ခာနှင့် လျှော်ညီစွာ စီမံချုပ်လုပ်ထားသော ထောင်တွင်းသတ်မှတ်ပုံစံ ၀တ်စုံအား ၆ လ တစ်ကြိမ် အကျဉ်းသားများအားထုတ်ပေးရန်။

၃။ ပျမ်းမျှအကျဉ်းသားဦးရေ ၁၁၀ ခန့်ထားရှိသော အခန်း ၃၀ ပေ x ၅၅ ပေ အတွင်း ကြွက်၊ ခြင်၊ ကြမ်းပိုး အန္တရာယ်ကင်းဝေးစေရန်အတွက် ကောင်းမွန်သော အခင်းထားရှိရန်။ ခြင်အန္တရာယ်ကင်းဝေးစေရန် ပန်ကာ သို့မဟုတ် ခြင်ထောင်ထားရှိပေးရန်။

၎။ တရားဝင် ဗလာစာအုပ်၊ ခဲတံ ကိုင်ဆောင်ထားရှိခွင့်နှင့် ရေးသားခွင့်ပေးရန်။

၅။ လျှော့ရက်ခံစားခွင့်မရရှိသော သီးသန့်/ သာမန်သီးသန့် အကျဉ်းသားများအား သီးခြားထားပေးရန်။

၆။ လျှော့ရက်ခံစားခွင့်မရရှိသော သီးသန့်/ သာမန်သီးသန့်အကျဉ်းသားများအား ထောင်ဝင်စာတွေ့ဆုံရာတွင် နိုင်ငံခြားသားအကျဉ်းသားများနည်းတူ လွတ်လပ်စွာ တွေ့ဆုံ ခွင့်ပေးရန် စသည်တို့ဖြစ်သည်။

အထက်ပါတောင်းဆိုချက်များမှာအကျဉ်းဦးစီးဌာန၏လုပ်ပိုင်ခွင့်ဘောင်အတွင်းတောင်းဆိုခြင်းဖြစ်ပြီးပြည်ထဲရေး ၀န်ကြီးဌာနသို့ တရားဝင် အကြောင်းကြားပြီး တောင်းဆိုသွားမည်ဟု သိရှိရသည်။

ထို့အပြင် မေလ ၁၆ ရက်နေ့တွင် ကြံ့ဖွံ့အစိုးရမှ ကြေညာသော လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ကို မကျေနပ်သဖြင့် အင်းစိန်ထောင် အမှတ် (၇) ဆောင်ရှိ အမျိုးသမီး နိုင်ငံရေးအကျဉ်းသားများမှ လည်း မေလ ၁၇ ရက်ကတည်းက ယနေ့တိုင် အစာမစားဘဲ ဆန္ဒပြနေကြောင်း သိရှိရသည်။


နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)

ဆက်သွယ်ရန်…

ကိုတိတ်နိုင်(အတွင်းရေးမှုး) +၆၆(၀) ၈၁ ၂၈၇ ၈၇၅၁
ကိုဘိုကြည်(တွဲဖက်အတွင်းရေးမှုး) +၆၆(၀) ၈၁ ၉၆၂ ၈၇၁၃

19 April 2011

အဖွဲ့ချုပ်အဖွဲ့ဝင် ကိုမင်းအောင်အား သင့်တော်သည့် ဆေးကုသခွင့်ပေးရန် အေအေပီပီ ( AAPP )မှ တောင်းဆို

သတင်းထုတ်ပြန်ချက်

၁၈ ရက် ဧပြီလ ၂၀၁၁ ခုနှစ်


နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) အနေဖြင့် နိုင်ငံရေး အကျဉ်းသား တစ်ဦးဖြစ်သော ရခိုင်ပြည်နယ် တောင်ကုပ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဘဏ္ဍာရေးမှူးဖြစ်သူ ကိုမင်းအောင် နှလုံးသွေးကြောကျဉ်းရောဂါကို ခံစားနေရသည့်အတွက် ဆေးကုသခွင့်ပေးရန် ထောင်အာဏာပိုင်များအား တင်ပြခဲ့သော်လည်း ၁၁ လကျော် ကြာမြင့်သည့်တိုင် ဆေးဝါးကုသခွင့်ကို မရရှိကြောင်း သိရသည့်အတွက် ဆေးကုသပေးရန် တောင်းဆိုလိုက်ပါသည်။

အသက် ၃၇ နှစ် အရွယ်ရှိ ကိုမင်းအောင်သည် ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးတွင် ပါဝင် လှုပ်ရှားဆောင်ရွက်ခဲ့သည့်အတွက် ထောင်ဒဏ် ၁၇ နှစ် နှင့် ၁၄ ၇က် ချမှတ်ခံခဲ့ရပြီး စစ်ကိုင်းတိုင်း ကလေးအကျဉ်းထောင်တွင် ဖမ်းဆီးထိန်းသိမ်းထားခြင်း ခံနေရပါသည်။ ကိုမင်းအောင်သည် ဖမ်းဆီးခံခဲ့ရသည့် ၂၀၀၇ ခုနှစ်မှစ၍ မြန်မာနိုင်ငံတဝှမ်းရှိ အကျဉ်းထောင် လေးခုသို့ ပြောင်းရွှေ့ခြင်းကို ခံခဲ့ရပါသည်။

“မိသားစုနဲ့နီးတဲ့ အကျဉ်းထောင်တွေ ရှိပေမဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ဒီလို အလွန်ဝေးကွာတဲ့ ထောင်တွေကို ထောင်ပြောင်းတာက စစ်အစိုးရဲ့ ပုံမှန်လုပ်ရိုးလုပ်စဉ် ဖြစ်နေပါပြီ။ အဲဒီလို ထောင်ပြောင်းတာက နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တွေက အကျဉ်းကျနေတဲ့ မိသားစုဝင် တွေကို ထောင်ဝင်စာတွေ့ဖို့နဲ့ အစာအစားနဲ့ ဆေးဝါးထောက်ပံ့ဖို့ကို ဖြတ်တောက် ပိတ်ပင်ဖို့ ကြိုးပမ်းတဲ့၊ နိုင်ငံရေးအကျဉ်းသားတွေကိုဖိနှိပ်တဲ့ နည်းဗျူဟာတစ်ခုပါ။ အခု ကိုမင်းအောင်ဆိုရင် ထောင်ခနခန အပြောင်းခံနေရတာကြောင့် ကျန်းမာရေးကို ထိခိုက်လာတဲ့အထိ ဆိုးဆိုးရွားရွား ဖြစ်သွားစေတာပါ” ဟု နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) မှ တွဲဘက်အတွင်းရေးမှူး ဖြစ်သူကိုဘိုကြည်မှ ပြောဆိုပါသည်။

နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေအရ အကျဉ်းသားများအပါအဝင် လူသားအားလုံးသည် သင့်တော်မှန်ကန်သော ကျန်းမာရေး ကုသစောင့်ရှောက်မှုကို ရရှိခံစားရမည်ဖြစ်သည်။ အကျဉ်းထောင် အာဏာပိုင်များအနေဖြင့် အကျဉ်းသားများ၏ ကျန်းမာရေးကို စောင့်ရှောက် ကာကွယ် တာဝန်ယူရမည်ဖြစ်ပါသည်။

“မြန်မာနိုင်ငံမှာ ဆိုးရွားတဲ့ အကျဉ်းထောင်အခြေအနေတွေကြောင့် နိုင်ငံရေးအကျဉ်းသားတွေ ခံစားနေရတဲ့ ရောဂါဝေဒနာတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ပဲ ဆေးဝါးကုသမပေးပါဘူး။ ဒီလိုအခြေအနေမျိုးမှာ မိသားစုတွေရဲ့ ထောက်ပံ့ပေးမှုဟာ နိုင်ငံရေးအကျဉ်းသားတွေ အသက်ဆက်ဖို့အတွက် အရမ်းအရေးကြီးပါတယ်။ ဒါပေမဲ့ အာဏာပိုင်တွေက ထောင်ပြောင်း လိုက်တဲ့အတွက် အဲဒီလို အရေးကြီးတဲ့ မိသားစုအထောက်အပံ့ကို ဖြတ်တောက်လိုက်တာပါပဲ။ အခုကိုမင်းအောင်လိုကိစ္စမျိုးမှာ အကျဉ်းထောင်ထဲက အကျဉ်းသားတစ်ယောက်ကို သင့်တော်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု မပေးတာဟာ နှိပ်စက်တဲ့သဘော၊ လူမဆန်တဲ့သဘော၊ လူ့ဂုဏ်သိက္ခာကို ချိုးနှိမ်ရာရောက်ပါတယ်” ဟု ကိုဘိုကြည်မှ ဆိုပါသည်။

အကျဉ်းထောင်ဆရာဝန်နှင့် သင့်တော်သော ဆေးဝါးကုသမှုမရှိသော နယ်စွန်နယ်ဖျား အကျဉ်းထောင်များသို့ ပြောင်းရွှေ့ခြင်း၊ လွန်စွာကြမ်းတမ်းသော အကျဉ်းထောင် အခြေအနေများ နှင့် အကျဉ်းထောင်အတွင်း နှိပ်စက်ကလူ ပြုမှုများကြောင့် မြန်မာနိုင်ငံအကျဉ်းထောင် အသီးသီးအတွင်းရှိ နိုင်ငံရေး အကျဉ်းသား ၁၅၀ ကျော်သည် လက်ရှိတွင် ကျန်းမာရေး အခြေအနေ ဆိုးရွားပါသည်။ ၎င်းနိုင်ငံရေးအကျဉ်းသား ၁၅၀ ကျော်အတွင်းမှ ၁၉၈၉ ခုနှစ်တွင် ရန်ကုန်တိုင်း သန်လျင်မြို့နယ်အတွင်း ဖြစ်ပွါးခဲ့သော ဗုံးပေါက်ကွဲမှုနှင့် ပက်သက်၍ မှားယွင်းစွပ်စွဲ၍ အတင်းအကျပ်ဝန်ခံခိုင်းကာ မတရားထောင်ဒဏ် ချမှတ်ခံခဲ့ရသဖြင့် ထောင်တွင်းတွင် နှစ် ၂၀ ကျော် ချုပ်နှောင်ခံနေရသူ ကိုညီညီဦး နှင့် ကိုသန့်ဇော် တို့နှစ်ဦးသည်လည်း အပါအဝင်ဖြစ်ပါသည်။ ကိုညီညီဦးသည် ၂၀၀၇ ခုနှစ်တွင် လေဖြတ်ကာ သွေးတိုးရောဂါခံစားနေခဲ့ရပါသည်။

၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့၏ ခေါင်းဆောင်တစ်ဦးဖြစ်သော ထောင်ဒဏ် ၆၅ နှစ် နှင့် ၆ လ ကျခံနေရသည့် ကိုမင်းကိုနိုင်သည် ကျန်းမာရေးအခြေအနေ ချို့ယွင်းကာ အရေးပေါ်ဆေးကုသမှု လိုအပ်နေပါသည်။ သူသည် အရိုးကျီးပေါင်းရောဂါနှင့် အဆစ်အမြစ်ရောင် ရောဂါကို ကြာရှည်စွာ ဆက်တိုက်ခံစားနေခဲ့ရပြီး ယခုလက်ရှိ အခြေအနေတွင် ထိုရောဂါနှစ်ခုအပြင် မကြာခဏ ခေါင်းမူးခြင်းနှင့် နှလုံးအားနည်းခြင်း ဝေဒနာကိုပါခံစားနေရပါသည်။ သူသည် အချိန်ကာလ ကြာမြင့်စွာ တစ်ဦးတည်းတိုက်ပိတ်ထိန်းသိမ်းခံထားရပါသည်။

“ကိုမင်းအောင်နဲ့ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ အခြားထောင်တွေထဲမှာ ရောဂါဝေဒနာ ခံစားနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေဟာ ငြိမ်းချမ်းစွာ နိုင်ငံရေးလှုပ်ရှားမှုတွေနဲ့ လူအခွင့်အရေးအတွက် ဦးဆောင်ဦးရွက်ပြောဆို လုပ်ကိုင်မှုတွေကြောင့် ထောင်သွင်းအကျဉ်းချခံနေကြရပါတယ်။ တကယ်တော့ သူတို့တွေဟာ အစကတည်းက ထောင်ကျရမယ့်သူတွေမဟုတ်ပါဘူး။ သူတို့သာ အရေးပေါ် ဆေးဝါးကုသမှုတွေ မရဘူးဆိုရင် ဒီလိုနဲ့ပဲ ထောင်ထဲမှာ အသက်ဆုံးရပါလိမ့်မယ်” ဟု ကိုဘိုကြည်မှ ပြောကြားပါသည်။

နိုင်ငံရေးအကျဉ်းသားများကူညီ စောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ)

ဆက်သွယ်ရန်

ကိုတိတ်နိုင် (အတွင်းရေးမှူး) +၆၆ (၀) ၈၁ ၂၈၇ ၈၇၅၁
ကိုဘိုကြည် (တွဲဖက်အတွင်းရေးမှူး) +၆၆ (၀) ၈၁ ၉၆၂ ၈၇၁၃

08 March 2010

Brief on the Women Political Prisoners in Burma_Eng

Press Release

8 March 2010 – International Women’s Day

On International Women’s Day, AAPP has released a brief on the women political prisoners. The brief shows that there are women from all across Burma and from various sectors of society, who are imprisoned for their political beliefs. There are women in prison as young as 21 and as old as 68. The brief also describes one woman’s experience during her 11 years in prison which includes difficulties with access to health care.

According to AAPP there are presently 177 women political prisoners across Burma. Many women have been separated from their husbands and children. The report continues AAPP’s calls for better access to healthcare in prison, as it describes three women who currently have serious health concerns.

AAPP secretary, Tate Naing says “these women are a powerful force for the future of Burma. They need to be treated with respect and dignity and released immediately”.
“Women political activists have played a very important part in the pro-democracy movement and the protection of women’s rights in Burma, and they will continue to make valuable contributions. We need them.”

AAPP calls for immediate release of all political prisoners in the lead up to the 2010 elections and for political prisoners to be able to participate in the national reconciliation process.

###
Assistance Association for Political Prisoners (Burma)
For further information, please contact:
Tate Naing, Secretary, +66(0)81-287-8751
Bo Kyi, Joint-Secretary, +66(0)81-324-8935


Thanks N Regards,

Assistant Association for Political Prisoners (Burma)
Office Ph: 66-55-545495
Web: http://www.aappb.org, http://www.fbppn.net
"There can be no national reconciliation in Burma,
as long as there are political prisoners."


Brief on the Women Political Prisoners in Burma_Eng