15 October 2011

တရုတ်-မြန်မာ ဆက်ဆံရေးတွင် ပြည်သူများသာ အဓိကကျကြောင်း ဒေါ်အောင်ဆန်းစုကြည်ဆို


သမ္မတကြီးဦးသိန်းစိန် ဦး ဆောင်သော လက်ရှိပြည်ထောင်စု အစိုးရလက်ထက်တွင် ဧရာဝတီမြစ်ဆုံစီမံကိန်း ရပ်ဆိုင်းထားမည့် သဘောထားနှင့် ပတ်သက်၍ ဖြစ်ပေါ်ရ သော မကျေလည် မှုများကြောင့် ပေါ်ပေါက်လာမည့် မြန်မာ-တရုတ်ဆက်ဆံရေး အခြေအနေများ တွင် နှစ်နိုင်ငံပြည်သူများ၏ သဘောထားများကသာ အဓိကကျ ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။ ယခုလ ၈ ရက်နေ့က နော် ဝေနိုင်ငံ ဒုတိယနိုင်ငံခြားရေး ဝန် ကြီးနှင့်ဒေါ်အောင်ဆန်းစုကြတွ့ ဆုံမှုအပြီး ပြုလုပ်ခဲ့သော မီဒီယာ တွေ့ဆုံပွဲတွင် သူမက ပေါ်ပြူလာ နယူးစ်၏အမေးကို အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။ သူမအနေဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် ဆက်ဆံရေး ပြေလည်စေလိုသော သဘောထားများရှိပါကြောင်း၊ သို့သော်အိမ်နီးချင်းနိုင်ငံ ဖြစ်နေသည့်အတွက် နီးကပ်နေ သောကြောင့် တစ်ခါတစ်ရံပြဿနာများ ပေါ်ပေါက်နိုင် သည်မှာ ဖြစ်ရိုးဖြစ်စဉ်သာဖြစ်ကြောင်း သူမက ထပ်လောင်းပြောကြားခဲ့သည်။

‘အဝေးကနေတဲ့သူနဲ့ မဖြစ်နိုင်တဲ့ကိစ္စတွေက အနီးကနေတဲ့ သူနဲ့ဖြစ်တတ်တာကတော့ ဘာမှထူးဆန်းတဲ့ကိစ္စ မဟုတ်ပါဘူး”ဟု သူမကဆိုသည်။ နှစ်ဖက်စလုံးမှ သဘောထားကြီးကြီးဖြင့် ရေရှည်အမြင်ဖြင့် လုပ်သွားသင့်ပြီး အရေးကြီးသည်မှာ နိုင်ငံနှစ်နိုင်ငံ ၏ဆက်ဆံရေးသည် ပြည်သူပြည်သားများ၏ သဘောထားကသာ အဓိက ဖြစ်ကြောင်း သူမကပြောကြားခဲ့ သည်။ ကန့်ကွက်သူများ ပြင်းထန်လာသည့် ဧရာဝတီမြစ်ဆုံ စီမံကိန်းနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်က မြန်မာပြည်သူများ၏ဆန္ဒကို အလေးထားသော အားဖြင့် စက်တင်ဘာလ ၃ဝ ရက်နေ့က ပြုလုပ်ခဲ့သော ပထမအကြိမ် ဒုတိယပုံမှန် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ယင်းစီမံကိန်းကို မိမိတို့ အစိုးရလက်ထက် တွင် ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း အကြောင်းကြားခဲ့သည်။

ထိုအကြောင်းကြားချက်ကို ပြည်တွင်းရှိ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် လူမှုရေး အဖွဲ့အစည်းများ၊ နိုင်ငံရေးခေါင်းဆောင် များ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး သမားများ၊ အနုပညာ၊ စာပေ၊ ဂီတနယ်ပယ်များနှင့် ဒေသခံပြည်သူများက ဝိုင်းဝန်းကြိုဆိုခဲ့ကြသကဲ့သို့ အမေရိကန်နှင့် ဥရောပနိုင်ငံအချို့မှ အပြုသဘောဆောင်သော ဆောင်ရွက်ချက်တစ်ခုအဖြစ် ကြိုဆိုခဲ့ကြောင်း ကမ္ဘာ့မီဒီယာ များတွင် ဖော်ပြချက်အရသိရသည်။

သတင်း..နိုင်လင်း( Popular News )