12 June 2011

လူချင်း တူပါလျက် အဘယ့်ကြောင့် ကွဲပြား ရသနည်း


လူချင်း တူပါလျက် အသက် ရှည်ခြင်း၊ မရှည်ခြင်း၊ အနာရောဂါ များခြင်း၊ နည်းခြင်း၊ ရုပ်အဆင်း လှပခြင်း၊ မလှခြင်း။ မိတ်ဆွေ အ ခြံအရံ အရှိန်အဝါရှိခြင်း၊ မရှိခြင်း၊ ချမ်းသာခြင်း၊ ဆင်းရဲခြင်း၊ အမျိုး ကောင်း၌ဖြစ်ခြင်း၊ မဖြစ်ခြင်း၊ ပညာဥာဏ်ကောင်းခြင်း၊ မကောင်းခြင်းဟူသော အချက်(၁၄)ချက် သည် မတူညီကြပေ။

အဘယ် ကြောင့်ထိုကဲ့သို့ လူသားချင်း တူ ပြီး ကွဲပြားနေကြပါသနည်း။

(၁) သူတစ်ပါးအသက်ကို မသတ်ဘဲ ရှောင်ကြည်ဉ်သော သူ သည်ဖြစ်လေရာဘဝ၌ အသက် ရှည်ပြီး သူများအသက်ကို သတ်လေ့ရှိသူသည် အသက်တိုကြ ပေသည်။

(၂) သူတစ်ပါးအား တုတ်ဓါး လက်နက်ဖြင့် နာကျင်အောင်၊ ဒဏ်ရာရအောင် စိတ်ထိခိုက်ခံစား ရ အောင် ပြုလုပ်သောသူသည် ဖြစ်လေရာဘဝ၌ အနာရောဂါ များ၍ ထိုအရာများကို ရှောင် ကြဉ်သော သူသည် ဖြစ်လေရာ ဘဝ၌ အနာရောဂါနည်းပေသည်။

(၃) ဒေါသကြီးခြင်း၊ စိတ်ဆိုး လွယ်ခြင်းတို့သည် ဖြစ်လေရာ ဘဝ၌ ရုပ်ရည်အဆင်းမလှခြင်းတို့ ကိုဖြစ်စေ၍ သူတစ်ပါးတို့ကစိတ် ဆိုးစရာအမျက်ဒေါသဖြစ်စရာများ နဲ့ပြောဆိုစေကာမူ စိတ်မဆိုး ဒေါသမ ထွက်အောင်ထိန်းနိုင်ပြီး သည်းခံသော ပုဂ္ဂိုလ်တို့သည် ဖြစ်လေရာဘဝ၌ ရုပ်ရည်အဆင်း လှပေသည်။

(၄)သူတစ်ပါး ချမ်းသာခြင်း၊ ရုပ် ရည်လှပခြင်း၊ ကျော်ဇောခြင်း ကို မနာလိုဖြစ်သောပုဂ္ဂိုလ်တို့သည် ဖြစ်လေရာဘဝ၌ မိတ်ဆွေအခြံ အရံ အရှိန်အဝါနည်းပါး၍ ထို ဖော်ပြပါအချက်များကို ရှောင် ကြဉ်သောသူသည် ဖြစ်လေရာ ဘဝ၌ မိတ်ဆွေ အခြံအရံများပြီး အရှိန်ဩဇာကြီးမားပေသည်။ ထို့ ကြောင့် မိမိ၏စကားကို သားသမီး ညီအစ်ကိုမောင်နှမ၊ သူငယ်ချင်း မိတ်ဆွေ၊ တပည့်များက နားမ ထောင်လျှင် ဤအချက်ကိုလိုက် နာကျင့်သုံးပါလေ။

(၅) သူတစ်ပါးတို့အား အထူးသဖြင့် သီလ၊ သမာဓိ၊ ပညာသုံး ပါးဖြင့် ပြည့်စုံသော အလှူခံပုဂ္ဂိုလ် တို့အား တစ်စုံတစ်ခုသော ပစ္စည်းကိုမျှ မပေးလှူသောပုဂ္ဂိုလ်သည် ဖြစ်လေရာဘဝ၌ ဆင်းရဲ၍ ပေးလှူ စွန့်ကြဲပေးကမ်းသောပုဂ္ဂိုလ်များ သည် ဖြစ်လေရာဘဝ၌ ချမ်းသာ စွာနေရပေသည်။

(၆) မိမိထက် အသက်ကြီးသူကို လည်းကောင်း၊ ပညာကြီးမားသောသူကို လည်းကောင်း၊ သီလရှိသောသူကို လည်းကောင်း ရိုသေလေးစားခြင်း၊ ဆည်းကပ်ခြင်းမရှိဘဲ မာန်မာန ထောင်လွှားသော ပုဂ္ဂိုလ်များသည် ဖြစ်လေရာဘဝ ၌ အမျိုးယုတ်၍ မိမိထက်အသက် သော်လည်းကောင်း၊ ပညာသော်လည်းကောင်း၊ သီလသော်လည်းကောင်း၊ ကြီးမားသော ပုဂ္ဂိုလ် တို့ကို မာန်မာနမထောင်လွှားဘဲမာန် မာနချ၍ ရိုးသေလေးစားသော ပုဂ္ဂိုလ်သည် ဖြစ်လေရာဘဝ၌ အ မျိုးမြတ်သော ဘဝ၌ ဖြစ်ရပေသည်။

(၄) ပညာရှိသူတော်ကောင်းတို့ ထံ၌ ဘယ်အရာသည် ကောင်း သောကုသိုလ်တရား ဘယ်တရား သည် မကောင်းသောအကုသိုလ် တရား၊ ဘယ်အရာသည်ကျင့်သုံး ရမည့်အရာ၊ ဘယ်အရာသည် မကျင့်သုံးအပ်သောတရား၊ မည်သို့ သောအရာသည် အပြစ်ရှိ၍မည် သို့သောအရာသည် အပြစ်မရှိပါ သနည်းစသည်ဖြင့် မိမိသိသင့် သိ ထိုက်သည့်တရားများကို မစူး စမ်း မလေ့လာ၊ မမေးမြန်းမဆွေးနွေး မကျင့်သုံးသောပုဂ္ဂိုလ်သည် ဖြစ် လေရာဘဝ၌ ဥာဏ်ပညာနည်းပါး ၍ ထိုအရာများကို ပညာရှိသူ တော်ကောင်းတို့ထံချဉ်းကပ်ပြီး စူးစမ်း လေ့လာ ဆွေးနွေးမေးမြန်း ခြင်းတို့ကို ပြုလုပ်သောသူသည် ဖြစ်လေရာဘဝ၌ ဥာဏ်ပညာကြီး မားပေသည်။

အထက်ပါအချက်အလက်များ ကိုသိရှိပြီးပြီဆိုလျှင် မိမိ၌သော် လည်း ကောင်း၊ တစ်ပါးသောသူ၌လည်းကောင်း ထိုအချက်များထဲက တစ်ခုခုချို့ယွင်းလျှင်လည်းကောင်း၊ ပြည့်စုံလျှင် လည်းကောင်း တိုက်ဆိုင်ကြည့်ပါက မည်သည့် အချက်ကြောင့် မည် ကဲ့သို့ ဖြစ်နေသည်ဟု ဆန်းစစ်ကြည့်လိမ့်မည် ထင်ပါသည်။ ထို့ကြောင့်ကျွန်ုပ် တို့လူသားများသည် ယခုဘဝ၌ အထက်ပါ အချက်များထဲမှ မကောင်းသော အချက်များဖြစ်နေ လျှင် နောက်နောင် ဘဝများ၌ မဖြစ်ရလေအောင် ယခုကတည်း က ရှောင်ကြဉ်သင့်တာရှောင်ကြဉ် ပြီး လိုက်နာ ကျင့်သုံး သင့်တာကို လိုက်နာကျင့်သုံးရန် လိုအပ်လှပေ သည်။

သတ္တဝါ တို့သည် ကံသာ လျှင် မိမိဥစ္စာ ရှိကုန်သည်။ ကံ၏ အမွေခံတို့ ဖြစ်ကုန်သည်။ ကံသာ လျှင် အကြောင်း ရှိကုန်သည်။ ကံ သာလျှင် ဆွေမျိုး ရှိ ကုန်သည်။ ကံ သာလျှင် မှီခိုရာ ရှိကုန်သည်။ ကံ သာလျှင်သတ္တဝါတို့ကို အယုတ် အမြတ်စသည်တို့ခွဲခြား၍ဖန်တီး ပေးပါသည်။ ထို့ကြောင့် ကျွန်ုပ် တို့လူသားများ သည် မိမိတို့၏အ ကြံအစည်၊ အပြောအဆို အလုပ် အကိုင်တို့ကို ကောင်းသောအရာ များဖြစ်အောင်ကြိုးစားကြရန်အ ထူးလိုအပ်ပါပေသည်။

ထို မိမိ ကြံစည်မှုပြောဆိုမှုလုပ်ကိုင်မှုတို့ သည် ကောင်းလျှင်ကောင်းကျိုး ဖြစ်၍ကောင်းကျိုးခံစားရပေမည်။ မကောင်းလျှင် မကောင်းကျိုးဖြစ် ၍ မကောင်းကျိုးကိုခံစားကြရပေ မည်။ ထို့ကြောင့် မိမိသည် မိမိကိုယ် ကိုချစ်တယ်၊ နှစ်သက်တယ်ဆို လျှင် အကြံအစည်(မနောကံ)၊ အ ပြောအဆို(ဝစီကံ)၊ အလုပ်အကိုင် (ကာယကံ)တို့ကို ကောင်းသော အရာများဖြစ်အောင်လုပ်ဆောင် ပေးဖို့ရန်လိုအပ်လှပေသည်။ သို့မှ သာလျှင် မိမိကိုယ်ကိုချစ်ရာရောက် ပေမည်။ လူသားအားလုံး မိမိ ကိုယ်ကိုချစ်နိုင်ကြပါစေလို့ ဆန္ဒ ပြုလျက်....။ (မဇ္ဈိမနိကယ်၊ ဥပရိပဏ္ဏာသ ပါဠိတော်၊ ဝိဘင်္ဂဝဂ်၊ စူဠကမ္မဝိ ဘင်္ဂသုတ်)


အရှင်ကောမလ (ခ) ဆန်းနီမင်း