12 June 2011

အဟီး ဆော်ရီး ဆော်ရီး မြန်မာပြည်က ဗီဒီယို ကားကြီး

ပုံဆောင်ခဲ ပရိသတ်ကြီး ရေ ဗီဒီယို ထုတ်လုပ်သူ ကိုကို မမများရဲ့ (အချို့ ဆိုလို တာပါ) ပစ္စ လက္ခတ်နိုင်မှု များ ကတော့ ကိုယ့် ကုမ္ပဏီက ထုတ်တဲ့ ကား ခဏ လောက် ခလေးများ တောင် ပြန်မကြည့်အားနိုင်ကောင်းလားရယ် လို့ ရော်ရည်ရွယ်ရာတို့နည်းတူ မေတ္တာ ပို့ချင်ကြပါသလား ပုံဆောင်ခဲပရိသတ် ကြီးရေ ဟုတ်တယ် ဟုတ်။ တစ်ကား လုံး အသံကတခြား၊ အမူအယာက တခြား၊ လွဲမှားနေတာတွေကို ပြော လို့မဆုံးခင်မှာပဲ ဟော အခုလည်း တောင်းပန်ရပြန်ချေပြီတကား။

ဘာတဲ့ တုန်း ရွာစားရေ။

အထင်ကရဇာတ် ညွှန်းရေးဆရာရဲ့အမည်ကို လွဲမှားစွာ အခြားအမည်တစ်ခု စာတန်းထိုးပြီး ရုပ်ရှင်တစ်မျိုး ဗီဒီယိုတစ်မျိုး ဖြစ်သွား တဲ့အပေါ် ဇာတ်ညွှန်းရေးဆရာကြီးက လည်း ဒေါသပွား၊ အချောင်နာမည် အတပ်ခံလိုက်ရတဲ့ဆရာကလည်း ပီတိ ပွား၊ ဒါပေမဲ့လို့ ပရိသတ်ကြီးကတော့ သို့လော သို့လော သံသယပွားရတဲ့ ဇာတ်ကား တစ်ကားအကြောင်းဆိုပါ တော့။

မြန်မာပြည် တစ်နှံ့တလျား ဖြန့် ချိပြီးတော့မှ ဟယ် မှားသွားပြီ (ဒါ တောင် သူများပြောမှသိတာနော်) အဲဒီ ဆရာကို တောင်းပန်ရမယ်။ ဘွာတေး ဘွာ တေးဆိုတာ လောက်နဲ့ ကာယကံ ရှင်ဖန်တီးတဲ့အနုပညာဟာလွဲမှားသွား ခွင့်ရှိပါသလား။

အနုပညာကို တန်ဖိုး ထားတယ်မြတ်နိုးတယ်ဆိုရင်၊ပရိသတ် ကြီးကိုလည်း လေးစား တန်ဖိုး ထားတယ် ဆိုရင် ကိုယ်ရိုက်တဲ့ကား ကိုယ်ထုတ် တဲ့ကား ခဏလေးဖြစ်ဖြစ် မထုတ်ခင် မဖြန့်ခင်ပြန်ကြည့်ပေးကြပါလားကွယ် လို့ တောင်းပန်သမှုပြု လိုက်ချင် ပါဘိ တော့။ အခုတော့ တစ်ချက်ကလေး တောင်ငဲ့စောင်းမကြည့်မှားသွားမိမှ အဟီး အဟီး ဘွာတေး ဘွာတေးလို့ပြော တိုင်းပြီး သလားကွယ် လို့မေး လိုက်ချင် ပါ ရဲ့။(မမှားမှား မှားမှားမှားမှား ငွေများများ ရဖို့အဓိက ရို့ ရို့ ရို့)

First Music News Journal