12 June 2011

ပထမဆု လိုချင်လို့ ငွေပေး သူလည်းရှိနေပြီ၊ ပထမဆု ပေးရမယ့် သူလည်း ရှိနေပြီ (ပထမဆုရချင်သလားဟေ့ လာထား)

ပုံဆောင်ခဲ ပရိသတ်ကြီး ရေ ဈေးကွက် စီးပွားရေး ဆိုတဲ့ ခေတ် ကြီးမှာ ဈေးကွက်ကို ကျယ်ကျယ် ပြန့် ပြန့် ဖော်ဆောင် နေကြတဲ့ ခေါင်းစီး အမျိုးမျိုး တပ်ပြီး မော်ဒယ်ပြိုင်ပွဲတွေ၊ အလှမယ်ပြိုင်ပွဲတွေ ကျင်းပစီစဉ်သူ တွေရဲ့ သတင်းစကားကိုကြားရတော့ ရော်ရည်ရွယ်ရာတို့လေ တယ်လည်း လုပ်စားတတ်ကြပေ့ကွယ် ဥာဏ် အမြော်အမြင်လည်း ကြီးပ၊ ဈေးကွက် ကိုလည်း မြင်ပလို့ တွေးရင်း ရွှေဥာဏ် ကြီးရှင်တွေကို အံ့ဩပြီးရင်းကို အံ့ဩ နေကြရတော့တာပါပဲ။

ခေါင်းစီး အမျိုးမျိုးတပ်ကာ မယ်ပြိုင်ပွဲ၊ ပထမဆုလိုချင်လို့ငွေပေးသူလည်းရှိနေပြီ၊ ပထမဆုပေးရမယ့်သူလည်းရှိနေပြီ မော်ဒယ်ပြိုင်ပွဲကျင်းပမည် ပုံဆောင်ခဲ ပရိသတ်ကြီး ရေ ဈေးကွက် စီးပွားရေးဆိုတဲ့ ခေတ် ကြီးမှာ ဈေးကွက်ကို ကျယ်ကျယ်ပြန့် ပြန့် ဖော်ဆောင်နေကြတဲ့ ခေါင်းစီး အမျိုးမျိုးတပ်ပြီး မော်ဒယ်ပြိုင်ပွဲတွေ၊ အလှမယ်ပြိုင် ပွဲတွေ ကျင်းပစီစဉ်သူ တွေရဲ့ သတင်းစကားကိုကြားရတော့ ရော်ရည်ရွယ်ရာတို့လေ တယ်လည်း လုပ်စားတတ်ကြပေ့ကွယ် ဥာဏ် အမြော် အမြင်လည်း ကြီးပ၊ ဈေးကွက် ကိုလည်း မြင်ပလို့ တွေးရင်း ရွှေဥာဏ် ကြီးရှင်တွေကို အံ့ဩပြီးရင်းကို အံ့ဩ နေကြရတော့တာပါပဲ။

ခေါင်းစီး အမျိုးမျိုးတပ်ကာ မယ်ပြိုင်ပွဲ၊ Miss ပြိုင်ပွဲကျင်းပမည် ကုမ္ပဏီတွေကို စပွန်ဆာ လိုက်တောင်း၊ ပြီးတော့ ပထမ ဆုလိုချင် သူကို ငွေသိန်း ဘယ်လောက် လိုက်တောင်း ပထမ၊ ဒုတိယ ၊တတိယ သပိတ်ဝင်အိတ် ဝင်ပေးရမယ့် စာရင်း ထွက်လာပြီဆိုမှ ဟိုခန်းမလေး ဒီခန်းမလေးပြေးငှား၊ ကြုံ ရာကျပန်း ဒိုင်လေးတွေကို ခေါ်ပြီး ကျင်းပ တဲ့ပြိုင်ပွဲတွေ အကြောင်း ကိုလည်း ရော် ရည်ရွယ်ရာတို့ နားနဲ့ ဆတ်ဆတ်ကြားရ၊ မျက်စိနဲ့ တပ်အပ်မြင်ရ အဲ့ဂလို မြင်ရ ကြားရတဲ့ အခါအတော် လည်း စိတ်မသက် မသာဖြစ်ရတာပဲ ကလားဟရို့ ပြိုင်ပွဲ ကျင်းပ သူတစ်ယောက်က ဆိုရင် ပိုး တွေအများကြီးရှိတယ် ဆရာကြီးတို့ရဲ့၊ ဆုကို ငွေဘယ်လောက် ပေးရပေးရ ဝယ်မယ်ဆိုတဲ့ မျိုးဆက်သစ် တွေလည်း အများကြီးရှိတယ် ဆရာကြီးတို့ရဲ့။

အဲဒီလိုလူမျိုးတွေ ပေါ်ပင်အောင်မြင် လိုသူတွေရှိနေသမျှ ကျွန်တော်တို့ ဟို မယ်ဒီမယ် အချိုရည်မယ်၊ ဇီးထုတ် မယ်၊ မယ်ပြိုင်ပွဲတွေကတော့ ရေပန်း စားနေဦး မှာပဲ။ ကျွန်တော်တို့ပဲ ကျင်းပ နေရဦးမှာပဲ တကယ်တော့ ဆရာကြီး တို့ရယ် အညှာကိုသိရင် ခူးရတာလွယ် ပါတယ်။ အခုလည်း ဆုပေးရမယ့်စာ ရင်းငွေပေးပြီး ဆုယူမယ့်သူ(၃)ယောက် ထွက်လာပြီဆိုတော့ ဒီရက်ပိုင်းထဲမှာ ကျွန်တော်တို့ မယ်ပြိုင်ပွဲ ကျင်းပဦး မယ်။ ဆရာကြီး ရော်ရည်ရွယ်ရာတို့ လည်း မီဒီယာ တွေထဲကနေ ဘေးတီး ပေးလိုက်ပါဦးလို့ အဲဒီလို လက်ဖက်ရည် တစ်ခွက်နဲ့သူခိုးသားရည်ဖော်ညှိလာတဲ့ သားကောင့်သားကို ရော်ရည်ရွယ်ရာ တို့ သူငယ်ချင်း တစ်စုထိပ် ကိုဖုအောင် ထုမယ်ကြံ တုန်းဈေးပြိုင်စနစ်နဲ့ ဈေးပို ပေးမယ့် မယ်တစ်ယောက်ရဲ့ ဖုန်းခေါ် သံကြောင့် အပြေးကလေး ထွက်သွားပါ ရောလား။ ဪ မယ်တွေ မယ်တွေ ငွေတွေ ငွေတွေရှာရတာ လွယ်သပ။ (ပထမဆုရချင်သလားဟေ့ လာထား)

First Music News Journal