02 November 2011

အမေရိကန် လက်ထောက်နိုင်ငံခြားရေး ၀န်ကြီး Mr Michael Posner နှင့် Sarah Burkley More သည် အိတ်ခ်ျအိုင်ဗီလူနာများဂေဟာကိုသွားရောက်ခဲ့


နိုဝင်ဘာလ ၁ရက်နေ့တွင် အမေရိကားမှ အမေရိကန်လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး Mr Michael Posner နှင့် Sarah Burkley More ဆာရာဘာကလေမိုရ် သည် ဒဂုံမြို့သစ်တောင်ပိုင်းရှိ မဖြူဖြူသင်း၏ အိတ်အိုင်ဗွီလူနာများစောင့်ရှောက်ရေးဂေဟာသို့ ညနေ သုံးနာရီခွဲခန့်တွင်သွားရောက်ကာ လူနာများကို အားပေးနှစ်သိမ့် လက်ဆောင်များပေးအပ်ခဲ့ကြောင်းသိရှိရသည်။

Mr Michael Posner သည် မဖြူဖြူသင်းအား ယခုကဲ့သို့ လူနားများကို ကူညီစောင့်ရှောက်ဖြစ်ခဲ့ပုံ ၊ လူနာအခြေအနေများနှင့် ဆေးဝါးအထောက်အပံ့များ လိုအပ်ချက်များကိုလည်း မေးမြန်းခဲ့ကြောင်းသိရှိရသည်။

“ပထမဦးဆုံးစတာကတော့ ဒေါ်အောင်ဆန်းစုကြည်ကြောင့်ပါ ၂၀၀၂ မှာဒေါ်အောင်ဆန်းစုကြည်ကနေ သင်တန်းပေးလိုက်တာကြောင့် အဓိကကတော့ အဲ့တုန်းက education ပညာရေးပေါ့ နောက်ပိုင်းကျတော့ အဲ့အချိန်ကတည်းက patient လူနာက ရောက်လာပြီးတော့ အကူအညီတောင်းလာကြတော့ ကုသမှုပိုင်းကလိုလာတယ် ဒီမှာကလူနာ နှစ်ရာနီးပါးရှိတယ် တစ်နေရာတည်း မဟုတ်ဘူး နေရာက နှစ်နေရာရှိတယ် ဒဂုံမြို့သစ်မြောက်ပိုင်းမှာရောပေါ့ တစ်ယောက်နဲ့တစ်ယောက်က မတူဘူး တစ်ချို့တွေ နှစ်နဲ့ချီပြီးနေရတာရှိတယ် လူ့ကျန်းမာရေးအခြေအနေအရပေါ့ အနည်းဆုံးတော့ သုံးလ လောက်တော့ နေရတယ်” ဟု Mr Michael Posner၏ မေးမြန်းချက်ကို မဖြူဖြူသင်းမှယခုကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

ယခုကဲ့သို့ နိုင်ငံခြားမှ ကိုယ်စားလှယ်များလစဉ်လာရောက်ခြင်းသည် ကောင်းမွန်သော အခွင့်အလမ်းဖြစ်ကြောင်း မဖြူဖြူသင်းအနေဖြင့် ၀မ်းသာကြောင်းနှင့် လူနာများအတွက်လည်း စိတ်မပူရန်လိုအပ်သလိုထောက်ပံ့ပေးရန် အစီအစဉ်ရှိကြောင်းကို အမေရိကားမှ လူ့အခွင့်အရေးနှင့် အလုပ်သမားလက်ထောက်အတွင်းရေးမှူး Mr Michael Posner မှ ပြောသွားခဲ့ကြောင်း သိရှိရသည်။

“အခုလို ပြည်ပက လူတွေလာတာ ၀မ်းသာပါတယ် နောက်ဒီမှာမြင်တဲ့အတိုင်းဘဲ လူနာတွေကို အားပေးစကားပြောသွားတယ် နှစ်သိမ့်ပေးကြတယ် နောက်စိတ်မပူဖို့ပေါ့နော် သူတို့ထောက်ပံ့နိုင်သလောက်တော့ ကူညီမယ်တဲ့ ပြီးတော့ လက်ဆောင်လည်းပေးသွားတယ် ဒီက လူနာတွေအတွက်ပေါ့ “ဟု မဖြူဖြူသင်းက ပြောသည်။

သတင်းများပြန်လည်ဝေမျှပေးသော မြစ်မခ မီဒီယာ အားကျေးဇူးတင်ရှိပါသည်.။