05 November 2011

တရုတ်ကွန်မြူနစ်ပါတီ ကိုယ်စားလှယ်အဖွဲ့ လာအို၊ နီပေါ၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ သို့ ထွက်ခွာ

( Yimhva သတင်းမှ 3.Nov.2011 ရက်စွဲပါ "CPC delegation visit Lao,Nepal,Bangladesh,Myanmar" သတင်းကို yangonchronicle မှ ဘာသာပြန်ဆိုသည်)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ နိုင်ငံရေး ပေါ်လစ်ဗျူရိုအဖွဲ့ဝင်နှင့် တရုတ်ကွန်မြူနစ်ပါတီ၏ ဘီဂျင်းမြူနီစပယ် ကော်မတီ အတွင်းရေးမှူး ဖြစ်သူ 'လူကျိ' ခေါင်းဆောင်သော ကွန်မြူနစ်ပါတီ ကိုယ်စားလှယ်အဖွဲ့သည် လာအို၊ နီပေါ၊ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံများသို့ ချစ်ကြည်ရေးခရီး သွားရောက်ရန်အတွက် ဘီဂျင်းမှ ကြာသပတေးနေ့တွင် ထွက်ခွာသွားသည်။

ယခုခရီးစဉ်ကို လာအို ပြည်သူ့တော်လှန်ရေးပါတီ၊ နီပေါအစိုးရ၊ ဘင်္ဂလားဒေ့ရှ်အစိုးရနှင့် မြန်မာနိုင်ငံမှ အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီတို့က အသီးသီးဖိတ်ကြားခဲ့ကြခြင်း ဖြစ်သည်ဟု သိရှိရသည်။