05 November 2011

DV ပေါက်သည်ဟု လိမ်လည်ငွေတောင်း သူ များ ပေါ်ပေါက်နေ


အမေရိကန် နိုင်ငံတွင် နေထိုင်ခွင့် ဗီဇာကံစမ်းမဲ အစီစဉ် တစ်ခုဖြစ်သည့် The Diversity Visa - DV ကံစမ်းမဲ ပေါက်သည် ဟုဆိုကာ ငွေတောင်းစာ အီးမေးလ်များပို့ပြီး လိမ်လည်မှု များရှိနေကြောင်း ရန်ကုန်မြို့ရှိ အမေရိကန် သံရုံးမှ ဒုတိယကောင်စစ်ဝန် Daniel Jacobsကပြောသည်။ ယင်းကဲ့သို့ လိမ်လည်နေ သူများကို အမေရိကန် အစိုးရ အနေဖြစ် စိစစ်အရေးယူမှုများ လုပ်ဆောင်နေကြောင်း ၄င်းကဆက်လက် ပြောကြား သည်။ “DV လျှောက်ထားတဲ့ သူတစ်ယောက် အနေနဲ့ အခုလိုမျိုး လိမ်လည်စာတွေ ရောက်လာရင် သံရုံးကို ဖုန်းဆက် အကြောင်းကြား ပေးပါ”ဟု ၄င်းကဆိုသည်။ DV လျှောက်ရန်နှင့် ပေါက်မပေါက်သိရန်အတွက် ဝက်ဘ်ဆိုက်လိပ်စာ တစ်ခုတည်း သာထား ရှိထားပြီး ယင်းဝက်ဆိုက် ကသာ အစအဆုံး လုပ်ဆောင် ပေးကြောင်း၊ ယင်းဝက်ဘ်ဆိုက်မှာ www.dvlottery.state.gov ဖြစ်သည်။

ယင်းကဲ့သို့လိမ်လည် ခံခဲ့ရ သူများကို ဖော်ပြမပေးခဲ့ သော်လည်း လိမ်လည်ခံ လိုက်ရသူများ အမှန်တကယ်ရှိကြောင်း ၎င်းကပြောသည်။ DV လျှောက်ခြင်း၊ ပေါက်မပေါက်သိခြင်း တို့ကို အထက်ပါဝက်ဘ်ဆိုက်၌သာ လုပ်ဆောင်ရ သည်ဖြစ်သည့်အတွက် အခကြေးငွေ လုံးဝမယူထားကြောင်း ၄င်းကပြောသည်။DV ပေါက်ပြီး အမေရိကန်သံရုံးမှ အင်တာဗျူး ခေါ်ယူပြီးမှသာလျှင် ဗီဇာကြေး အမေရိကန်ဒေါ်လာ ၇၄၅ ဒေါ်လာပေး သွင်းရမည်ဖြစ်ကြောင်း၊ ဗီဇာကြေးတစ်ခုတည်း ကိုသာ အမေရိကန်အစိုးရမှကောက်ခံပါကြောင်း ၄င်းကပြောသည်။ DV သည်အမေရိကန် နိုင်ငံ၌ နေထိုင်ခွင့်ပြု သည်မှအပ အမေရိကန် အစိုးရက မည်သည့် ထောက်ပံ့မှုကိုမျှ ပေးမည်မဟုတ်ကြောင်း၊ လိမ်လည်သူများကမူ နေစရာနှင့်အလုပ်ကိုပါ ကူညီပေးမည်ဟု ရေးသားလိမ်လည် လေ့ရှိကြောင်း ၄င်းက ဆက်လက် ပြောကြားသည်။ DV ကံစမ်းမဲအဖြစ် တစ်နှစ်လျှင် လူဦးရေ ၅သောင်းကို အမေရိကန်နိုင်ငံတွင် နေထိုင်ခွင့်ပြုရာ နှစ်စဉ်မြန်မာနိုင်ငံမှ ၂၂၀ ခန့် မဲပေါက်လေ့ ရှိသည်ဟုVenus News Journal တွင်ဖော်ပြပါရှိထားသည်.။