07 July 2011

ရန်ကုန်မြို့လယ်ခေါင်တွင် နှစ် ၁၀၀ ကျော် သက်တမ်းရှိ မြေအောက် ဘူတာရုံ ပြိုကျမှုကြောင့် အမျိုးသမီး တစ်ဦး ဒဏ်ရာရ

ပန်းပဲတန်းမြို့နယ်၊ ရွှေတိဂုံဘုရား လမ်း ပေါ်တွင်ရှိသော ဘုရားလမ်း ဘူတာတွင် ဇွန်လ၂၃ ရက် ကြာသပတေး နေ့နံနက် ၈နာရီ ခန့်တွင် လက်မှတ် ရောင်းသော မြေအောက် ဘူတာရုံထဲသို့ အမျိုးသမီး ငယ်တစ်ဦး ကျွံကျခဲ့ သည်ဟု သိရသည်။

အဆိုပါ အမျိုးသမီးငယ်သည် အလုပ် သို့သွားရန် ဘုရားလမ်း ဘူတာတွင်ဆင်းပြီး မြေအောက် လက်မှတ်ရောင်းသော ဘူတာရုံ ပေါ်တွင် ဖွင့်ထား သော မုန့်ဟင်းခါးဆိုင် တွင် မုန့်စားရန် သွားရာမှ ၄င်းရပ် နေသော လူသွား စင်္ကြပြိုကြပြီး ဘူတာ လက်မှတ်အရောင်း အတွင်းခန်းသို့ ရောက်သွားခြင်းဖြစ်သည်။

“၀ုန်းဆိုတဲ့အသံကြားလို့ ကျွန်တော် အပေါ်ကိုပြေးတက်ကြည့်တော့ အပေါ်က လူတွေက အောက်ကို ပြေးဆင်းပြီး လူပြိုကျ တယ်ပြောတယ်။ ကျွန်တော်လည်း ၀င်ကြည့် တော့ လဲကျနေတာ တွေ့တယ်။ တစ်ခုခုဖြစ် သွားမှာ အရမ်း စိုးရိမ်သွားတယ်။ ကျွန်တော့် တာဝန်ဖြစ်မှာလေ။ ကံကောင်း တာက ကျတဲ့ နေရာမှာ ကော်စား ပွဲဝိုင်းနှစ်ခု တပ်ထား တယ်။ ၀ါးကတ် အဟောင်းတွေရှိတယ်။ အဲဒါကြောင့် ကံကောင်း သွားတာ။။ ခုံတွေ တော့ကျိုးသွား တာပေါ့။ ကြီးကြီးမားမား ထိခိုက်သွားတာ မရှိပါဘူး။ ကျွန်တော်လည်း ဆေးရုံ သွားမလား မေးတယ်။ ကောင်မလေးက ကားငှားပြီး အိမ်ကိုပြန်မယ် ပြောပြီး ကား ငှားသွား တယ်။ ဘယ်မှာအလုပ် လာလုပ်တာ လည်းတော့မသိဘူး” ဟု အဆိုပါဘူတာမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထိုဖြစ်ရပ်ဖြစ်ပွား ပြီးပြီးချင်း သက်ဆိုင်ရာ မြန်မာ့မီးရထားနှင့် ပန်းပဲတန်းမြို့နယ် အုပ်ချူပ်ရေး မှူးသို့ စာတင်ပြီး အသိပေးထားကြောင်း၊ ပြိုကျ သွားသော နေရာအား သက်ဆိုင်ရာအဖွဲ့မှလာပြီး လုပ်ငန်းခွင် အန္တရာယ် ရှိသည်” ဆိုသော ဆိုင်း ဘုတ် လာထားသွားကြောင်း သိရသည်။

“အဲဒီ ကောင်မလေးက အဖော်နှစ်ယောက် နဲ့ လာတာ။ တစ်ယောက်က မိန်းကလေး၊ နောက် တစ်ယောက် က ယောက်ျားလေး၊ မုန့်စားမယ်ဆိုပြီး လာတာ။ အဲဒီးနား ရောက်မှပဲ ပြိုကျပြီး အောက် ကိုကျတာ တော်သေးတယ်။ ဘာမှ သိပ်မဖြစ်လို့ သူတို့ဘာသာ ကားငှားပြီး ပြန်သွားတယ်လေ။ ထီဆိုင်မှာ လုပ်တယ်လို့တော့ ပြောတာပဲ။ မဖြစ်ခင် ရှေ့ရက်တွေက မိုးတွေ အရမ်းရွာသွား တာ”ဟု အဆိုပါ ဖြစ်ပွားသောနေရာ အနီးတွင် ရောင်းချ နေသော ကွမ်းယာဆိုင်မှ အမျိုးသမီး က ပြောသည်။

မြေအောက် ရထား ဘူတာရုံမှာ ကိုလိုနီ ခေတ်တွင် ဆောက်လုပ် ထားသောဘူတာ ဖြစ်ပြီး နှစ်ပေါင်း ၁၀၀ကျော်ပြီ ဖြစ်သည်။အလားတူ ဘူတာမျိုး လမ်းမတော် ဘူတာနှင့် ရှမ်လမ်း ဘူတာရုံတို့ ကျန်ရှိ နေသေးကြောင်း လည်း သိရသည်ဟု မြန်မာပို့စ် သတင်း ဂျာနယ်တွင်ဖော်ပြ ပါသည်.။

.......................................................................................................။

အခုလေးတင်ပဲ အွန်လိုင်းသတင်း တခုဖတ်လိုက်ရပါတယ်။

http://myatlayngon.blogspot.com ကပါ။

သတင်းခေါင်းစဉ်က ရန်ကုန်မြို့လယ်ခေါင်တွင် နှစ် ၁ဝဝ ကျော် သက်တမ်းရှိ မြေအောက် ဘူတာရုံ ပြိုကျမှုကြောင့် အမျိုးသမီး တစ်ဦး ဒဏ်ရာရ။ http://myatlayngon.blogspot.com/2011/07/blog-post_7913.html


ရန်ကုန်မှာ ဘယ်တုန်းက မြေအောက် ရထားတွေ ပြေးဆွဲခဲ့လဲဆိုတာ ရှေ့ မှီနောက်မှီ ပုဂ္ဂိုလ်များ ဆွေးနွေးကြပါဦး။

ရန်ကုန်မှာ အရင်က ဓာတ်ရထားလို့  ခေါ်လို့  ထရော်လီ တွေ ပြေးဆွဲခဲ့ဖူးတယ်ဆိုတာတော့ လူကြီးတွေ ပြောလို့ ကြားဖူးပါတယ်။ မြေအောက်ရထား အကြောင်းတော့ တခါမှ မကြားဖူးပါဘူး။ သူရေးတဲ့ စကားလုံး အသုံးအနှုံးက နည်းနည်းလွဲသွားလို့ပါ။
ဖြစ်သွားတာက ဘုရားလမ်း ဘူတာရုံမှာ။ ဘူတာ ပလက်ဖောင်းကနေ ကားလမ်းပေါ်ကို တက်တဲ့ ကွန်ကရစ် လှေကားကြီး ရှိတယ်။ ကားလမ်းက ပြည်လမ်းလို့ ခေါ်ပြီး ဘီရှော့ဟုမ်းကျောင်းနဲ့ စိန်ဂျွမ်းဈေးဟောင်း ကြားမှ ရထားလမ်းကို ကားလမ်းက ကျော်ပြီး သွားရတယ်။ ကွန်ကရစ် တံတားဘေးမှာ လက်မှတ်ရောင်းတဲ့ ရုံကလေး ရှိတယ်။ ကားလမ်းနဲ့ အညီ တစ်ထပ်၊ ရထား ပလက်ဖောင်းနဲ့ အညီ တစ်ထပ် စုစုပေါင်း နှစ်ထပ်ရှိတယ်။ လက်မှတ်ရောင်းနေတာက ရထားလမ်း ပလက်ဖောင်းနဲ့ အညီ အောက်ထပ်လို့ ပြောလို့ရတယ်။ အခုဖြစ်သွားတာက ကားလမ်းနဲ့ အညီ အပေ ပ်လို့ ဖြစ်နေတဲ့ နေရာက ပြိုကျပြီး ရထားလမ်းနဲ့ အညီ အောက်ထပ်လို့ ဖြစ်နေတဲ့ နေရာကို ရောက်သွားတာ။ ကားလမ်းပေါ်က ကြည့်ရင် သူက မြေကြီးအောက် ရောက်နေသလို့ ဖြစ်သွားတာပါ။ မူလရေးတဲ့သူက ရှင်းအောင် မရေးထားဘူး ဖြစ်သွားလို့ပါ။

ရန်ကုန်မှာ ဘယ်တုန်းက မြေအောက် ရထားတွေ ပြေးဆွဲခဲ့လဲဆိုတာ ရှေ့ မှီနောက်မှီ ပုဂ္ဂိုလ်များ ဆွေးနွေးကြပါဦးဆိုလို့ ကျမ မြတ်လေးငုံ က ပြန်လည်ရေးသားလိုက်ပါတယ် ဒီသတင်းကို ဘာမှမပြင်ထားပါ.။မြန်မာပို့စ် သတင်းဂျာနယ်က အတိုင်းသာ တင်ပေးထား ပါတယ်၊မြန်မာနိုင်ငံက စာပေစိစစ်ရေးကဒီလိုသတင်းကို ဘာလို့ ကင်းလွတ်ခွင့် ပေးလိုက်တာလည်း မသိဘူးဆို တာပါ။တော်တော်လေးကိုစဉ်စားဘို့ကောင်းပါတယ်။တကယ်ဆွေးနွေးချင်ရင်တော့ စာပေစိစစ်ရေး က လူကြီးများနှင့် သာဆွေးနွေးကြဘို့ ကျမ မြတ်လေးငုံ ကဘဲ အွန်လိုင်းသတင်းဆိုပြီး မေလ်းကဖြန့်တဲ့ ပုဂ္ဂိုလ်ကိုအား အကြံပြန်ပေးလိုက်ပါမယ်ရှင်..။

မြန်မာပို့စ်သတင်းဂျာနယ် ရဲ့ မူရင်းသတင်းက http://www.themyanmarpost.com/?p=8720 အဲဒီမှာပါရှင်။

လေးစားစွာဖြင့်

မြတ်လေးငုံ