05 July 2011

တပ်မ​တော်နည်း​ပညာ​ ကောလိပ်​ကျောင်း​ အ​ရေး​အခင်း​ (ဒုတိယပိုင်း​)




၂၀၀၁ ခုနှစ် ပတ်ဝန်း​ကျင်​လောက်က ပြင်ဦး​လွင်တပ်နယ်မှာ မြန်မာတပ်မ​တော် အရာရှိ​လောင်း​တွေ ​မွေး​ထုတ်​ပေး​တဲ့​ အဓိက စစ်​ကျောင်း​ကြီး​ သုံး​ကျောင်း​ရှိခဲ့​ပါတယ်။ အဲဒါ​တွေက​တော့​ ​ခြေလျင်တိုက်ခိုက်​ရေး​ တပ်​တွေအတွက် အရာရှိ​တွေ ​မွေး​ထုတ် ​ပေး​တဲ့​ စစ်တက္ကသိုလ်၊​ လက်ရုံး​တပ်​တွေအတွက် အင်ဂျင်နီယာ စစ်ဗိုလ်​တွေကို ​မွေး​ထုတ်​ပေး​တဲ့​ တပ်မ​တော် နည်း​ပညာတက္ကသိုလ်နဲ့​ တပ်မ​တော် နည်း​ပညာ​ကောလိပ်တို့​ ဖြစ်ပါတယ်။

အဲဒီစစ်သင်တန်း​ကျောင်း​ကြီး​များ​ရဲ့​ ထုံး​စံတခုက​တော့​ သင်တန်း​သား​အသစ် ဂျူနီယာများ​ကို စီနီယာ သင်တန်း​သား​များ​က နှစ်အလိုက် အစ်ကိုကြီး​ ညီ​လေး​ ဆက်ဆံ​ရေး​ပုံစံနဲ့​ အဆင့်​ဆင့်​ အုပ်ချုပ်တဲ့​စနစ် ဖြစ်ပါတယ်။ ဂျပန်​ခေတ် မင်္ဂလာဒုံ ဗိုလ်သင်တန်း​ကျောင်း​မှာ သင်တန်း​ပေး​သလိုမျိုး​ကို ​မေမြို့​က တပ်မ​တော် စစ်တက္ကသိုလ်နဲ့​ တပ်မ​တော် နည်း​ပညာ တက္ကသိုလ်​တွေမှာ ကျင့်​သုံး​နေခဲ့​ပါတယ်။ ဂျူနီယာသင်တန်း​သား​များ​ကို စီနီယာများ​ သင်တန်း​သား​တွေက ခိုင်း​စေနိုင်ခွင့်​၊​ အပြစ် ​ပေး​နိုင်ခွင့်​များ​ရှိပါတယ်။

ရောက်ခါစ အပြစ်​ပေး​တာ သိပ်မကြမ်း​ပေမယ့်​ သင်တန်း​ကျောင်း​ရောက်ပြီး​ သုံး​လေး​လအကြာ ​ကျောင်း​သား​များ​ ​နေသား​ထိုင်သား​ကျလာပြီဆိုတဲ့​အခါမှာ အပြစ်​ပေး​တာ အလွန်ကြမ်း​လာပါတယ်။ “မင်း​တို့​ကို အပြစ်​ပေး​ချင်လို့​ ​ပေး​နေတာ မပါုတ်ဘူး​၊​ စစ်သား​နဲ့​တူ​အောင်၊​ ပုံစံကျ​အောင် ​လေ့​ကျင့်​ပေး​နေတာကွ နား​လည်လား​” လို့​ စီနီယာသမား​တွေက ​ပြောဆိုကြပါတယ်။ ​တော်ရုံတန်ရုံ အပြစ်​ပေး​တာကို ခံနိုင်ရည်ရှိ​ပေမယ့်​ သဘာဝမကျတဲ့​၊​ ပုံစံမကျတဲ့​ အပြစ်​ပေး​မှုမျိုး​ကို​တော့​ ဘယ်သူမှ ခံနိုင်ရည် မရှိကြပါဘူး​။

ကျောက်ဖြုန်း​များ​ရှိတဲ့​ ​မြေပြင်​ပေါ်မှာ လက်သီး​ဆုပ်ပြီး​ ဒိုက်ထိုး​ခိုင်း​တာမျိုး​၊​ တမံသလင်း​ပေါ်မှာ ဘယ်ဘက်လက်ဖဝါး​ထဲမှာ ညာဘက်လက်သီး​ဆုပ်ထဲ့​ပြီး​ ဒိုက်ထိုး​ခိုင်း​တာမျိုး​၊​ လူနှစ်​ယောက်ကို ဖင်ပြန်​ခေါင်း​ပြန်ထပ်ပြီး​ ​ပေပါလှိမ့်​လို လှိမ့်​တာမျိုး​၊​ အလွန်ချမ်း​အေး​တဲ့​ ​ဆောင်း​ရာသီမှာ ညအချိန် ထမင်း​စား​တဲ့​ဇွန်း​ (သို့​) ကြက်ဥခွံနဲ့​ ​ရေချိုး​ခိုင်း​တာမျိုး​ စတဲ့​အပြစ်​ပေး​နည်း​ပေါင်း​စုံနဲ့​အပြစ်​ပေး​စေခိုင်း​ခဲ့​ပါတယ်။

တခါတ​လေ ညပိုင်း​စာဖတ်ချိန်အပြီး​ ည (၉) နာရီမှာ တပ်ခွဲကို ပြန်​ရောက်တဲ့​အခါ စီနီယာများ​က လာပြီး​ ​နေ့​ခင်း​ဘက်မှာ ​တွေ့​ထား​တဲ့​ အပြစ်​တွေ၊​ သ​ဘောမကျတာ​တွေကို “ဒီ​ကောင်​တွေ ခုထိပုံစံမကျ​သေး​ဘူး​၊​ ပုံမလာ​သေး​ဘူး​” ဆိုပြီး​ ည (၁၀) နာရီထိ၊​ တခါတ​လေ ညသန်း​ခေါင် ၁၂ နာရီအထိ အပြစ်​ပေး​တတ်ပါတယ်။ အဲဒီ​နောက်မှာမှ အိပ်ရာဝင်ကြရပါတယ်။ စစ်တပ်ရဲ့​ ထုံး​စံအရ တ​ယောက်မ​ကောင်း​ အများ​ (One for All ) ဆိုပြီး​ တ​ယောက်​ယောက် အပြစ်​ဖောက်မိ၊​ လုပ်မိရင် တပ်ခွဲတခုလုံး​၊​ တပ်ရင်း​တခုလုံး​ အပြစ်​ပေး​ခံကြရပါတယ်။

စီနီယာ​တွေက​နေ ဂျူနီယာ​တွေကို အပြစ်​ပေး​တာဟာ မြန်မာစစ်တပ်ရဲ့​ သ​ဘောထား​ဖြစ်တဲ့​ ​အောက်လူ ငယ်သား​က​နေ အထက်လူ အရာရှိကို မလှန်နိုင်​အောင် ဦး​ချိုး​ထား​တဲ့​ သ​ဘောဖြစ်တယ်လို့​ အဲဒီသင်တန်း​သား​ တ​ယောက်က ပြန်​ပြောပြပါတယ်။

“အပြစ်​ပေး​ခံရတာနဲပတ်သက်ရင် ကျ​နော်တို့​က အပြစ်​ပေး​ခံရတာ ​တော်​တော်များ​တယ်ဗျ။ စီနီယာ၊​ ဂျူနီယာ သမား​တွေကို​တော့​ ကျ​နော်တို့​ ​လေး​စား​ပါတယ်။ ဒါ​ပေမယ့်​ မလိုအပ်တဲ့​နေရာမှာ သူတို့​အ​နေနဲ့​ အပြစ်တခုရှာပြီး​ အပြစ်​ပေး​တဲ့​အခါကျ​တော့​ ကျ​နော်တို့​လည်း​ လွတ်လွတ်လပ်လပ်​နေချင်တဲ့​ အချိန်မျိုး​မှာ သူတို့​အ​နေနဲ့​ မျက်စိ​ထောင့်​မကျိုး​တာလည်း​ ပါပါတယ်။ ကျ​နော် တခါကြုံဖူး​တယ်။ ကျ​နော့်​အ​မေ လာတုန်း​က ဧည့်​ဆောင်မှာ ဧည့်​သွား​တွေ့​တဲ့​အခါ ကျ​နော်က တိုက်ပုံဝတ်ပြီး​သွား​တယ်။ အဲဒီမှာ ကျ​နော့်​တို့​လက်ကို ၉၀ ဒီဂရီလွှဲရ​တော့​ ကျ​နော့်​လက်ထဲမှာ ​ဂေါ်လီလုံး​ထည့်​ပြီး​တော့​ လက်သီး​ဆုပ်ထား​တယ်။ သူတို့​အ​နေနဲ့​က first year ကျ​တော့​ လက်သီး​ဆုပ်ဖို့​ လိုအပ်တာကို။ အဲ​တော့​ လက်သီး​အမြဲတမ်း​ဆုပ်​အောင် ​ဂေါ်လီလုံး​ ထည့်​ထား​တယ်။ အဲလိုသွား​တုန်း​ ​ဂေါ်လီလုံး​ ဘယ်နား​ပြုတ်ကျသွား​မှန်း​မသိဘူး​။ လမ်း​လယ်​ခေါင်မှာ စီနီယာတ​ယောက်က ​ဂေါ်လီလှမ်း​စစ်​တော့​ ​ဂေါ်လီမပါဘူး​။ အဲ​တော့​ ကျ​နော် ဧည့်​တွေ့​ဆောင်ကို ကျွမ်း​ထိုး​ပြီး​ သွား​ရပါတယ်။ ကျ​နော့်​အ​နေနဲ့​ပြောရမယ်ဆိုရင်​တော့​ စစ်တပ်ရဲ့​ သ​ဘောတရား​အတိုင်း​ပါပဲ။ ​အောက်လူက​နေ အထက်လူကို မလှန်နိုင်​အောင် တခါတည်း​ ဦး​ချိုး​ထား​တဲ့​သ​ဘောပါပဲ။ ”

အဲဒါ​တွေထက်ဆိုး​တဲ့​ အပြစ်​ပေး​နည်း​များ​လည်း​ ရှိပါ​သေး​တယ်။ တ​ကျောင်း​လုံး​ သင်း​တန်း​သား​များ​ရဲ့​ စား​သောက်​ရေး​အတွက် သတ်မှတ်ထား​တဲ့​ စား​ရိပ်သာများ​ဆီကို သက်ဆိုင်ရာ တပ်ခွဲအလိုက် စစ်သီချင်း​ သီဆိုပြီး​ သွား​ရောက်စား​ကြရပါတယ်။ စား​ရိပ်သာကို ချီတက်သွား​ရာလမ်း​မှာလည်း​ အရာရှိ​တွေ၊​ စီနီယာေ

တွက​နေ အပြစ်ရှိတယ်လို့​ မျက်စိထဲ သ​ဘောမကျစရာ​တွေ့​ခဲ့​ရင် ယူဆခဲ့​ရင်လည်း​ အမြန်​ပြေး​သွား​ရတာ၊​ ဖား​ခုန်၊​ ​ရှေ့​နောက် တ​ယောက်ခါး​တ​ယောက် ဖက်ထား​ပြီး​ ခုန်ရတဲ့​ ရထား​စီး​ကဲ့​သို့​မျိုး​သော် အပြစ်​ပေး​တာ​တွေကို လုပ်တဲ့​နည်း​နဲ့​ ထမင်း​စား​ဆောင်မှာ သွား​စား​ရပါတယ်။ တခါတရံ အချိန်မရှိလို့​ဆိုကာ ထမင်း​စား​ချိန်ကို (၅) မိနစ်အတွင်း​ အပြီး​စား​ရပါတယ်။ (၅) မိနစ် ပြည့်​တာနဲ့​ ခရာမှုတ်လိုက်ကာ အမြန်တန်း​စီရပါ​တော့​တယ်။ ​နောက်ကျတတ်သူ​တွေအတွက်​တော့​ မသက်သာ​တော့​ပါ။

တပ်မ​တော်နည်း​ပညာ​ကောလိပ် MTC မှာ စီနီယာ ဂျူနီယာ အပြစ်​ပေး​တာ ကြမ်း​သလို အစား​အ​သောက် ​ကျွေး​မွေး​တာလည်း​ ဆိုး​ရွား​လှပါတယ်။ ​ကျွေး​တဲ့​ထမင်း​ပါင်း​က ညံ့​ဖျင်း​ပြီး​ စား​မ​ကောင်း​ပါ။ စပါး​လုံး​နိုင်း​ချင်း​၊​ သဲတကျိကျိထမင်း​နဲ့​ ပဲပါင်း​ရည်ကျဲ၊​ အညံ့​စား​ ငါး​ပိ​ကြော် ဒါမှမဟုတ်ရင်လည်း​ ငါး​ခြောက်​ကြော် (ကြက်စာ​ကျွေး​တဲ့​အခါမှာသုံး​တဲ့​ ငါး​ခြောက်)၊​ ကြက်ဥပြုတ်တလုံး​ သို့​မဟုတ် အမဲသား​ပါင်း​ ဒါမှမဟုတ် ဝက်သား​ပါင်း​ အတုံး​သေး​သေး​နှစ်တုံး​ တို့​သာ စား​ကြရပါတယ်။ အထက်မှညွှန်ကြား​ထား​သော စားသောက်စာရင်း​ဇယား​တွင် ​နေ့​တိုင်း​ အသား​ပါင်း​ ဒါမှမဟုတ် ငါး​ပါင်း​ တဆယ် ကျပ်သား​၊​ အရည်​သောက်ပါင်း​ရည်နဲ့​ ပါင်း​ကြမ်း​များ​ ပါရှိရပါတယ်။ ဒါ​ပေမယ်လည်း​ စား​ရိပ်သာမှ ဖြစ်သလို ​ကျွေး​မွေး​ကြပြီး​ တပတ်မှ သုံး​ရက်​လောက်သာ အသား​ပါင်း​ (ဝါး​မရသည့်​အရွတ်တုံး​များ​) စား​ကြရပါတယ်။ အစား​အ​သောက် ​ကျွေး​မွေး​တာ ဆိုး​ရွား​တာနဲ့​ပတ်သက်ပြီး​ သူကြုံ​တွေ့​ရပုံကို အခုလို ပြန်​ပြောင်း​ပြောဆိုပါတယ်။

“မနက်ခင်း​ပိုင်း​ ကျ​နော်တို့​ကို လက်ဖက်ရည်နဲ့​ ထမင်း​ကြော်​ကျွေး​တယ်။ ထမင်း​ကြော်က တခါတ​လေ သိုး​နေတယ်။ သိုး​နေတဲ့​ ထမင်း​တွေကို ​ကြော်ထား​တာ။ လက်ဖက်ရည်က​တော့​ စီနီယာ​တွေနဲ့​ ကျ​နော်တို့​ လု​သောက်ရတဲ့​သ​ဘောမျိုး​။ တခါတ​လေ ကိုယ့်​မနက်စာထဲမှာ အသား​ဖတ်တဖတ် ပါလာသလိုပဲ။ လက်ဖက်ရည်ထဲမှာ ယင်​ကောင်​တွေ။ သန့်​ရှင်း​သပ်ရပ်မှု ညံ့​ဖျင်း​တယ်။ ဦး​စီး​ကွပ်ကဲနိုင်မှု မရှိဘူး​။ အဲ​တော့​ အ​ပေါ်ကလူ​တွေက တဆင့်​စား​တယ်။ ​အောက်ကလူ​တွေက တဆင့်​စား​တယ်။ အဲလိုစား​တော့​ ကျ​နော်တို့​ကို ​ပေး​တဲ့​ရိက္ခာနဲ့​ စား​သောက်မှုက ​တော်​တော်ဆိုး​ဝါး​ပါတယ်။ ​နေ့​လယ်ဘက်ဆိုရင် ပဲဟင်း​နဲ့​ ငါး​ခြောက်​ကြော်​ကျွေး​တယ်။ ကျ​နော်တို့​ကျောင်း​မှာ ဝက်မစား​ငါး​ခြောက်လို့​ ​ခေါ်တယ်။ ဝက်ကိုသွား​ကျွေး​တာ​တောင်မှ ဝက်မစား​တဲ့​ ငါး​ခြောက်မျိုး​ပေါ့​။ အဲလိုမျိုး​ နှစ်​ကောင်၊​ သုံး​ကောင် ​ကြော်​ကျွေး​တယ်။ တခါတ​လေ အဲဒီမှာ မုန်ညင်း​ပေါ​တော့​ မုန်ညင်း​ကျွေး​တယ်။ တခါတ​လေး​လည်း​ အမဲသား​ အရွတ်​ပေါ့​ ​ကျွေး​တယ်။ ဝက်စား​ဆိုရင်လည်း​ တတုံး​ကျွေး​တယ်၊​ ဝက်သား​အမျှင်က လူတ​ယောက်ရဲ့​ နှုတ်ခမ်း​မွေး​ထက် သာတယ်။ အဲလိုဟာမျိုး​တွေ ကျ​နော်တို့​ စား​သောက်ခဲ့​ရတယ်။”

စစ်တက္ကသိုလ် D.S.A တပ်မ​တော်နည်း​ပညာတက္ကသိုလ် D.S.T.A. ​ကျောင်း​တွေရဲ့​ အစား​အ​သောက် ​ကျွေး​မွေး​တာဟာ တပ်မ​တော်နည်း​ပညာ​ကောလိပ် MTC ထက် အလွန်​ကောင်း​မွန်တယ်လို့​ သိရပါတယ်။ အဲဒီလိုသိရတဲ့​အတွက် MTC ​ကျောင်း​သား​တွေဟာ သူတို့​ကျောင်း​လည်း​ ဆယ်တန်း​အောင်​ခေါ်တာပဲ။ ငါတို့​လည်း​ ဆယ်

တန်း​အောင်ပဲ ဘာ​ကြောင့်​ တို့​ကျောင်း​မှ ဒီလိုဖြစ်ရတာလဲ။ ဒီလိုအလုပ်ခံရတာလည်း​လို့​ မ​ကျေမနပ် ဖြစ်ကြပါ​တော့​တယ်။ ဒီအချက်ဟာလည်း​ MTC ​ကျောင်း​သား​တွေ မ​ကျေနပ်တဲ့​ အ​ကြောင်း​တချက် ဖြစ်ပါတယ်။

တပ်မ​တော်နည်း​ပညာ​ကောလိပ် MTC ​ကျောင်း​ရဲ့​ ​လေ့​ကျင့်​ရေး​ဟာ အလွန်ပြင်း​ထန်ပါတယ်။ စစ်တက္ကသိုလ် (D.S.A) နဲ့​ တပ်မ​တော်နည်း​ပညာ တက္ကသိုလ် (D.S.T.A) ​တွေထက်ပိုပြီး​ ပြင်း​ထန်ပါတယ်။

ကျောင်း​စတင်တည်​ထောင်ဖွင့်​လှစ်တာ မကြာ​သေး​တဲ့​အတွက် နာမည်​ကောင်း​ရ​အောင် လုပ်တာ ဖြစ်ပါတယ်။ MTC ​ကျောင်း​သား​တွေကလည်း​ လိုတာထက်ပိုပြီး

လေ့​ကျင့်​မှုပြင်း​ထန်တာကို မည်သူကမှ မ​ကျေနပ်ကြပါ။ ပညာသည်အ​နေနဲ့​ တပ်ရင်း​ တပ်ဖွဲ့​တွေမှာ တာဝန်ထမ်း​ခိုင်း​မှာဆိုပြီး​ အခု​တော့​ ​ရှေ့​တန်း​ထွက်ပြီး​ စစ်တိုက်ခိုင်း​မလို့​ အပြင်း​အထန် ​လေ့​ကျင့်​ပေး​နေတယ်လို့​ ​ဝေဖန်​ပြောဆိုလာပါတယ်။

“ကျ​နော်တို့​ မနက် ​လေး​နာခွဲထပြီး​ အ​ပြေး​လေ့​ကျင့်​ရတယ်။ အသည်း​အသန် ရုန်း​ကန်လှုပ်ရှား​ကြရတယ်။ ဒါ​ပေမယ့်​ ကျ​နော်တို့​အ​နေနဲ့​ နား​မလည်နိုင်တာတခုက ကျ​နော်တို့​တ​တွေဟာ အင်ဂျင်နီယာ​ကျောင်း​သား​တွေပါ၊​ စစ်တိုက်မယ့်​သူ​တွေမှ မဟုတ်တာ။ အဲ​တော စစ်တိုက်ရမယ့်​သူ​တွေမဟုတ်ဘူး​လို့​ ကျ​နော်တို့​ ယူဆထား​တယ်။ အဲအတွက် သူတို့​လေ့​ကျင့်​ပေး​တဲ့​ပုံစံက အင်ဂျင်နီယာ​ကျောင်း​သား​တ​ယောက်နဲ့​ ကိုက်ညီမှု မရှိဘူး​။”

တပ်မ​တော်နည်း​ပညာ​ကောလိပ်ရဲ့​ တ​နေ့​တာလှုပ်ရှား​မှု​တွေဟာ အား​ချိန်၊​ နား​ချိန်မရှိ​အောင် ပင်ပန်း​လှပါတယ်။ ​လေ့​ကျင့်​ရေး​ ပြင်း​ထန်လွန်း​တာ၊​ စား​နပ်ရိက္ခာအပြည့်​အဝ မရရှိတာ​တွေဟာ ​ကျောင်း​သား​ထုရဲ့​ ရင်ထဲက မ​ကျေနပ်စိတ် ​တွေကို ပိုကြီး​ထွား​လာ​အောင် လုပ်​ပေး​နေခဲ့​ပါတယ်။ ဒါ​ပေမယ့်​လည်း​ အထက်ကို တင်ပြတာမျိုး​ ဆန္ဒပြ​တောင်း​ဆိုတာမျိုး​ မလုပ်ခဲ့​ပါဘူး​။ စစ်သည်​ကျောင်း​သား​တွေဟာ စိတ်ထဲမှာ မျိုသိပ်ပြီး​ သည်း​ခံ​နေလာခဲ့​ကြပါတယ်။ ဒါ​ပေမယ့်​ သိပ်မကြာခင်မှာပဲ သတင်း​ဆိုး​ကြီး​တခု ထွက်​ပေါ်လာပြီး​ တပ်မ​တော်နည်း​ပညာ​ကောလိပ်ရဲ့​ ​ကျောင်း​တော်သား​တွေရဲ့​ မ​ကျေနပ်မှု​တွေဟာ ​ပေါက်ကွဲလာပါ​တော့​တယ်။ (DVB သတင်းဌာန မှပြန်လည်ဖော်ပြမျှဝေလိုက်ပါသည်.။)

ရေးသားသူ ..မင်းလွင်