18 August 2010

မန္တလေးမြို့တွင်အ၀တ်လျှော်စက်မှတစ်ဆင့် မီးလောင်မှု ဖြစ်ပွား၍ အမျိုးသမီးတစ်ဦး သေဆုံး

အ၀တ်လျှော်စက်မှတစ်ဆင့် ၀ိုင်ယာ ရှော့ဖြစ်ပြီး မီးလောင်မှုတစ်ခု ဩဂုတ် လ ၆ ရက်နေ့ ညနေ ၃ နာရီခွဲက ပြည်ကြီး တံခွန်မြို့နယ် ကျွဲဆည်ကန် ကားကြီး ၀င်းအတွင်းဖြစ်ပွားခဲ့ကြောင်းသိရသည်။

အဆိုပါ မီးလောင်မှုကြောင့် အမျိုး သမီးတစ်ဦး သေဆုံးခဲ့သည်ဟု တရား ၀င်ထုတ်ပြန်ကြေညာထားသည်။

ဖြစ်ပွားပုံမှာ ကျွဲဆည်ကန်ကားကြီးဝင်း အတွင်းရှိ အဆောင်အခန်း အမှတ် (၈) ပြည့်ပြည့် စတိုးဆိုင်တွင် အ၀တ်လျှော် စက်မှ ၀ိုင်ယာ ရှော့ဖြစ်ပြီး မီးလောင်မှု ဖြစ်ပွားခဲ့ရာ ရေချိုးခန်းအတွင်း ရေချိုး နေသည့် အလုပ်သမ မအရုဏ်ဦးမှာ အခန်းထဲ ပိတ်မိပြီး မီးခိုးငွေ့များ ကြောင့် သတိလစ်မေ့မြောသွားခဲ့သည်။

ယင်း အမျိုးသမီးကို မန္တလေး အထွေ ထွေရောဂါကု ဆေးရုံကြီး သို့ ပို့ဆောင် ခဲ့ရာ ၎င်းနေ့ ညနေ ၅ နာရီခွဲတွင် သေ ဆုံးသွားကြောင်း သိရသည်။

မီးလောင်မှုကြောင့် တန်ဖိုးငွေ ကျပ် သုံးသောင်း ကျော်ခန့် ဆုံးရှုံးခဲ့ပြီး မီးလောင်မှုကို ပြည်ကြီး တံခွန်ရဲစခန်း က (ပ)၃၄၁/၂၀၁၀ ဖြင့် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၈၅/၃၀၄(က) အရ ဆိုင်ရှင် ဦးကျော်တင့်အားအမှုဖွင့် အရေးယူထားသည်ဟု မြန်မာတိုင်းမ် ဂျာနယ်တွင်ဖော်ပြ ထားပါသည်.။