18 August 2010

မြန်မာနိုင်ငံတွင် ပထမဦးဆုံး အကြိမ်အဖြစ် အဝေးပြေးကားလက် မှတ်များကိုအွန်လိုင်းမှ ၀ယ်ယူနိုင်တော့ မည်ဖြစ်ကြောင်း သိရ


အောင်မင်္ဂလာအဝေးပြေးကား ၀င်းမှပြေးဆွဲလျက်ရှိသောအဝေးပြေး ကားလိုင်းများနှင့် မြန်မာပြည်အနှံ့ ဘုရားဖူးပို့ဆောင်ရေးလုပ်ငန်းများ၏ အသွားအပြန်ကားလက်မှတ်များကို ပင်ရင်းဂိတ်ဈေးအတိုင်း easyticket. asia website တွင် ယခုလ ၂၀ရက် နေ့မှစ၍ ၀ယ်ယူနိုင်ပြီဖြစ်ကြောင်း သိရသည်။


''Online မှဝယ်ယူလိုသူက Easy Ticket ရဲ့ Prepaid Member ဖြစ်ရန်လိုအပ်ပြီးတော့ ကြိုတင်ငွေ ၆၀၀၀ကျပ်သွင်းဖို့ လိုပါတယ်။ မိမိ သွားလိုတဲ့ခရီးစဉ်နှုန်းထားပေါ်မူတည် ပြီး အနည်းဆုံးလက်မှတ်တစ်စောင်နှုန်း ကြိုတင်ပေးသွင်းထားမှသာ online ကနေတဆင့် ကြိုတင်လက်မှတ်ဝယ် ယူနိုင်မှာဖြစ်ပါတယ်''ဟုအဆိုပါအစီ အစဉ်ကိုဆောင်ရွက်သည့် Easy Ticket ကုမ္ပဏီမှ Chief Operating Officer ဒေါ်မေသူခင်က ပြောသည်ဟု ရန်ကုန်တိုင်းမ် ဂျာနယ်တွင်ဖော်ပြထားပါသည်.။