21 August 2010

ပြည်တွင်းက ဆိုရှယ်နက်ဝါ့ခ် မြန်မာဖေ့စ်ဘုတ်ခ် စတင်ပြုလုပ်

ပြည်တွင်းက ဆိုရှယ်နက်ဝါ့ခ် သုံးသူတွေအတွက် ရည်ရွယ်ထားတဲ့ မြန်မာဖေ့စ်ဘုတ်ခ် www.myanmarfacebook.com ကိုလာမယ့် စတင်ဘာလ ၁ ရက်နေ့မှ စတင်လွှင်တင်မယ်လို့ သိရပါတယ်။ MMFB (မြန်မာဖေ့စ်ဘုတ်ခ်ဆိုက်) အနေနဲ့မြန်မာနိုင်ငံသားတွေ အပန်းဖြေရေးနဲ့အတူ ပြည်ပက ဆိုရှယ်နက်ဝါ့ခ်ကင်း ဆိုက်တစ်ခုဖြစ်တဲ့ face book ဆိုက်ကိုပြည်တွင်းက MMFB နဲ့ အစားထိုးနိုင်ဖို့ ရည်ရွယ်တယ်လို့ဆိုတယ်။ Facebook ဆိုက်ကို ယှဉ်ပြိုင်ကာ မဟုတ်ဘဲ မြန်မာတွေအနေနဲ့ ကိုယ့်နိုင်ငံသားတွေပဲ သီးသန့် ရှိနေနိုင်မယ့် ဆိုက်တစ်ခုဖြစ်လာပြီး အသုံးပြုသူ အသင်းဝင်တွေ အနေနဲ့ MMFB ကိုလူမှုကွန်ရက်အတွက် သာမက စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ဘာသာရေး၊ ရိုးရာယဉ်ကျေးမှုနဲ့ အထွေထွေ ဗဟုသုတတွေရှာမှီး လမ်းညွှန်နိုင်မယ့်နေရာတစ်ခု ဖြစ်အောင် လုပ်ဆောင်သွားဖို့ ရည်ရွယ်တယ်လို့ သိရကြောင်း မော်ဒန်ဂျာနယ်တွင် ဖော်ပြထားပါသည်။