

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဒဂုံမြို့သစ်တောင်ပိုင်း ၁၈ ရပ်ကွက် ကမ္ဘောဇ ၂ လမ်းရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လူမှု အထောက် အကူပြုအဖွဲ့မှ စောင့်ရှောက် ထားသည့် အိတ်ခ်ျအိုင်ဗီရောဂါ ဝေဒနာ သည်များကို ယနေ့ မွန်းလွဲ ၂ နာရီအချိန် သွားရောက် အားပေးစကားပြောကြားခဲ့ပါသည်.။ ဝေဒနာရှင်လူနာ များအား နွေးထွေးစွာဖြင့် လက်လံ နုတ်ဆက်ပြီး ဆေးဝါးများကို တတ်နိုင်သမျှ ကူညီလုပ်ဆောင်ပေးမည်ဟု ပြောကြားခဲ့သည်.။ဝေဒနာ ရှင် များ မှာ သူမကိုယ်တိုင် လာရောက်ပြီး တွေ့ဆုံ မှု ပြုလုပ်ခဲ့သည်ကို အတိုင်း အဆ မရှိအောင်ဝမ်းသာ မိကြပါတယ်လို့လည်းသိရှိရပါသည်.။
ဓာတ်ပုံ..မဇ္ဈိမ