14 November 2010

သောင်းပေါင်းများစွာ သောပြည်သူလူထုကြီးအား လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် စကားပြောကြားနေပါပြီ.။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးရှေ့တွင် လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း ပြောကြားနေပါပြီး အသံ နားထောင်ချင်ပါက http://www.livestation.com/channels/66-democratic-voice-of-burma-burmese နားထောင် နိုင်ပါသည်.။

ပြည်သူလူထုကြီးမှ သူမ အားပြောချင်သော စကားများကို စာဖြင်ရေးသား ပေးပို့ နိုင်ပါသည်ဟုလည်း ပြောနေပါ သည်.။ပြည်သူ အသံ ကို သူမ အရမ်း နားထောင် ချင်ပါသည်ဟု လည်းပြောနေပါသည်.။ပြည်သူ များ သူမ အား ရင်ဖွင့် ပြောဆိုနိုင်ပါသည်ဟု ပြောကြားနေပါသည်။ပြည်သူ လူထု ကြီးကို ညီညီညွတ်ညွတ် နှင့် လိုချင်သော ပန်းတိုင်သို့ ရောက် ရှိအောင် ကြိုးစား သွားရမည် ဖြစ်ကြောင်း ပြောကြား သွားပါသည်ဟု သိရှိရပါသည်.။

ပြည်သူ တွေရဲ့ စကားသံ ကြားမှ သူရှေ့ကို ဆက်လုပ်နိုင်ပါမည်ဟု လည်းပြောကြားနေပါသည်.။ပြည်သူများ စည်းကမ်းရှိကြပါ လို့ ပြောကြားနေပါသည်.။လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြောကြားနေသော မိန့်ခွန်း တချိုပါ.။

ပြည်သူလူထု ကြီးအား မိနစ် (၄၀) ကျော်ကျော်ကြားပြောကြားခဲ့ပါသည်.။သူမ မိန့်ခွန်းပြောကြား အပြီးတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပါတော့မည်ဟု သတင်းရရှိပါသည်.။