







အောင်ပွဲခံသောနေ့
၁၄.၁၁.၂၀၁၀ (တနင်္ဂနွေ) နေ့ နံနက် (၉း၀၀) နာရီအချိန်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) ၏ အောင်ပွဲခံသော နေ့တစ်နေ့ပင် ဖြစ်တော့သည်။ အကြောင်းမှာ ၂၀.၁၁.၂၀၁၀ (စနေ) နေ့တွင် ကျင်းပမည်ဖြစ်သော နာရေးကူညီမှုအသင်း(ရန်ကုန်)၏ စုပေါင်းမဟာဘုံကထိန်ပွဲကို အသင်းသူ/ သားများစုပေါင်း ပါဝင်လှူဒါန်း၍ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ရာ ဒိုးပတ်ဝိုင်းများ၊ ရှမ်းအိုးစည်ဝိုင်းများဖြင့် ၀ဋ်ကြွေးတော်ပြေဆရာတော်ကြီး၏ ကျောင်းတိုက်သို့ ပဒေသာပင်များ သယ်ဆောင် ပို့ဆောင်ကြမည်ဖြစ်သည်။ ထို့အတွက် ၁၄.၁၁.၂၀၁၀ (တနင်္ဂနွေ) နေ့ နံနက် (၉း၀၀) နာရီတွင် “အောင်သိဒ္ဓိ” ရှမ်းအိုးစည် သာသနာပြုအဖွဲ့မှ လာရောက်၍ ရှမ်းအိုးစည်အက၊ ဓါးသိုင်းအက များဖြင့် လာရောက်ကုသိုလ်ယူ ဖျော်ဖြေမှုတစ်ရပ်ကို ကထိန်ပွဲတော်အကြိုအဖြစ် လာရောက်ကပြ ဖျော်ဖြေသွားသည်။ ယင်းသို့ ဖျော်ဖြေရာတွင် အောင်ပွဲခံ ရှမ်းတီးလုံးများဖြင့် တက်ကြွ မြိုင်ဆိုင်စွာ ကပြခဲ့သည်။
ပေးပို့ ပေးသော ကိုကျော်သူ အား ကျေးဇူး တင်ရှိပါသည်.။
ပေးပို့ ပေးသော ကိုကျော်သူ အား ကျေးဇူး တင်ရှိပါသည်.။