16 November 2010

ပြည်တွင်းတွင် Facebook Virus အသစ်ပျံ့နှံ့

နာမည်ကျော် လူမှုရေးကွန်ရက် Website Facebook ပေါ်တွင် Imagine that ဟု အမည်ရသော Facebook Application အယောင်ဆောင်ထားသည့် Virus တစ်မျိုးနိုဝင်ဘာလ ၇ ရက်နေ့ညမှ စတင်ကာပျံ့နှံ့ အနှောင့်အယှက် ပေးလျက် ရှိကြောင်း အဆိုပါ Virus ကူးစက် နှောင့်ယှက်ခံရသော ပြည်တွင်း Facebook Account ပိုင်ရှင်အချို့ထံမှ သိရသည်။ အဆိုပါ Virus သည် သုံးစွဲသူ တစ်ယောက်ထံသို့ မိတ်ဆွေသူငယ်ချင်း များ၏ Comment များမှ တစ်ဆင့် ဝင်ရောက်ခြင်းဖြစ်ပြီး အဆိုပါ Comment များတွင်ပါဝင်သော http://apps.facebook.com /imaginedat ဆိုသည့် Link ကို ကလစ်နှိပ်၍ လက်ခံလိုက်မိပါက ကူးစက်ခံရမည် ဖြစ်ကြောင်း အဆိုပါ နည်းလမ်းဖြင့် ကူးစက်ခံခဲ့ရသော Facebook Account ပိုင်ရှင် ပြည်တွင်း သတင်းထောက် တစ်ဦးက ပြောပြသည်။

Imagine That Virus Application ကူးစက်ခံရပါက သုံးစွဲသူ၏ မိတ်ဆွေ သူငယ်ချင်းများ ရေးသားသော Wall Post များတွင် That App is Interesting:D, Thumbs up!!:D, Nice one dude စသည်ဖြင့် Account ပိုင်ရှင်ပင် မသိလိုက်ဘဲ အလိုအလျှောက်Comment များဝင်ရောက် ရေးသားကာ ဆက်လက်ပျံ့နှံ့သွားသည်ကို တွေ့ရကြောင်း The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။