15 November 2010

ယနေ့ တွင် လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးသို့ ပုံမှန်အတိုင်း တက်ရောက်

မနက်ပိုင်းတွင် လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးသို့ ပုံမှန်အတိုင်း တက် ရောက်နေပါသည်ဟု သတင်းရရှိသည်.။

ယခုတွင် နိုင်ငံခြား သံတမန် များနှင့် တွေ့ဆုံ နေပါသည်.။ယနေ့တွင် အင်တာနက် ကိုလည်းစတင် အသုံးပြုတော့မည်ဟု သိရှိရသည်.။

သံတမန် များနှင့် တွေဆုံပြီးလျှင် ပြည်သူလူထုကြီး အား မိန့်ခွန်းပြောကြားပါမည်ဟုလည်း သတင်းရရှိထားသောလည်း ပြည်သူလူထုကြီးနှင့် မိန့်ခွန်းပြောကြားခြင်း ကို မပြုလုပ် နိုင်ခဲ့ပါ.။

ယနေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အားဖျက်သိမ်းခြင်းနှင့် ပါတ်သက်၍ ဗဟိုဥပဒေအထောက်အကူပြုအဖွဲ့နှင့် တွေ့ဆုံ ဆွေးနွေးမှု ပြလုပ် နေကြောင်း သိရှိရသည်.။ထိုအမှု ရုံးချိန်း ချမှတ် ထားသည့် နေ့မှာ နိုဝင်ဘာလ (၁၈) ရက်နေ့ဟု သိရှိရသည်.။

သူမသည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရုံး ခန်းပိုင်ရှင်များနှင့်လည်း အဖွဲ့ချုပ် ရုံးတွင် ယနေ့ တွေ့ဆုံ နုတ်ဆက် စကားပြောကြားခဲ့သည်ဟုသိရှိရသည်.။

ယနေ့ ညနေတွင် ပြည်နယ် နှင့် တိုင်း အဖွဲ့ချုပ် ခေါင်းဆောင် များနှင့် တွေ့ဆုံ နုတ်ဆက် စကားပြောကြားမည်ဟု သိရသည်.။

မနက်ဖြန် မနက်ပိုင်း တွင် သူမ၏ မွေးနေ့ အင်္ဂါနေ့ ဖြစ်သောကြောင့် ရွှေတိဂုံ ဘုရားသို့ သွားရောက် ဖူးမြော် မည်ဟု သတင်းရရှိသည်.။

မြတ်လေးငုံ..