20 November 2010

ယနေ့ တွင် တသီးပုဂ္ဂလ အမတ် များနှင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံ

ယနေ့ တွင် တသီးပုဂ္ဂလ အမတ် (၁၂)ဦး ဖြစ်ကြသော ဒေါက်တာဖုန်းဝင်း၊ ဒေါ်ယူဇာမော်ထွန်း၊ ဦးတင်ဆန်း၊ ဦးစန်းမြင့်၊ ဦးသိန်းတင်၊ ဦးမိုးထွန်း၊ ဦးရန်ကျော်၊ ဦးဝင်းချို၊ ဦးလှရှိန်၊ ဦးဝင်းကိုကိုဝင်း၊ ဦးသန့်ဇော်ဦး၊ ရှေ့နေ ဦးလှမျိုးမြင့်၊ တို့ နှင့် ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးဝင်းတင်၊ မဖြူဖြူသင်းအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးတွင် တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်.။

အဖွဲ့ချုပ်နှင့် ရွေးကောက်ပွဲရှုံးနိမ့်ခဲ့သည့် တသီးပုဂ္ဂလ အမတ်များအကြား ကွန်ယက်တခု ထူထောင်ရန် HIV/ AIDS ပိုးရှိသူများ ကူညီစောင့်ရှောက်ခြင်းဖြင့် စတင်မည်ဟု ယနေ့တွင်သဘောတူခဲ့ကြသည်ဟုသတင်းရရှိ ပါသည်။